Wednesday 13 August 2014

မီးစိမ်း

မီး
အခန်းတံခါးပွင့်သွားတော့ လောင်လက်စအရိပ်တွေက လက်ပြတယ်။
တစ်ယောက်ဟာ ကြမ်းပြင်ပေါ်မှာ နံရံတွေကို သူမသိဘူး။
သင်ယူမှုက နှာခေါင်းမှာပိုက်တန်းလန်းနဲ့ ဦးနှောက်မှာ လင်းစွဲလိုခိုနေတဲ့ အဖြူ။
အငွေ့တွေထဲ အလင်းကိုထပ်ရောထည့် အမှောင်ကိုသင်းသတ်ဖို့ အလှုပ်တွေလာပြီ။

မဆက်စပ်နဲ့ မတွေးခေါ်နဲ့ ခေတ်ကြီးက လိင်ကင်ဆာနဲ့ လူကင်ဆာနဲ့ အသားပဲ ဘာဖြစ်လဲ ရွှေမှုန်ရတီ တစ်ဆယ်သားပေးပါ

လေထုညစ်ညမ်းမှုကစတာ မဟုတ်ဘူး လူထုညစ်ညမ်းမှုကစတာ တစ်ချက်ခြစ်တစ်ချက်တောက် ခြစ်လိုက်တိုင်း
ထထတောက်နေတဲ့ ခြစ်ခြစ်တောက်ဘဝတွေ ကျွပ်ဆတ်ဆတ်ကျက်သရေနဲ့ အမင်္ဂလာတောင်ခြေမှာ ဝေဒနာကို
အရစ်ကျထိုးစိုက်လို့် ပါဖေါမန့်စ်အသစ်တစ်ခုနဲ့ ချေတောက်သလို ခြောက်ကပ်ကပ် အာခေါင်ခြစ်အော်နေတယ်
အေကိုက်ထားသလို အိုက်စပ်စပ်အိုက်တင်နဲ့ ဘဝဟာမွေးရာပါ အင်တုန်းကြီး အထုခံထားရ အင်ရုပ်အင်နာမ်နဲ

'က'ကြီးက 'ဗျာ' လို့ထူးတော့ ထုံးစံအတိုင်း ကမ္ဘာကြီးက အထစ်ထစ် အငေါ့ငေါ့

 
စွပ် စွပ် စွပ် စိတ်ဖျားမှာ လှံသွားကိုစွပ် အချွန်က အတတ်ကို အကြံနဲ့ မ ချွန်းမအုပ်နိုင်တဲ့ ဆင်တွေ ဝလုံးခေါင်းထဲ လသာ ထမင်းတစ်နပ် စားပြီးတိုင်းအသက်တစ်နပ် ရှည်ထွက်လာတယ်တွေး တွေးရင်း ပြေးရင်း ရေပြင်ညီမျဉ်းတွေတွန့်လွယ် ခေါက်လွယ် လူ့ဦးနှောက်မှာ အိုင်ဆိုဒိုဇင်း(Isodoxine)တွေ ခမ်းခြောက်စပြုလာပြီ ဒို့ အ လို့ ရေးမိတဲ့သမိုင်း ရိုင်းချင်လည်း ရိုင်းမယ် ခိုင်းနွား...တစ်ကောင်လို ဒို့အရေး ဒို့အရေး အရေးကအသားကို ဘာဘာညာညာ လုပ်တော့ ဘာသားနဲ့ထုထားတဲ့ ဘာသာဟာ

ပန်းစိုက်ခြင်း အနုပညာ/ လူတစ်ကောင်ရဲ့အထူးပြုလုပ်ချက်/ အပေါစား အပ်ဖျားပေါ်က ခေတ်ကြွင်းခေတ်ကျန် ဗိုင်းရပ်စ်များ

 
ဘဝကို လမ်းပေါ်ပစ်ချ ပြီး နှစ်မိုင်သာသာလောက်အဝေး နှစ်ဖာလုံရှစ်ကြိမ် စကေးနဲ့ဆွဲ
ဆန့်ထုတ် တမဂ် တဖိုလ် ဆီ ငေး အပြန်ပြန် အလှန်လှန် ငေး
ငေးနေမိတဲ့စိတ် အနေရဲ့အထား ပြောပုံရဲ့ ဆိုပေါက် သီအိုရီကြား ညှပ်နေတဲ့ အသားဖတ်
တစ်ကြောင်းဆီ သွန်ချလိုက် ကဗျာ ဘယ်ရောက်သွားလဲ ဘယ်ပုံစံခွက်ထဲ ရောက်သွား
လဲကျ ဘာသာစကားမှာ နံရိုးတစ်ချောင်း ပိုနေတဲ့ နံရိုးတစ်ချောင်းနဲ့
ခူး/ခပ် ကျွေးမယ် အလွန်တရာမိုက်မဲမှု တစ်ခု နှစ်ခု သုံးခု etc......

ဘဒ္ဒကမ္ဘာပေါ်မှာ အရှင်လတ်လတ် မီးပွင့်နေတဲ့ ကျောက်တွေ

 
အဲ့ဒီနား ရွှဲရွှဲ စိုနေတာ
ချွေးတွေလား/ရေတွေလား/သွေးတွေလား/သုတ်ပိုးတွေလား
ဖလန်းဖလန်း ထနေသော ခြေထောက်များ
ဂိတ်စဂုတ် တောင်ခြေကို စာလုံးအမှန် ပေါင်းပြပါ
အဘိဓာန်ထဲမှာ မရှိတဲ့ အနက်နဲ့ ဘဝက အဓိပ္ပာယ် တစ်မျိုးထွက်နေတာ
ပြုံးလက်စ ပြက်လုံးများ တစ်ပင်ချင်း လွဲနေသော ကြိုးများ
တစ်ရစ်ချင်း နွယ်နေသော လိင်များ

အသူရကာယ် တေးသွား

အပွေးမမြင်ပေမယ့် အပင်ကိုတန်းသိလိုက်တယ် ခင်ဗျားလည်းဆိုးဆေးမိထားတဲ့
အခွင့်အရေးပန်းတစ်ပွင့်ပဲ အပမှီနေတဲ့မျက်လုံးနဲ့ မြင်မြင်ရာကို အကြည့်တွေနဲ့ထိုးခွဲ
ယဉ်ကျေးမှုငရဲတံခါးဟာ ဒီဘဝ ဒီနေရာမှာတင် လှလှလေးပွင့်နေတယ်
ဘဝအပေါ်ကြွေကျနေတဲ့ ဖရုသဝါစာတွေ စံဖို့ခံနေရတာလား ခံဖို့စံနေရတာလား
ပါးစပ်ထဲရောက်လာတဲ့ ထမင်းလုတ်တွေမှာ အကြည့်တွေခလုတ်တိုက်နေတဲ့
ပေါင်တန်ဖြူဖြူညနေခင်းတွေမှာ လိင်စိတ်ကြွနေတဲ့ ကဗျာတွေမှာ

Zရုပ် ဆက်ထားတဲ့အရုပ် စက်ရုပ်

မင်းပါးစပ်ထဲက ဘာသာစကားဟာ မင်းစိတ်ရဲ့ ယဉ်ကျေးမှုပဲ
ဒဿနတွေနဲ့ အပစ်ပေါက်ခံရလို့ နောက်သီအိုရီတစ်မျိုးနဲ့ ထပ်ပွင့်ပြတာလား
ကိုယ့်စံတော်ချိန် ကိုယ်မေ့နေတဲ့ နာရီလို အရပ်နဲ့မျက်နှာက လွဲနေတဲ့ရင်
ခွင်နေတဲ့ ဘီး အမဲဆီခြောက်နေတဲ့ချိန်းလို လူနဲ့ခေတ်ဟာ ဂျမ်းတွေဖြစ်လိုဖြစ်
အဆီယစ်နေတဲ့ ရုပ် နာမ် နှစ်ပါးရဲ့ သွေးထိုးမှုမှာ လူ့အဖြစ်ဟာ ကျည်အနေတဲ့

အိပ်မက်မြစ်များ

အရိပ်တွေကို ရပ်တန့်ပစ်လိုက် အဆိပ်တွေခြွေချနေတဲ့ လောကသစ်ပင်
ဒုက္ခမြေထဲကျွံဝင်နေတဲ့ မနုဿသစ်သီးတွေ
လျှပ်ပေါ်ဖို့ လော်လီဖို့ သန္ဓေကိုပျိုးခဲ့ကြတာလား
ခန္ဓာနဲ့ခန္ဓာကြား ဟနေတဲ့တံခါးမှာ စိတ်ရဲ့စေတသိတ်ဟာ မလွယ်ပေါက်
နူးညံ့တဲ့လက်အစုံနဲ့ ခြေဖျားလေးထောက်လို့ ဖွဖွလေးဝင်ခဲ့ပါ
ဆယ်ကျော်သက်မျက်နှာပေါ်က ဆယ်ကျော်သက်အိပ်မက်
ညဟာဖျောက်ဆိပ်ကြယ်တွေနဲ့ ပင်လယ်ဆီခရီးဆက်နေတယ်