Wednesday 13 August 2014

ပန်းစိုက်ခြင်း အနုပညာ/ လူတစ်ကောင်ရဲ့အထူးပြုလုပ်ချက်/ အပေါစား အပ်ဖျားပေါ်က ခေတ်ကြွင်းခေတ်ကျန် ဗိုင်းရပ်စ်များ

 
ဘဝကို လမ်းပေါ်ပစ်ချ ပြီး နှစ်မိုင်သာသာလောက်အဝေး နှစ်ဖာလုံရှစ်ကြိမ် စကေးနဲ့ဆွဲ
ဆန့်ထုတ် တမဂ် တဖိုလ် ဆီ ငေး အပြန်ပြန် အလှန်လှန် ငေး
ငေးနေမိတဲ့စိတ် အနေရဲ့အထား ပြောပုံရဲ့ ဆိုပေါက် သီအိုရီကြား ညှပ်နေတဲ့ အသားဖတ်
တစ်ကြောင်းဆီ သွန်ချလိုက် ကဗျာ ဘယ်ရောက်သွားလဲ ဘယ်ပုံစံခွက်ထဲ ရောက်သွား
လဲကျ ဘာသာစကားမှာ နံရိုးတစ်ချောင်း ပိုနေတဲ့ နံရိုးတစ်ချောင်းနဲ့
ခူး/ခပ် ကျွေးမယ် အလွန်တရာမိုက်မဲမှု တစ်ခု နှစ်ခု သုံးခု etc......
ဆန္ဒကိုစောဒကတက်ကြ (သို့)မဖြစ်စေနဲ့ အရှင်လတ်လတ် အမွေးနုတ် ခံထားရ နေ့တွေ/ငှက်တွေ
နေ့တွေ/ငှက်တွေ တည်ဆောက်ပုံက ကောင်းကင်နဲ့ အတိုက်ခံထားရတဲ့ တိမ်
သွေးလွန်နေခြင်း သားဖွားခန်းထဲ စိတ်၏ အလုပ်လုပ်ပုံ အဆင့်ဆင့်
ရိုက်ထား မသေခင် ချာအောင်ရိုက်ထား ဓာတ်မှန် တစ်ခု တစ်ကောင် တစ်ယောက်
နာမ်လား နာမ်၏အစားကို သုံးမလား မေတ္တာတရားကို ရှာပါ DNA ကိုရှာပါ
ခေတ်စားနေတဲ့ လျှောက်လွှာ ခေတ်က ကစားလို့ မေတ္တာတရားဟာ အပြားလိုက်ကြီး ခေတ်ကိုစား
ချိတ် အတွေးကို ချိတ် ကြယ်တွေနဲ့ ချိတ် တစက်စက်ကျနေတဲ့ ခွက်ထဲ အနုတစ်ပွင့် ပညာတစ်ပွင့်
လင့်(Link)ပေးမယ် ပျောက်ကျားအင်္ကျီနဲ့ လူငယ်တစ်ယောက် အုန်းတုန်းကြီးထမ်းပြီး မြို့ ထဲ ဝင်သွား
လူတွေဝိုင်းဟောင်/ခွေးတွေဝိုင်းဟောင် ပါဖောမန့်စ် အန္ဓတွေ အ တယ် အဲဒါ ပါဖောမန့်စ်
ပြတင်းတံခါးကနှင်းတွေကိုပဲ ဆောင်းဥတုလို့ မြင်နေကြ စိတ်တွေကို နွားနို့နဲ့ဆေး
အကြောမကြီးနဲ့ ပင်စည်က ဖြာထွက်လာတဲ့အကိုင်း ရယ်ပါ တရားသဖြင့် ရေးပါ တရားသဖြင့်
သဏ္ဍာန် အလုပ်ခံရတဲ့ သရုပ် မျက်ကြောတွေ နီလာတဲ့ မြို့တော် စိတ်ရဲ့အထားအသိုကမှားနေတာ
တစ်ခုခုဆို ထုခြေလွှာ ဆန်ထုတ် ဆန့်ထုတ် ကန်ထုတ် ကန်မှ ကံက တက်တာ မိသားစု
အဆင်၏မပြေခြင်းများ အဆင်း မန္တလေးက ရန်ကုန်ကို ခြေ မထိုးဘူး ရထား
အတွေးတွေ လမ်းမချော်နဲ့ ရပ်ထား ရပ်ရင်း ရုန်းရင်း ရင်နဲ့လှုပ်မှ ကြွေ မယ့် အထာတွေ
ပြတ်ရွေ့ကြီးထဲ ပိုပေါ့ပ် /စက္ကန့်ခြောက်ရာ နပိုလီယံ/အိုက်ခ်မန်းရဲ့ ငရဲခန်း အမည်မသိ မျက်ရည်တွေ တွေတွေကြီး
အနှီးထုပ်ထဲက လိပ်ပြာ မြောင်းကြိုမြောင်းကြားက တမန်တော် ဖောနေတဲ့ ဒဿန
သမိုင်းဟာ ပလိုင်းထဲ ထစ်ချင်သလိုထစ် အပိုင်းပိုင်း ချိုးလို့ မရတဲ့ရေ ခြွေလို့မရတဲ့ အချိုး
ဆုပ်ထားတဲ့ လက်တွေကို ဖြန့်ပါ ဆင်ထားတဲ့ငြမ်းတွေကို ဖျတ်ပါ
ဓမ္မက အဓမ္မကို တရားသဖြင့် မုဒိမ်းကျင့်နေပြီ နားရှက်သူများ နားကိုသာ နားနားပြီး ပိတ်ထား

ရဲရင့်လမင်း

No comments:

Post a Comment