Wednesday 13 August 2014

'က'ကြီးက 'ဗျာ' လို့ထူးတော့ ထုံးစံအတိုင်း ကမ္ဘာကြီးက အထစ်ထစ် အငေါ့ငေါ့

 
စွပ် စွပ် စွပ် စိတ်ဖျားမှာ လှံသွားကိုစွပ် အချွန်က အတတ်ကို အကြံနဲ့ မ ချွန်းမအုပ်နိုင်တဲ့ ဆင်တွေ ဝလုံးခေါင်းထဲ လသာ ထမင်းတစ်နပ် စားပြီးတိုင်းအသက်တစ်နပ် ရှည်ထွက်လာတယ်တွေး တွေးရင်း ပြေးရင်း ရေပြင်ညီမျဉ်းတွေတွန့်လွယ် ခေါက်လွယ် လူ့ဦးနှောက်မှာ အိုင်ဆိုဒိုဇင်း(Isodoxine)တွေ ခမ်းခြောက်စပြုလာပြီ ဒို့ အ လို့ ရေးမိတဲ့သမိုင်း ရိုင်းချင်လည်း ရိုင်းမယ် ခိုင်းနွား...တစ်ကောင်လို ဒို့အရေး ဒို့အရေး အရေးကအသားကို ဘာဘာညာညာ လုပ်တော့ ဘာသားနဲ့ထုထားတဲ့ ဘာသာဟာ ဘာစကားတွေ သာသာယာယာ ထွက်ကျလာ ထွက်လာ ကျလာတာက အီဆွတ်ပုံပြင်တွေ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတွေသွေးသံတရဲရဲ တစ်ထောင့်တစ်ညတွေ အရေးပေါ်အခန်းထဲမှာတော့ လူနာတွေမျက်ဖြူဆိုက်နေပြီမျက်ရည်နဲ့တပ်ဆင်ထားတဲ့မြစ်ဟာ မြင်မြင်ရာအက်ကြောင်းတွေထဲ ကောက်၍ ကောက်ရွေ့ ကွေ့စွာဘာကြောင့် ဒီဘက်ခေတ်နုတ်စ်တွေက ဒီမီဒီယာနဲ့မှ အသံပိုထွက်တာလဲ ကပ်ထားတဲ့ စတေကာ ဆွဲခွါပစ်လိုက်ရင် အမြှုပ်ထနေတဲ့ မျက်နှာတွေက မီးထတောက်တော့မလို ကီးကြောင်နေတဲ့ ကီးဘုတ်သူရဲကောင်းများ ဆင်ခြောက်ကောင် ဖိနပ်စီးပြီး အရပ်ဆယ်မျက်နှာ ကီးချော်အောင်လုပ်ကြ တဖြုတ်ဖြုတ်နဲ့ဟိုက်သွား ဟသွား အသက်ဇီဝတွေ ကလစ်တစ်ချက်မှာ နာကျင်မှုပုံစံအသစ်နဲ့ ချောင်းလို မြောင်းလို ကောသွားကြ ဘာပြောချင်နေတာလဲ ဘင်တီးချင်နေတာလား ဗုံးဟာ ဖုန်တက်လည်း ဗုံးနံ့ပဲ ထွက်မယ်သရဲသကြားလုံးစားသလို မျက်နှာ ဟီရိုရှီးမား နာကာဆာကီ နှစ်ဆယ့် တစ်ရာစုသားတွေရဲ့ အသံကြောင်နေတဲ့ဆည်းလည်း E=mc2 ရဲ့မျက်ကြည်လွှာကို ဘာသာဗေဒ အမှားတွေနဲ့ ထိုးကြ ဖောက်ကြ ဆင်ဝှေ့ရန်ရှောင် ရိပ်ဖမ်းသံဖမ်း သူ့အသံ ကိုယ်စမ်းရင်း ဒုံးလက်နက်တွေ တိုးချဲ့/တပ်ဆင် ပေါင်မုန့်/ဆန်တွေ ရှားပါးလာပြီဒီတခါ အငတ်ဘေးဆိုက်တာလည်း ဘုရားရိုက်တာပဲလား မေးကြောတွေထောင်ထနေတဲ့ ဆင်းရဲသားရပ်ကွက်တွေ ညညဆို မြို့ဝေးကြယ်စု တွေအဖြစ် စုန်းတောက်လို့ကောင်းတုန်း အသိခေါက်ခက် နက်လိုက်တဲ့အဝင် နင်လိုက်တဲ့ အတွေး တပ်ထားတဲ့ခေါင်းစဉ်နဲ့ တက်နေတဲ့လှေခါး တရုတ်ဓားတွေလမ်းသလားနေခြင်း ဥပမာ ခွက်ထဲထည့်ခလောက်ထားတဲ့ ကြက်ဥလို ဂလိုဘယ် ခေတ်ထဲက လူသားခြင်းစာနာမှုဟာ ပျစ်ချွဲချွဲ ပျစ်ချွဲချွဲနဲ့ ဖြဲခြောက်ခံရတော့ အခြေ က အနေ ကို အခြေအနေအရအော်ဆဲသွား တံခါးမှာ ချိတ်ထားတဲ့ အမှားပြင်ဆင်ချက် ကန်းတာက အဆန်းမဟုတ်ဘူး အခုက ကန်းပြီးရမ်းတာ ကမ်းပြီးရမ်းတာ အခုကဆိုတော့ နောင်လည်း သေချင်းဆိုးနဲ့ သေဖို့ ဖုတ်သွင်းရထားမှာသိပ္ပံလက်နက်တွေ တင်ဆောင်ကြ သေပုံသေနည်း သီအိုရီ အသစ်တွေရေးကြ ဆွဲကြ တဗိုင်းဗိုင်းနဲ့ ကိုက်နေတဲ့ ဗိုင်းရပ်စ်တွေကြားထဲ အသက်ရှုသံတွေပုံသေနည်းဆန်လာပြီ ဘုရားသခင်လည်း သူ့ကိုယ်သူBucket List ထဲထည့်ပြီး သေနတ်ပစ် လေ့ကျင့်နေပြီ ဆိုပဲ ဆို ခဲ စေ မြဲ စေ ဘာ ရ ရ သာချင်နေတဲ့ အရသာပူလည်းပူတဲ့အလျောက် မလွှတ်ချရက် လောလောဆယ် အရည်ပျော်နေတဲ့ လက်တွေ ငုံ့ကြည့်တော့ အငွေ့ပျံနေတဲ့ စိတ်တွေ ...


                                                                                                            ရဲရင့်လမင်း

No comments:

Post a Comment