Sunday 27 November 2016

‘Eccentric’


‘The Arctic Circle’ အာတိတ်စက်ဝိုင်းကိုသွားကြမယ် ဘယ်သူလိုက်မလဲ

တစ်လှေထဲစီးကြတာပေါ့ တစ်ခရီးထဲသွားကြတာပေါ့

သရုပ်မှန်လွန်ခေတ်ကြီးထဲ ကဗျာတွေကိုရေးမိတယ်

ဒီကဗျာကို ‘Hybrid’ မျက်လုံးတွေနဲ့ ဖတ်ပါ


ဒီဓာတ်ပုံအတွက် Like ဘယ်နှစ်ရာမှန်းထားပါသလဲ။ခေတ်ကြီးက

မျက်နှာလို မျက်နှာရ Comment တွေနဲ့ ဘဝင်ကိုင်လွန်းတယ်။

ဘိုးတော်ဘုရားလည်း လေးဖက်ထောက်တာကြာလို့ မတ်တပ်ကြီးထရပ်။

Saturday 26 November 2016

ရက်ပါတစ်ယောက်ရဲ့ပါးစပ်က ဆလန်းအကျိုးအကြေတွေ


ဒုက္ခရဲ့အဆင့်အတန်းကို ခင်ဗျားသိလား ဒုက္ခဟာဒုက္ခရောက်နေသူတွေကို ဒုက္ခပိုပေးတယ်
ဒုက္ခဟာ အမှန်တရားကိုဝတ်ဆင်ပြီး လမ်းပေါ်ကိုထွက်လာတဲ့ တီရှပ်တွေ
ဒုက္ခဟာ ဒုက္ခကို ခိုစီးပြီး လှေခါးပေါ်ကိုတက်သွားတဲ့ ခြေထောက်တွေ
ဒုက္ခဟာ ကွာလာလမ်ပူမြို့ကောင်းကင်ပေါ်က အာနာပါန အထာနဲ့ Silent Killer
ဒုက္ခဟာ Face Mask နဲ့ သူ့ကိုယ်သူ ရုပ်ဖျက်ထားတယ် အတုတွေပေါတဲ့ခေတ်မှာ

စကြဝဠာအတုထဲမှာ ရွေ့နေတဲ့ကြယ်တွေ


Profile အတုထဲမှာ စုတ်နေတဲ့ ရွက်တွေ၊လိမ်နေတဲ့ကြိုးတွေ။
ခင်ဗျားဟာ ဝမ်းတွင်းစုန်း ပဲလို့ပြောတော့ ကျုပ်မျက်လုံးတွေ ပြာသွားတယ်။
လှေနံရံမှာ တစ္ဆေတစ်ကောင်ပြေးလွှား။ပွင့်နေတဲ့မျက်လုံးကို ဖယောင်းသုတ်ပြီး
ဆွဲပိတ်ပစ်လိုက်တယ်။လူနဲ့ခေတ်ဟာ အခုထိလမိုင်းမကပ်သေးဘူး။
ခင်ဗျား တွေးရင်တွေးသလောက် ကျုပ်ဂေါက်ပေးလိုက်မယ်။

Irony မမြောက်တဲ့အရေးအသားတွေနဲ့ ငါ ဟာ ငါ့ ဘဝ ရဲ့ DJ


တစ်ပွင့်ဟာ တစ်ပင်လုံးကိုမွှေးကြောင်း information ကောင်းပါစေ။
အိုင်တီခေတ်ရဲ့ပန်းတိုင် *အဝါရောင်ကိုက်ခဲမှု တွေ များလာတယ်။
သမုဒ္ဒရာ ဝမ်းတစ်ထွာထဲ ကန်စွန်းခင်းလည်း ငြိခဲ့ပြီ အမေ။
မုဆိုးပဲရွှေအိုးထမ်းလာမလား။ ခန္ဓာပျက်ကိန်းပဲပြေးကြုံလိုက်ရမလား။
တစ်သျှူးယဉ်ကျေးမှုထဲမှာ ဘာသာစကား သရဲအခြောက်ခံရတဲ့ မြို့။

လရောင်ဟာ အဆင့်ခုနှစ်ဆင့်နဲ့ ဘဝအပေါ်လွင့်ကျနေတယ်


လရောင်(၁) 10:45 pm

  အရောင်အားဖြင့်တိတ်ဆိတ်နေတယ်။တိတ်ဆိတ်မှုက ငြိမ်သက်မျက်လုံးတွေဆီ အသံတိတ်ကူးစက်
လာခဲ့တယ်။အာရုံထဲ တစ်နေ့တာပုပ်သိုးခဲ့သမျှ ညဟာ အနံ့ထွက်လာပြီ။ဒါအမှောင်ရနံ့စစ်စစ်တွေပဲ။
နိစ္စဓူဝပေးဆပ်ခဲ့သမျှအားအင်ဟာ ဗီတာမင်ချို့တဲ့နေတဲ့ ထမင်းလုတ်တွေဆီ ဆောက်တည်ရာမဲ့ပြေး
ဝင်သွားကြတယ်။အိုဇုန်းလွှာအပေါက်အပြဲကြီးအောက်မှာ တစ်နေ့တာ တွန့်လိမ်ခဲ့သမျှဟာ အရည်ကျဲကျဲ
ညတစ်ညထဲ စိတ်တိုင်းမကျတဲ့ကြယ်တွေနဲ့ ချည်မျှင်ဆန်တဲ့အလင်းတွေကို ယဉ်ကျေးမှု အသစ်တွေအဖြစ်
ရွပ်ရွပ်ချွံချွံ ချဲ့ထွင်နေမိရဲ့။

သက်ရှိသက်မဲ့ လက်ရှိလက်မဲ့ ဒြပ်ရှိဒြပ်မဲ့ ဇာတ်ရှိဇာတ်မဲ့



အောက်ဆီဂျင်မဝတဲ့ လူတွေကို စကားလုံးသစ်ရွက်တွေပဲပေးနိုင်တယ်။
လူ့မှုဝန်းကျင်ရဲ့ ဟန်ဆောင်မှုတွေက အခုအခံတွေနဲ့ ရင်သား
ခံစားချက်ပျားအုံကြီးနောက်က ခေတ်ရဲ့နောက်မြီးဆွဲ ပြသနာတွေဓါးခုတ်ရာထဲကို
ဖျားနာနေတဲ့လျှာတွေကို ထိုးထည့်ပစ်လိုက်တော့မယ်။
ခိုင်အောင် ခွင်(ဂွင်)ရိုက်ပြီး ခုတ်မယ် ထစ်မယ် ပါးပါးလှီးကြည့်လိုက်မယ်ပေါ့။

အံစာတုံးတစ်တုံး၏မျက်နှာပြင်တစ်ဖက်မှာ


သူဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးကို ခင်ဗျားဘယ်စိတ်တိုင်းကျမလဲ။အချိုတစ်ခင်းစာ လူသားဆန်မှု၊
အမြင်ဆိုင်ရာပခြုပ်ထဲမှာပုဒ်မအကြီးကြီးတွေပိုးကျနေတယ်။ ငါ့ကိုယ်ငါတွန်းလှဲ  ငါ့ကိုယ်ငါ ထူမတ်၊ အနု
ပညာပေါတဲ့အရပ်မှာ အတုပညာတွေလည်းပေါတယ်။ထပ်ပြောရင်ထပ်နာတယ်ဟောဒီရင်ဘတ်က  နှလုံး
အူသံတွေကို ကြားရမယ်။ကြယ်ရောင်တောက်ပေမယ့် အကြောက်တရားက အခုထိနေရာမယွင်းချင်သေး

မာရီဂျူးနားမြစ်ထဲမှာ ကဗျာဟာ တစ်ခါတစ်ရံ


အကြည်ဓာတ်ကလေးလဲ့နေတဲ့ ကဗျာက ပါးပျဉ်း ထောင်နေတဲ့
အယူအဆတွေကို ဟော့ဒီလက်ခလယ်ထဲ ထည့်သိမ်းထားတယ်။

ဂန္ထ၀င်+ကဗျာ၊မော်ဒန်+ကဗျာ၊ပို့စ်မော်ဒန်+ကဗျာ၊ ရောမန္တိက+ကဗျာ၊

ခတ်အ‌ကြောင်းပြက်ရယ် / ကိုယ်‌‌စောင့်‌နတ်နဲ့ ငါနဲ့ / ဘယ်သွားသွား/ အဆင်လား ‌ပြေပါတယ်‌ / လေယာဉ်ပျံသံမကြားရတဲ့အရပ်/သမီးရေ ခေါ်သံနဲ့ မိုးလင်းချင်တယ်/ အ‌ခြေအ‌နေက‌တော့ ရ‌ထေပဲ/ အဲဒါမှ ပြဿနာ




စိတ်လိုလက်ရကျောခိုင်းမိပြန်ပြီ။ ဘဝကိုလာကုတ်ခြစ်နေတဲ့ ဂုဏ်သရေရှိမျက်နှာတွေ။ ဒီလိုပါပဲနဲ့ကဗျာတစ်ပုဒ်ဖြစ်သွားတဲ့အနေအထား/ ပျော်မနေဘူး/ ဝဋ်နာကံနာစိုက်ခင်းထဲ အသံထွက်ရယ်မောမိပြန်ပြီ။ ခေတ်ကြီးကမြိုင်တယ်။ ငါတို့ တွေက အ နေကြတာ။စိတ်လိုလက်ရအော်ဆဲမိပြန်ပြီ။ ဗေဒါတွေပွင့်နေတဲ့အချိန်/ မိုးမရွာပါစေနဲ့/ စာရွက်တွေ တဖတ်ဖတ်ပြန်လှန်ရှာတော့လဲ နေရာဟောင်းက အကွက်လိုက်/ ထီးဖွင့်ဆောင်းလိုက်တယ်/ မျက်လုံးတစ်ဖက်ပွင့်ရက်ကြီး/ အင်တာနက်ကဖေးမှာ ညလုံးပေါက် ကမ္ဘာကြီး နဲ့ပေါက်ပေါက်ဖောက်မယ်။ မမြင်ရတဲ့ကြယ်တွေကို ခိုးဝှက်ခံစားမယ်။ ပွင့်သမျှပန်းတွေကို

စိတ်ကျ / ကဗျာ / ကမ္ဘာ


ငြိမ်းချမ်းရေးဟာ ဆက်လက်ခရီးထွက်ခွါဟန်နဲ့ လေဖိအားနည်းရပ်ဝန်းမှာတည်ရှိ။
ဘူတာစဉ်တွေလွဲနေတယ်။ရထားဟာခရီးကို မဲနှိုက်ပြီးထွက်ခွါနေသလို
လွင့်ဝဲနေတဲ့ အက်တိုးပစ် တစ်ယောက်ရဲ့ဆံနွယ်ထဲ ဖန်စီနားစွဲလေး
လှုပ်ယမ်းလို့။

အ‌ဖေမတူ အ‌မေကွဲ / ‌ခေတ်‌နဲ့ရတဲ့သားသမီး‌တွေ / အားလုံးဟာ သူစိမ်း


(၁)
အရင်‌လိုပဲ‌တောင်းထဲကိုမ‌ရောက်‌တဲ့စက္ကူစုတ်‌က‌လေး‌ပေါ့။‌လေတိုက်‌တိုင်းလွင့်‌‌နေတဲ့
တိမ်တွေလို စည်းမဲ့ကမ်းမဲ့‌ဘဝမှာ‌ပျော်‌တယ်‌။ဘုရားသခင်‌ဖန်‌ဆင်း‌ပေးတာလား။
ဘယ်‌သူဘယ်‌ဝါရဲ့အမိန့်‌‌တော်‌လည်း။ကံ ကံဧ။်‌အလိုကျလား။‌

မားစ်ဂြိုဟ်မှ ကြိုဆိုပါ၏


ဗလာနယ်‌‌တွေထဲခုန်‌‌ပေါက်‌စီး‌မျော‌နေ။‌ရှေ့စာ‌ကြောင်းကို ‌နောက်‌ဝါကျ‌တွေက
လိုက်‌သတ်‌‌နေသလိုမျိုး အဓိပ္ပါယ်‌ဟာ ရသတစ်‌ခုဆီ အရည်‌‌ပျော်‌ကျလို့။
တိုင်းပြည်‌ကိုဘယ်‌လိုအလင်္ကာ‌တွေနဲ့ တန်‌ဆာဆင်‌မလဲ။ပြဒါးအသုတ်‌ခံထားရတဲ့
အမှန်‌တရား။‌ရှေ့လမ်းဆုံမှာ အတိဿယဝုတ္တိ နိုင်‌ငံ‌ရေး‌တွေ‌ပေါတယ်‌။
ဝိဘစ္ဆရသ ယဉ်‌‌ကျေးမှု‌တွေထွန်းကားတယ်‌။အနာ‌ဟောင်းကိုပြန်‌ဆွလို့ အနက်‌‌ရောင်‌

တစ်နေ့တာ

မနက်‌မိုးလင်း‌တော့
ကြိုးတန်း‌ပေါ်က တီရှပ်‌က ငါ့ကို ဂလစ်‌‌တွေထရွတ်‌တယ်‌။
ရှုပ်‌ပွ‌နေတဲ့ ‌ခေါင်း‌ထက်‌ကဆံပင်‌‌တွေလို ‌အောက်‌ဆီဂျင်‌နည်းပါးလွန်းတ့
အခန်းဟာ မြို့ရဲ့ဆင်‌‌ခြေဖုံးတစ်‌ခုထဲ အလိုက်‌သင့်‌ဝဲကျ‌လို့။
မ‌နေ့ညက နတ်‌သမီး‌လေးဟာ နံရံ‌ပေါ်ကပိုစတာကြီးလား။

ပတ်‌တီးကိုင်‌ထားရတဲ့ ပန်းပွင့်‌‌တွေဟာ သမိုင်း



လတ်တ‌လောအ‌ရေးအသားတွေ မိုက်တယ် ဒေသိယစကားအရ မှောင်တယ်လို့ လည်း ယူဆလို့ ရ။
မိဿလင်အယူအဆနဲ့ ဂျင်းစိမ်းအယူအဆ အပြိုင်စီးဆင်းလျှက်ရှိသော။ရှာနေရင်းတောင် ရှားရှားလာသော။
ဒီနေ့ အဖို့ ဖို့ ရန်ရှိသော။ ဟောခန်းနံရံမှာ'' ' ငါ' ကို ဖြုတ်ပါ ' လို့ ' ငါ' က ဝင်ရေးသွား။
ငါ့မျက်လုံး‌တွေကိုအ‌ရောင်းအဝယ်လုပ်ပါ။ ငါ့အကြည့်‌‌တွေကို ‌ဈေးဖြတ်ပါ။ ‌

ဂျာနယ်ဖတ်ရင်း တီဗွီကြည့်ရင်း လူ့အဖြစ်ကို Like ထိုင်လုပ်နေမိ


ဘာကိုမှ ဆက်‌စပ်‌တည်‌‌ဆောက်‌လို့မရတဲ့‌ခေတ်‌ကြီးထဲမှာ
Hybrid ပုံစံအသက်‌ရှင်‌မှုကို ‌ရွေးချယ်‌ခဲ့တယ်‌။အသားသက်‌သက်‌
အရိုးသက်‌သက်‌ဆိုလည်း မဖြစ်‌ဘူး။
လို‌နေတာက တစ်‌ခု။‌ရောက်‌‌နေတာက တစ်‌လမ်း။
‌ရေငုပ်‌မီးလှုံ ကိုယ်‌ဟာ အလိုလို‌နေရင်း တုန်းခုန်‌ဇယ်‌ခတ်‌။

ရန်‌ကုန်‌



‌လေယာဉ်‌‌ပေါ်ကဆင်းတာနဲ့ ဂျိုကာမျက်‌ခွက်‌နဲ့ သူ‌တောင်းစားသုံး‌ကောင်‌က
အရစ်‌ဇယားစခင်းတယ်‌။ဒိုင်‌လျှိုလေး မ‌လေးရှားရင်းဂစ်‌ ၁၀တန်‌မှာ အဝင်‌တုံးဟာ
ဖျတ်‌ခနဲ။`မင်းတို့‌တွေအဆင်‌‌ပြေမှ ငါတို့လည်းအဆင်‌‌ပြေမယ်‌´ တဲ့ မှန်‌လိုက်တဲ့ ‌ခွေး
ပါးစပ်‌က နတ်‌စကား။ဒါ အင်‌တာ‌နေရှင်‌နယ်‌‌လေဆိပ်‌။စိတ်‌ကိုတည်‌ငြိမ်‌‌အောင်‌ထား။
‌ခြေ‌လှမ်းကိုညင်‌သာစွာ‌ရွေ့။အ‌မေ့မျက်‌နှာငါ‌တွေ့ချင်‌လှပြီ။Taxi ပွိုင့်‌တစ်‌ခါမိတိုင်း

ဒိုင်‌ယာဇီပင်‌နဲ့ မာရှီနဲ့ ဆံပင်‌အရှည်‌နဲ့ ၁၉၉၆က ငါ့ လူငယ်‌ဘဝ


ဘာလာလာအကုန်‌ကစ်‌တယ်‌။အရာရာကို လက်‌မခံ/ခံချင်‌တဲ့အရွယ်‌။စမ်းတယ်‌။

လက်‌တည့်‌လည်းစမ်းလိုက်‌တာပဲ ဘာလာလာ။‌ရှော့ခ်‌‌တွေကို ‌ခေါက်‌ထား။

အိတ်ကပ်‌ထဲ‌ရေလန်းတာနဲ့ လူကလမ်း‌ပေါ်‌ရောက်‌‌နေပြီ။မုတ္တမဘူတာနားက ရထားသံ‌လမ်း‌တွေ

လိပ်ပြာအမှတ် ၄၊အခန်း ၇/ဒီ၊တိုက် ၁၃




ကြက်‌‌ခြေခတ်‌။    ။ ‌ဆေးလိပ်‌‌တွေ‌သောက်‌‌နေရတာကို ငါခုံမင်‌လာခဲ့တယ်‌။အ‌ငွေ့‌တွေကငါ့အ‌ဖော်‌ပဲ။
ငါ့ရိုးသားခြင်းဝတ်‌ရုံဟာ အခန်း‌ထောင့်‌မှာပြာကျ‌နေပြီ။အသက်‌ရှုခြင်းကလွဲလို့ ငါ့ခန္ဓာကိုယ်‌အစိတ်‌
အပိုင်း‌တွေအားလုံးဟာ တစစနဲ့‌ လောင်‌ကျွမ်း‌နေခဲ့။ငါဟာ ငါ့ကိုယ်‌ငါ အနုကြမ်းစီး‌နေတဲ့ တ‌စ္ဆေ

(၃၄)အဆန်


အငြိမ်မနေ မွေးကတည်းက ဆော့နေတဲ့ လက်တွေ
လှုပ်နေတဲ့ စိတ်တွေ အလျင်စလို လျှောက်နေတဲ့ ခြေထောက်တွေ
လိမ့်နေတဲ့ ဘီးတွေ

မင်္ဂလာပါ ဆရာကြီး


‌ခေတ်‌က ဆရာကြီး‌ခေတ်‌။ဒီ‌ခေတ်‌မှာအားလုံးဟာ ဆရာ‌ကောင်‌‌တွေချည်းပဲ။
ကြွပါဆရာ ကြွပါ ။ဟုတ်‌ကဲ့။ သင်္ချိုင်းကုန်းကို‌ပြောတာ။ဆရာကြီး‌ဒေါကန်‌။ ပြီး ။စစ်‌ထွက်‌

★ ဘဒ္ဒကမ္ဘာနဲ့ အဆက်ပြတ်သွားတဲ့ နေ့တွေ ★


ဘယ်လိုခေါ်သံဖြစ်ဖြစ် မကြားချင်တော့ဘူး။
ရုပ်ကြွင်းပဲ
သေတဲ့အထိ ရုပ်ကြွင်းပဲ။

ဘာသာစကားခပ်ကျဲကျဲထဲ(Deconstruction)ရှုခင်းတွေရောထည့်လိုက်တယ်/.../အ A နု R ပ T ညာ ဟာ မရှိခြင်းထဲကနေ ရှင်ပြန်ထမြောက်လာတဲ့ အာ ! မေ !! ဋိတ် !!!



တိတ်ဆိတ်တဲ့နံရံမှာ ပန်းတွေပွင့်နေပြီ ။ (ကဗျာဘာသာစကား)
ရယ်ဒီမိတ်တွေပေါက်ကွဲနေတဲ့ ယနေ့ကမ္ဘာကြီး ။ (သိမှု)
မဖျော်ရသေးတဲ့ လက်ဖက်ရည်ခွက်တွေ (×) မပြုတ်ရသေးတဲ့ ခေါက်ဆွဲခြောက်တွေ(=)(?)

( အိပ် အိပ်ရေးပျက် ည ပေါ် သို့ လိမ့် ကျ ခြင်း)[လို င်း ကိုမကြည့်နဲ့ လမ်း လ မ်း ကိုကြည့်]



သူဟာ ကွယ်လွန်သွားပါပြီ။ငါဟာ ကွယ်လွန်သွားပါပြီ။ခင်ဗျားလည်း ကွယ်လွန်သွားပါပြီ။
ရသေ့ကြီးဟာ လိပ်ပြာမလုံဘူး။ရသေ့ကြီးဟာ လိ ပ်ြ ပာ မ လုံ ဘူး ။
ပင်လယ်ထဲ ထိုးကျသွားတဲ့၊ဇကွဲသဏ္ဍာန်အပေါ်ကို ထောင်တက်သွားတဲ့၊တစ်ခုခု

အားနည်းနေတဲ့ ဗဟိုချက်မှာ (ငါ)ကိုဌာပနာထားလိုက်


နေ့ ည နေ့ ည နေ့ ည နေ့ ည နေ့ ည နေ့ ည
ငါက
လွန်ခဲ့တဲ့  ဆယ်နှစ်လောက်ကတည်းက ကဗျာဆရာ(အစွဲ)
ဝင်လေနေ့ ထွက်လေည ဝင်လေနေ့ ထွက်လေည ဝင်လေနေ့ ထွက်လေည
ငါ့ကျောရိုးမှာ

# ဒီမြို့မှာ ခင်ဗျားက ဘာနတ်လဲ



ဒါလီရဲ့ အရည်ပျော်နေတဲ့နာရီတွေပြီးရင် ဒုတိယငါအလိုချင်ဆုံးက အရည်ပျော်နေတဲ့
ကဗျာတွေပဲ။အဲ့ဒီကဗျာတွေကိုထည့်ဖို့ ခွက်ကောင်းကောင်းတစ်လုံးလည်း လိုမယ်။

ကန်းနေတဲ့ ကမ်းခြေ


ထောင့်ချိုးတစ်ခုရဲ့ အဆုံး

ရေလှိုင်းလေး တွေက ဘယ်သူ့ကိုရန်လိုနေတာလဲ။ငါအဖြေရှာမရဘူး။ငါဟာ ငါ့ဘဝနဲ့နီးရာကို ကူးခပ်နေ
တာလား။ပတ်ဝန်းကျင်ကရိုက်ပုတ်မှုတွေအတိုင်း ရွေ့လျားနေတာလား။ငါ့ရဲ့တိကျခြင်းဟာဘာလဲ။
ငါ့မျက်နှာပေါ်ဖြာကျလာတဲ့ နေခြည်နွေးနွေးလား။ငါ့ပါးပြင်မှာ လာဆိုက်ကပ်တဲ့ လေပြေလေညှင်းလား။
ငါ့ရင်ဘတ်ပေါ် ခြေရာအထပ်ထပ်နဲ့ ဆော့ကစားသွားသူတွေ။ငါ့အသက်ရှုသံကို ငွေနဲ့ပေးဝယ်သွားသူ

ညနေ(၄)နာရီ


ကြီးကျယ်ခမ်းနားဖို့မလိုပါဘူး။မိုးလေးတဖွဲဖွဲကျနေပါစေ။ကြွရောက်လာတဲ့လူတွေကို ဖုန်နံ့တွေမရှုရိုက်စေချင်ဘူး။
မြို့ပ တ်ရ ထား ကြီး စီးပြီး လာကြ သူတွေ၊ဘတ်စ် ကား စီးပြီး လာ ကြ သူတွေ၊လမ်း လျှောက် ပြီး လာ ကြ သူတွေ၊

''စကားလုံးတွေဟာ သူ့အလိုလို ကျကွဲနေတယ်''




အဲဒီမှာ ညှီစို့စို့ရနံ့နဲ့ ရေခဲရိုက်ထားတဲ့ မေတ္တာတရားတွေရှိတယ်။ 

အဲဒီမှာ ဗိုက်မဆာအောင် ကော်ရှုနေကြတဲ့ ဘူတာကြီးနားက မိဘမဲ့ကလေးတွေရှိတယ်။

အဲဒီမှာ အနုပညာနောက်ကျောက ထိုးသွင်းဒဏ်ရာနှစ်ချက်နဲ့ အဖေါ်အချွတ် ဇာတ်ဝင်ခန်းတွေရှိတယ်။

အချစ်+ကဗျာ


စကားလုံးတွေ ရွှေရောင်သန်းနေမှ ချစ်ခြင်းက လူရာဝင်သတဲ့လား။
ငွေကြေးကထမ်းထုတ်သွားတဲ့ ဘဝတွေအတွက် ဘယ်တရားကို ဘယ်နတ်တွေကများစောင့်ပါသလဲ။
အချစ်ကို လူကူးမျဉ်းကြားမှကူးဖို့ မေတ္တာတရားကိုဈေးကြီးကြီးပေးဝယ်ဖို့ ဘဝဟာ သုံးနားမညီခဲ့ဘူး။
သစ္စာတရားဟာ မီးပေါင်မပြည့်ခဲ့ဘူး။အောက်ဆီဂျင်မဝရှာတဲ့ ရေဆိုးမြောင်းထဲက ငါးတစ်ကောင်လို။

အစားအစာ ဝါးစားပါ အသားပါသလား ငါးပါသလား


ဘယ်လိုအာရုံမျိုးနဲ့ထပ်သစ်ရမလဲ ဖွာလန်ကျဲနေသော စိတ်ရဲ့အနားစများ ငါ့ကိုလာမပိတ်စို့ပါနဲ့ ငါ့ကိုယ်ထဲက
အရှိတရားကို ဖောက်ချပေးလိုက်ပါ ကြိတ်မနိုင်ခဲမရ ကြိတ်ခွဲခံထားရသော ဝန်နှင့်အားမမျှသည့် ခန္ဓာများ
ရေစီးသန်တဲ့မြစ်ထဲ မေတ္တာတရားနဲ့ယှဉ်တဲ့ စက်ဝိုင်းပုံလူ့အဖွဲ့အစည်းတွေ အဓွန့်ရှည်ပါစေ။အချိုးပျက်လာတဲ့
တက္ကနစ်ယဉ်ကျေးမှုတွေကြား ကမ္ဘာ့လုံခြုံရေးအတွက် ကမ္ဘာ့ခြံစည်းရိုးမှာ နည်းပညာပုလင်းကွဲတွေစိုက်ထားတယ်။
အမြင်အာရုံတွေမကြည်လင်တော့ဘူး Out of Service ဖြစ်နေတဲ့ အကြည်ဓာတ်ကလေးကို အရည်ကျဲကျဲနေ့တစ်နေ့ထဲ 

မပုတ်မသိုးအောင် သံသရာကို ဖော်မလင်စိမ်ထားလိုက်



.
မျက်စိရှေ့ မှောက် ကျလာတဲ့ ဝါကျတွေ ရည်ရွယ်ချက်ရှိရှိ
ရည်ရွယ်ချက်မဲ့ သံထည်လို ကျီးလိုလို ကြွက်လိုလို အဝါရောင်
လဒများ လေဟုန်စီး ဝါဒများ မျှစ်/စက္ကူမဖြစ်တဲ့ ဝါးတွေ အိပ်မရခေါင်းအုံးထဲ
ညစ်ညမ်း ချည်မျှင်တွေ အထက်နဲ့အောက် ချုပ်ရိုးပြုတ် အမြင်မကြည် လင်
နဲ့ မယား ဝါးတားတား ဝါးတံတားလေးထိုး ခေတ်ဆီကူး နည်းပညာတန်ခိုးနဲ့

New Player


ဟော့ဒီမနေနိုင်မထိုင်နိုင် ပါးစပ်ကြီးကို ဖျာချုပ်အပ် ကြီးနဲ့ ဆွဲချုပ်ပစ်လိုက်တော့မယ်။
သွားရည်တွေတမြားမြားကျနေတဲ့ လျှာကြီးကို အူပါအခွေလိုက်ပါလာအောင်
စောင့်ဆွဲပြီး မြေပေါ်အထွေးလိုက်ပုံချပေးလိုက်တော့မယ်။

၁၀ / မ လ မ


(၁)
တောင်ညိုဟာ သူ့ကျောပေါ်မှာ စေတီပုထိုးတွေကို ထမ်းထားခဲ့
ငါပြန်လာတော့
မြို့ရဲ့ အရပ်မြင့်မြင့် ဗလီတွေနဲ့ ဇင်ယော်ငှက်တွေက ငါ့ကိုစီးကြိုတယ်။
ရှည်မျောမျော သံလွင်ဟာ ငါမရှိတဲ့ အချိန်တွေမှာလည်း
တမေ့တမော စီးဆင်းနေမှာပါ။

...

.
နံနက်ခင်းဟာအနားမရသေး။စိတ်ဟာအနားမရသေး။ဝါဒတွေဟာအနားမရသေး။ရုပ်ဟာအနားမရသေး။မြို့ဟာအနားမရသေး။အစာအိမ်ဟာအနားမရသေး။မျက်လုံးဟာအနားမရသေး။မျက်ရည်ဟာအနားမရသေး။နာမ်ဟာအနားမရသေး။လည်ေ

တစ်ကိုယ်တော်အဆန်


အရင်နေ့တွေအတိုင်းပဲ စီးကရက်ကို နံရံနဲ့ ထိုးချေလိုက်တယ်။
အရေးအသားတွေ ပျက်ယွင်းနေတဲ့ကမ္ဘာကြီး။
ကျုပ်မရှိလည်း ဒီကမ္ဘာကြီးက ဖြစ်ပါတယ်။...
လိုင်းသေးသေးလေးထဲ လမ်းကိုထိုးထည့်လိုက်။
နှစ်ခြိုက်စွာဖြစ်ပေါ်နေတဲ့ အငွေ့တွေနဲ့။
နံရံထဲက ထွက်လာတဲ့
တိမ်တွေ။
.
ရဲရင့်လမင်း

ခေတ်ဟာအပွင့်စနစ် - ပွင့်ပြီး - တငွေ့ငွေ့ ဆက်လောင်


.
ဆိုပါစို့ ကမ္ဘာမကျေ/ကြေကို ဆိုပါစို့ အကြောမတင်းတဲ့ မျက်နှာတွေအကြောင်း ဆိုပါစို့
စို့နေတဲ့ ပျင်းစရာနေ့ဟာ ပျင်းပြီးရင်း ပျင်းနေတဲ့ အပျင်းပြေ
အပြင်းတွေရောထားတဲ့ အရောင်က အလုပ်မလုပ်တော့တဲ့ ပီကာဆိုခေတ်က အပြာခလုတ်

အပြာရောင်သက်ရှိတွေအကြောင်း ဆန့်ကျင်ဘက်ထုတ်လွှင့်နေတဲ့ ကမ္ဘာ


.
ဒီသတင်းကြားပြီးကတည်းက ငါဟာ သေနတ်တလက်ဖြစ်သွား။ဗုံးတလုံးဖြစ်သွား။
သံချပ်ကာ ကားတစီးဖြစ်သွား။မိုးပေါ်ထောင်နေတဲ့ အမြောက်တလက်ဖြစ်သွား။
ငါ့ကိုယ်ထဲမှာ တိုက်ချင်ခိုက်ချင် စိတ်တွေ။သတ်ချင်ဖြတ်ချင် စိတ်တွေ။

ခေတ် ÷ နေ တဲ့ အ ကြောင်း တွေ


.
-9.11.2014 တွင်ဆိုက်ကပ်လာသော Air Force လေယာဉ်ကြီးအား ငြိမ်းချမ်းရေးမျက်နှာဖုံးများဖြင့်ကြိုဆို။
-ရပ်ကွက်အတွင်း အလှူခံမဏ္ဍာပ်များ တစခန်းထသဖြင့် သည်းခံစိတ်အပြည့်ရှိသူများ Fb ပေါ်တတ်၍ ကလော်ဆဲ။
-LGBT မှ ထုတ်ပြန်သော အစိုအခြောက်မခွဲခြားရေးအား အရောင်းထိုင်း ငါးခြောက်သည်များမှ ဘုမသိဘမသိ
အပြင်းအထန်ကန့်ကွက်။

အဝါရောင်မျဉ်းရဲ့အနောက်မှာ ဘယ်သူတွေ ရပ်/ယက် နေလဲ


(ဟိုးရှေးရှေးတုန်းက နွားစီးတဲ့သားအဖ ခရီးထွက်တဲ့အခါ အတူတူနွားစီးလို့သွား
အားလုံးဝိုင်းတားကြ နွားကြီးတော့သနားပါ သတ္တ၀ါ အချင်းချင်း မညှင်းဆဲနဲ့ကွာ)
(ဒီလိုဆိုငါ့သား လမ်းလျှောက်လို့ဆက်သွား နွားကြီးကိုတော့ အဖေစီးခဲ့မှာ
ဒါကိုတောင် အလျှော့မပေး အပြောကတော့မလွတ်သေး ကလေးလေးကိုမှ နှိပ်စက်သတဲ့ကွာ)

ငါ့မြို့ပျက်ကြီးကို ငါနေရာရွှေ့နေတယ်


.
တောင်ပေါ်ကိုစရောက်ကတည်းက စိတ်ဟာ ဂဏာမငြိမ်တော့ဘူး။
တောင်အောက်မှာဘာတွေဖြစ်နေသလဲ။ဆိုက်ကိုဖောက်ပြီး တောင်အောက်ကိုခုန်ချလိုက်ရင်။

တစ်စုံတစ်ယောက်ဟာ အမြဲတမ်း နောက်ကျနေတယ်


ဆန့်ကျင်ဘက်တွေပဲ။ဖရီးကစ်တွေပဲ။ပြည်တွင်းစစ်တွေပဲ။
မြေလိမ့်ဘောတွေပဲ။အခွက်ကြမ်းတွေပဲ။မြို့တော်ပဲ။ခန်းမပဲ။ခန်း
ထီးပဲ။မီးဘေး။ရေဘေး။အာဏာဘေး။သဘာဝဘေး။
မာရီနာဘေး။Bay of Bengal.
အုန်းခွံရောင်ပေါက်နေတဲ့ ကျွန်တွေ။
ငါတို့မျက်ခုံးပေါ်မှာ ဆင်းရဲမွဲတေမှုက စင်္ကြံလာလျှောက်နေတယ်။
အဆင်ကဘယ်နေရာမှာမှ မပြေဘူး။

၊ကဗျာလုပ်တမ်း ကစားကြမယ်။


လည်ချောင်းထဲက စတဲ့ဇာတ်လမ်း လှိုဏ်ခေါင်းထဲ ပျံဝင်သွား၊
တွားသွားသတ္တဝါတွေ ၊ ဆား နနွင်း အချိုမှုန့် နယ်ပြီးရင် သင်္ခါရတရားဆိုတာ
ခပ်ကြွပ်ကြွပ်လေး ကြော်ပစ်လိုက်ဖို့ပဲ မဟုတ်လား၊
ဝါးလုံးကွဲအောင် ဝါးလုံးခေါင်းထဲမှာပဲ ရယ်ကြ၊ကျဆိမ့်တစ်ခွက်နဲ့
စိတ်ကျတစ်ညနေဆိုတာ ဒီမြေပေါ် ငါတို့အတူရှိတုန်း မင်းရင်ဘတ်ထဲက အနာတွေကို
ငရဲမီးနဲ့ဆေးပြီး မင်းပြောခဲ့တာ မဟုတ်လား၊ ဆူးရဲ ၊

`ငါ့ အိတ်ကပ်ထဲ နာရေးကြော်ငြာကို ခေါက်သိမ်းထားတဲ့ နေ့တွေ´



စားပွဲပေါ်က ပန်းအိုးထဲမှာ ငြိမ်းချမ်းရေးတွေ ပွင့်နေတယ်။
အပြာရောင်စားပွဲခင်းအောက်မှာ ပုရွတ်ဆိတ် နဲ့ နှံကောင် အစာလုနေတယ်။
ဆင်းရဲမွဲတေမှုက အနီအောက်ရောင်ခြည်မှာ ပတ်ကြားတွေအက်လို့။
နေ့အပူဟာမြင်းရိုင်းတစ်ကောင်လို လူအုပ်ကြီးထဲခုန်ပေါက်လို့။

ကျွန်တော့်ရင်ဘတ်ထဲ မေတ္တာနဲ့တူတဲ့ မိုးတွေ ရွာနေပြီ မေမေ



.
သာယာသောမနက်ခင်းပါ ကလေးလေးရေ အိပ်ယာက နိုးပြီလား။
အိပ်ယာခင်းပေါ် ညရဲ့ code ရာတချို့ ကျန်ရစ်။
အာရုံအတွင်းသားထဲက အိမ်လွမ်းနာကို ဖြတ်သန်းဖောက်ထွက်လာတဲ့ သတိရခြင်းညှော်နံ့။
စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့ ကလေးလေးရေ။တယောသံကို ကြားရဲ့ မဟုတ်လား။
သစ်ရွက် အသစ်ချပ်ချွတ်တွေကို မြင်ရဲ့မဟုတ်လား။
မေတ္တာတရားရဲ့ ဇောဟာ Time & Space ကိုလည်း ဆွဲချုံ့ပစ်လိုက်ပါပြီ။

'ခွေးနက္ခတ်'


ခွေးတွေမှာ အုပ်စုဖွဲ့အဓမ္မကျင့်သတ်ဖြတ်တာတွေမရှိဘူး။
ခွေးတွေမှာ နောက်ကွယ်ကချုပ်ကိုင်ထားတာတွေ မရှိဘူး။...
ခွေးတွေဟာ စိတ်မကောက်တတ်ဘူး။
ခွေးတွေဟာ အနုပညာကိုမသိဘူး။
ခွေးတွေက ရိုင်းတယ်။
ခွေးတွေက လောဘကြီးတယ်။
ခွေးမှန်ရင် ယဉ်ကျေးမှုကိုမသိဘူး။

အာ ဂ န္တု တစ် ယောက် ၏ နေ့ စွဲ များ



လေထဲကိုမြှောက်တင်မယ့် အကြွေစေ့ကလေးရဲ့
ခေါင်းနဲ့ပန်း
တစ်ဘက်စီမှာ ဘယ်လိုအရာမျိုးကို ခင်ဗျားတပ်ဆင်စေချင်သလဲ။
.
ဒီနေ့လောက်တိတ်ဆိတ်တာ ဒီနေ့ပဲ ရှိတယ်။
မီးမလာဘူး။
ဖုန်းအားမရှိဘူး။
ကြားနေရတဲ့အသံက Loading...
အိတ်ကပ်ထဲ အိုးထိန်းသည်လို ငွေကြေးများ။
မျက်နှာသစ်ကတည်းက ငါ့အတ္တကို နှစ်ကုဗလောက် ဖောက်ချခဲ့ပြီးပြီ။
ရောဂါအသစ်ဆိုရင်တော့ ရင်နာနာနဲ့ ထပ်ယူချင်ပါသေးတယ်။
စားပွဲပေါ်မှာ လျှပ်စီးပတ်လမ်းသေနေတဲ့ နားကြပ်လေးတစ်စုံ။
၂၄နာရီမှာ နှစ်ကြိမ်တိတိမှန်တဲ့ လက်တံ နှစ်ချောင်းနဲ့ နာရီစင်ကြီး။
လမ်းတွေကွေ့ကောက်သလို မြင်ကွင်းကို လည်း အထိုင်မချပဲတွန့်ခေါက်ထားလိုက်မယ်။
ခြေထောက်ကို အပြာရောင်သုတ်ပြီး ပလက်ဖောင်းပေါ်တင်ပေးလိုက်။
ရှေ့နောက်ဝဲယာ သံသယ ကိုပဲ အဖေခေါ်နေရတဲ့ ကမ္ဘာကြီး။ဆိုတော့ကာ
ငါ့စိတ်ထဲ ကမ္ဘာကြီးလည်း ကပ်ချလာဘဲ။
ငါစောင်းနေကြထီးကို ငါရိုက်ချိုးပစ်လိုက်ပြီ။ငါလှုံနေကြမီးကို ငါငြိမ်းသတ်ပစ်လိုက်ပြီ။
အရည်ညှစ်ချသလို ညှစ်ချတာတောင် တစ်စက်ကလေးမှ မရခဲ့တဲ့ မေတ္တာတရား။
ကုသိုလ် ဆိုတာ ငါ့အတွက်တော့ ရှားပါးပစ္စည်းပဲ။မလိုအပ်တဲ့ ဇာတ်ဝင်ခန်းပဲ။
တောင်ကုန်းပေါ်က လေက ဝင်လေ။
တောင်အောက်က လေက ထွက်လေ။
ဒီနေ့ကိုက အကျဉ်းထောင်ဆန်ဆန် တိတ်ဆိတ်နေတာ။
.
တိတ်ဆိတ်နေတဲ့ တစ်ကိုယ်ရေစာအခန်းကျဉ်းကလေးထဲ အနားစမတူတဲ့
ပတ်ဝန်းကျင်နှစ်ခု က အသက်ဝင်နေတယ်။
တစ်ယောက်က ဘိုဖြူ ၊ တစ်ယောက်က မျိုးကြီး။
ညှိမရရင် အလွတ်သာထဆဲ ။ နွားကျောင်းသားဖြစ်ဖြစ် ၊ ဘွဲ့ရဖြစ်ဖြစ်
အားလုံးဟာ ဒီဗူးထဲက မီးခြစ်ဆံတွေ။ထစ်ခနဲဆို ထတောက်ဖို့ အသင့်အနေအထား၊
အိမ်လွမ်းနာကျနေတဲ့ ရင်ဘတ်နဲ့ ၊ အနှိမ်ခံဖို့ အသင့်ဖြစ်နေတဲ့မျက်နှာနဲ့
ငါတကော ကောနေရင်တော့ေ -ာတွေလည်း နာနေပါ့မယ်။
နငယ်နဲ့ နွားတဲ့ နွားတွေ နွားတပ်မတော်ကြီးကိုချီလာပြီ။
၂၀၁၄ဟာ နွားချီးစော်တွေနံတယ်။
ပျင်းလို့အပြင်ထွက်မိတော့ လမ်းပေါ်မှာ အဝယ်လိုက်နေတဲ့ အမဲသားတွေ။
ရထားတဲ့ဘဝက ဈေးကြီးလိုက်တာ။
တစ်ယောက်အလံ တစ်ယောက်လုရင်း မြင်းနှစ်ဟာ နွားနို့နံ့တွေထွက်လာတယ်။
.
နို့နံ့မစင်သေးတဲ့ တရုတ်ပြက္ခဒိန်ပေါ်က
ယုန်လေးတစ်ကောင်ကို ကင်းဗတ်စမှာ  ချဆွဲလိုက်တယ်။
ယုန်ကလေးဟာ ဝပ်ကျင်းထဲကနေ အပြင်ကိုထွက်ရာလမ်းတစ်လျှောက်။
မှီရာ သစ်ရွက် ကလေးတွေကို ကိုက်ပြီး လမ်းတစ်ခုပြုလုပ်ခဲ့ကြောင်း။
ဆရာချောသစ်ပင်ပေါ်မှာ ရေညှိဖတ်ကလေးဖြစ်ခွင့်ရတဲ့ အနေအထား။
ကဗျာကိုဖတ်နေရင်း စိတ်တွေက အမေ့ဆီရောက်ရောက်သွားတယ်။
အခုတော့ မလေးရှားအလံကို မလုံမလဲမျက်လုံးတွေနဲ့ မော့မော့ကြည့်နေရတယ် အမေ။
ပန်းချီကားထဲက ယုန်ကလေးဟာ ကျွန်တော်ကိုယ်တိုင်ပေါ့ ။
.
ကျွန်တော်ဟာ ပြည်ပရောက်နေတဲ့ ယုံလေးတစ်ကောင်များလား။
မြေပုံထဲက ရထားလမ်း၊ကားလမ်း၊လှည်းလမ်း၊စေတီ ကွန်တိုသင်္ကေတတွေမြင်တိုင်း ရောက်ခဲ့ဘူးတဲ့
ရွာတွေကို သတိရတယ်။ရွာထဲကို ဝင်လာတဲ့ အဖြူရောင် သူပုန်တွေ။
ခေါင်းကို ခွင့်ပြုတော့လက်၊လက်ကိုခွင့်ပြုတော့ ကိုယ်၊ကိုယ်ကို ခွင့်ပြုတော့ ခြေထောက်။
ရွာထဲမှာ ရွာသားတွေ ရှားပါးလာတယ်။အခုရွာထဲမှာ အမြီးနံ့နေတာ
ဘယ်လို သတ္တဝါတွေလဲ။သဲကန္တာရထဲက ငါတို့အသံတွေကိုရော ကြားကြရဲ့လား။
အကြောင်းအရာက ဂူဂဲလ်နံရံကနေ ပဲ့တင်ပြန်ထွက်လာတယ်။
အောက်ဆီဂျင်မဝတဲ့ အဆုတ် ရဲ့ကြွက်သားတွေကနီကိုတင်းကိုတော့လက်ခံလျှက်။
သတင်းခေါင်းစဉ်က မိုးလေဝသ။ကြေ ငြာသွားတာက မုန်တိုင်းတစ်ခုရဲ့နာမည်။
မြို့တွေ၊ရွာတွေက မြေပုံထဲမှာတော့ ငြိမ်းချမ်း တိတ်ဆိတ် တရား မျှတ လွတ်လပ် ဖွံ့ဖြိုး။
.
ရွတ်ဆိုစရာ ဂါထာက တကြောင်းတည်း။သဗ္ဗေသတ္တာ ကမ္မသကာ။
.
Up to date မဖြစ်တော့တဲ့ကိုယ်ကျင့်တရားနဲ့
မွေးကတည်းက ကြောင်နေတဲ့ငါးပါးသီလနဲ့
အသံတစ်ဘက်ပဲ မြည်တော့တဲ့ကိုယ်ချင်းစာစိတ်နဲ့
လေတိုက်တိုင်း တဖျတ်ဖျတ်ခါနေတဲ့ ဖိတ်စာနှစ်စောင်။
တစ်စောင်က ငရဲပြည်က ၊ တစ်စောင်က ကောင်းကင်ဘုံက။
.
ပို့လိုက်တဲ့လိပ်စာအတိုင်း ဘဝဟာ စာအိတ်ထဲက ခုန်ထွက်လာတယ်။
ရုပ်ရှင်ကြည့်ပြီးရူးရတာလည်း ဘဝရဲ့ ရသတစ်မျိုးပေါ့။
စိတ်ထဲကျွန်းငုတ်ကြီးတွေကိုပဲ စွဲနေရင်တော့ ဒီကောင့် စိတ္တဇကမသေးဘူး။
ခေါင်းကမီးတွေထတောက်နေတာတောင် ငါ့ဘဝင်ကိုလာလာ လှုပ်နေဆဲဝဋ်နာကံနာပျော်စရာတွေ။
တင်းနေတဲ့အကြောကို ရေနွေးနဲ့ ဆေးဆေးချနေရ။
ငိုလိုက်ရင် မျက်ရည်ကမထွက်ဘူး။
ခေါင်းမာတယ်။
ဂေါက်ကြောင်တယ်။
မိတ်ကပ်ကိုမုန်းတယ်။
ဆင်းရဲ မွဲတေမှုပပျောက်ဖို့ ရယ်ဒီမိတ် ကျည်ဆံတွေပဲလိုတယ်။
အသင့် ဖျော်ပြီးသား အာဏာရည်တွေပဲ လိုတယ်။
တစ်ယောက်က နွားနို့ဆို တစ်ယောက်က မင်းဂွတ်သီး။
တစ်ခြင်းထဲ ခွပ်နေတဲ့ ကြက်တွေကို သတ်စား/တစ်ကျင်းထဲ ဝပ်နေတဲ့ကြက်တွေကို သတ်စား။
အဆိပ်။ဇာတ်တူသား။ချီထားတဲ့လက်အုပ်။
အိန္ဒိယက စမူဆာ။တရုတ်ပြည်က အီကြာကွေး။ ပို့စ်မော်ဒန်သတ်ကွင်းထဲက ရယ်ဒီမိတ် နာကျင်မှုများ။
.
မွေးကတည်းက ရှော့ခ် ရိုက်ခံထိထားတဲ့ စိတ်ဓာတ်အကြမ်းထည်တွေ။
ရှုထောင့်တစ်ခုထဲကကြည့်ရင်တော့ ခင်ဗျားရဲ့ ယဉ်ကျေးမှုလည်း သေဆုံးနေပါကြောင်း။
မစားလိုက်ရတဲ့ ထမင်းတစ်နပ်အတွက် ကျန်တဲ့အချိန်တွေကိုဖြုန်းတီးပစ်ရန်မသင့်တော်ကြောင်း။
ဆောက်လက်စ တိုက်ကြီးတွေ အဆုံးမသတ်နိုင်တာမြင်တိုင်း အထီးကျန်မှုကအပေါ်ယံဆန်လာကြောင်း။
နေ့မစေ့ လမစေ့ပေါက်နေတဲ့ ဗုံးတွေက ငါတို့ရဲ့ ညစာနဲ့အတူ ငါတို့ထမင်းဝိုင်းကို တိတ်ဆိတ်စေကြောင်း။
စကြဝဠာတိုက်တစ်သောင်းထဲက လူတွေနေတဲ့ စကြဝဠာတစ်ခုပေါ်မှာငါတို့တွေလူလိုနေထိုင်သင့်ကြောင်း။
တကယ့်အရှိတရားဟာ စီးကရက်မီးခိုးတွေလောက်တောင် မသေချာကြောင်း။
ကားနင်းလို့ပြားသွားတဲ့ ဘီယာဘူးခွံကလေးကို မှန်ဘောင်နဲ့ထည့်သိမ်းထားလိုက်ကြောင်း။
အနုပညာဆိုတာ ကျက်မှတ်ထားဖို့ မဟုတ်ကြောင်း။
Myanmar Celebrity ထဲမှာ လိုင်းမကောင်းတဲ့ မော်ဒယ်တွေ များပြားလာကြောင်း။
ဒီတစ်ခါ ဦးရှင်ကြီးကို iPad နဲ့ ပင့်မယ်ဆိုတဲ့ ဘိုးတော်တစ်ယောက်အကြောင်း။
မြင်ကွင်းက အဲ့သလိုကို ရယ်ရတယ်ဆိုတဲ့အကြောင်း။သာပါကြောင်း၊မာပါကြောင်း။
အမျိုးကိုချစ်တဲ့ မျက်ကန်းတွေအကြောင်း။ ဘာသာကိုချစ်တဲ့ မျက်ကန်းတွေအကြောင်း။
အကြောင်းအရာ စုံလင်စွာ - အကြောက်တရား စုံလင်စွာ
အိပ်မက်မက်တယ်။
.
အဲ့ဒီနေ့ညက ကမ္ဘာ့ဖလားမှာ ဂျာမနီ ဗိုလ်စွဲသွားတယ်။
ပြန်အိပ်လို့မရဘူး။မျက်နှာကျက်က ဒရဝမ်မီးအိမ်ဟာ လှုပ်နေသလို။
အခန်းရဲ့ နံရံတွေကလည်း မီးရောင်ဖျော့ဖျော့နဲ့ ရွေ့နေတယ်။
ပြတင်းတံခါးခန်းဆီးစနောက်ကွယ်က တစ္ဆေတစ်ကောင်ကို မြင်ကြလား။
ဘယ်သူမှမရဖူးသေးတဲ့ လွတ်လပ်မှုမျိုးကို လိုချင်နေတာလည်းလောဘတစ်မျိုးပါပဲ။
အဲ့ဒီစိတ်နဲ့ပဲ သံသရာက ကွက်ကျားမိုးရွာပြီး စိုထိုင်းစများနေသယောင်ယောင်၊
လိပ်ပြာဟာ လွင့်ထွက်သွားပြန်တယ်။နူးနူးညံ့ညံ့လေးပဲ ဆိုပါတော့။
.
ဖြေးဖြေး နဲ့  နှေးနှေး လေးပဲဆိုပါတော့။
ကမ္ဘာ့သမိုင်းထဲက ကိုလံဘတ်စ်ဟာ အခုထိ နယ်မြေသစ်တွေရှာနေတုန်းပဲလား။
ဥသျှစ်သီးကြွေတာကို မြေပြိုတာဆိုပြီး အခုထိ ပြေးနေကြတုန်းလား။
လစ်ဗာပူးလ်မြို့ရဲ့ လမ်းကြားလေးထဲက ပန်းချီဆရာကြီး မစ္စတာဘားမန်းရဲ့ ` နောက်ဆုံးသစ်ရွက်´
လေးကိုတော့ ငါ့ရင်ဘတ်ထဲမှာ သိမ်းထားဆဲ။
ငါတို့တွေဟာ လူသားတွေ ဂယ်လီလီယိုကို မသိတာ အပြစ်မဟုတ်ဘူး။
ငါတို့လက်ထဲက ဓမ္မ နဲ့ အဓမ္မကို ဘယ်မျှော်စင်ပေါ်တက် ပြီး ပစ်ချဖူးသလဲ။
တရားရှိနေရုံနဲ့ မတရားမှုဟာ သူ့အလိုလို ဆုတ်ယုတ်သွားပါသလား။
အခု ခင်ဗျားဖြတ်သန်းနေတာ ခင်ဗျားရဲ့ သမိုင်းပဲ ။
အခု ခင်ဗျားရေတွက်နေတာ ခင်ဗျားရဲ့ အကုသိုလ်တွေပဲ။
အခု ပန်းထွက်နေတာ ခင်ဗျားကိုယ်ထဲက သွေးတွေပဲ။
ဆီ ရေ လေ ဝိုင် အားလုံးကောင်းတယ်မဟုတ်လား။
တချို့ကိစ္စတွေမှာ Spider Man ကသိပ်တော်တာပဲ မေမေ။လို့။ပြောခွင့်မှမရှိတာ။
ကလေးလေးတစ်ယောက်ရဲ့ လွတ်လပ်မှုထဲ ဘဝနေ့တွေကို ပို့ဆောင်ထားမိတယ်။
ကားဟွန်းတီးသံတွေကြားကနေပဲ မြို့ကို နယ်မြေသစ်တစ်ခုလိုငေးကြည့်ပြီး။
ဆင်ခြေဖုံးရပ်ကွက်ထဲ အရိပ်တစ်ခုဖြတ်ဝင်သွားသလိုလို မြင်ကွင်းကျဉ်းကို
ပရော်ဂျက်တာရဲ့ မီးသီးမှာ အတွေးအခေါ်အစုတ်အပြတ်တွေ တပ်ပြီး
မြင်ကွင်းကို ကျယ်ထုတ်လိုက်တယ်။
.
ပြကွက်တွေကြည့်ကောင်းတယ် ကြည့်မကောင်းဘူးဆိုတာ ကြည့်သူခင်ဗျားနဲ့ပဲဆိုင်တယ်။
တစ်ချို့ပြကွက်တွေကို ခင်ဗျားကြိုက်ကောင်းကြိုက်ပါလိမ့်မယ်။
တစ်ချို့ပြကွက်တွေကတော့ ခင်ဗျားကို ဖျော်ဖြေနေတာမဟုတ်ဘူးဆိုတာ
ခင်ဗျားသိထားစေချင်တယ်။တိတ်တိတ်ဆိတ်ဆိတ်ပါပဲ နံရံပေါ်ကအရိပ်တွေကို
ပိုဇေရှင်မမှန်တဲ့ လက်တွေနဲ့ လိုက်ဖမ်းနေလိုက်တယ်။
.
လည်နေတဲ့ပန်ကာဟာ ဘာလဲ။ငြိမ်နေတဲ့လေဟာ ဘာလဲ။
အညံ့ထဲ အဖျင်းကိုထိုးထည့်ပြီး ကြမ်းပြင်ပေါ်တစ်ကိုယ်တော်စိုက်ဝင်နေမိတဲ့ အဖြစ်။
ဧကစာကျင့်ဝတ်နဲ့ အညီ မလျှော်ရသေးတဲ့ အင်္ကျီတစ်ထည်ကိုနေထုတ်လှမ်းလိုက်တယ်။
ဧရာဝတီ ထဲပြုတ်ကျနေတဲ့ တိမ်တွေကို ငါမတွေ့ရတာ ကြာပါပေါ့လား။
ခြံစည်းရိုး ထိပ်က မပုကြွယ်နဲ့ ခရုငယ်လေးလည်း Shopping Mallထဲရောက်နေပြီ။
ငါဟာသွေးကင်ဆာနဲ့ သေတော့မယ့်လူတစ်ယောက်လို့ပြောရင် ခင်ဗျားတို့ဝိုင်းသနားကြမှာလား။
ငါ့ရဲ့ရှေ့သွားတွေက ခေတ်ကိုခံပတ်ဖို့ အသုံးဝင်သေးတယ်ဆိုတာလောက်တော့ သိထားလိုက်ပေါ့။
.
နာဇီတွေလိုအလေးမပြုတတ်ဘူး။
ထိုင်းလို လက်သုံးချောင်းတော့ထောင်တတ်တယ်။
တစ်သျူးလိုပဲ ရေစိုမခံတဲ့လူငယ်။
တိတ်ဆိတ်မှုကိုရဖို့ ဘာတွေကို အကာအကွယ်ယူနေတာလဲ။
မထင်မှတ်တဲ့မေးခွန်းတွေက ကျောင်းသားဘဝက ကျောက်ဆောင်တွေကိုလာရိုက်ခတ်နေတယ်။
နေ့ထူးနေ့မြတ်တွေ ရှိသည်/မရှိသည် ဖြစ်စေ။ဆုတောင်းသံတွေကိုတော့ ကြားကြရမှာပါ။
မိမိဝင်ရိုးပေါ်မှာမိမိ ဗဟိုပြုပြီးလည်နေတဲ့ ကမ္ဘာထက်။
ဘယ်ကောင်တွေက အကြောထောင်ပြီး ဗဟိုချက်မဲ့ချင်နေတာလည်း။
ဘာသာမဲ့တိုင်း ဆောက်တည်ရာမမဲ့ဖို့။
‘I hate  Monday’ ဆိုပြီး အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ မပစ်ခတ်ဖို့။
ဆိုက်ကိုဖောက်နေတဲ့ စိတ်နဲ့ ပြတင်းတံခါးတွေ မဖွင့်ဖို့။
.
ဘဏ်အရှေ့မှာ ကားတစ်စီးထိုးရပ်။ဖွင့်ထားတဲ့ သီချင်းက Let's go Let'sgo
သေနတ်ကိုယ်စီနဲ့ လူတစု ဘဏ်ထဲပြေးဝင်သွား။
အားလုံးအငြိမ်နေ။အပေါ်ကို မော့မကြည့်ကြနဲ့။
ဓားပြတွေက မျက်နှာဖုံးတွေနဲ့ ။
ကြည့်နေရင်း မီးပျတ်သွား ။အခွေက အခုထိထုတ်လို့မရသေး။
ဘေးအိမ်ကလူက အသံသေးအသံကြောင်နဲ့ ထအော်။ သြော်...
ခွက်ထဲရေတစ်စက်မှမရှိတာလည်း စိတ်ကိုခမ်းခြောက်စေတာပါပဲ။
.
ငါဆိုတဲ့ အဓိပ္ပါယ် ကို ခင်ဗျားတို့ပဲ ဖွင့်ကြည့်လိုက်ပါတော့။
ငါဟာ ငါကိုဖွင့်ဖို့အတွက် သော့တုပဲ။
ငါ့ရုပ်ဟာ ငါ့နာမ်ကြောင့်ပွင့်နေတယ်။ငါ့နာမ်ဟာ ငါ့ရုပ်ကြောင့်ပွင့်နေတယ်။
အပွင့်စနစ်ထဲမှာ လက်နက်တွေမပါဘူး။ကျည်ဆံတွေမပါဘူး။အုပ်စုဖွဲ့အဓမ္မကျင့်ခြင်းတွေမပါဘူး။
မတရား ဖိနှိပ်စော်ကားခြင်းတွေမပါဘူး။သွေးဆာနေတဲ့ မြင်ကွင်းတွေလည်းမပါဘူး။
ကလေးငယ်နှစ်ယောက်ဟာ မိဘမဲ့အိပ်မက်ကို ရေမြောင်းထဲဆင်းအိပ်ပြီးမက်နေရ။
လေထဲမြောက်တက်သွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း ဟော့ဒီလျှာကြီး
ပြတ်ထွက်သွားတဲ့အထိ ငါဆက်ပြောမယ်။ငါတစ်လှမ်း ။ ငါ့အတ္တတစ်လှမ်း ။
ငါတစ်ခွန်း။ငါ့အတ္တတစ်ခွန်း။တစ်လုတ်စားဖူး ငါ့ကျေးဇူးဆိုသော
ငါတွေချည်းခြေချင်းလိမ်နေတဲ့ လောကီထုပ္ပတ္တ လူတို့ဇာတ်မှာ...
.
ငါဆိုတာ ရွေဘော်စာတွေနဲ့ လုပ်ထားတဲ့ လှေတစ်စင်းလိုပဲ။
နာကျင်မှုတွေနဲ့ တစစနစ်မြုပ်နေတဲ့ ကိုယ်ထည်ကြီး။
ငါ့မျက်ရည်မှာ အငန်ဓာတ်တွေကဲလိမ့်မယ်။
ချထားတဲ့ ကျောက်ကြိုးကို ဖြတ်ပစ်လိုက်ပြီ။ရေပြင်ထက်မှာလည်ထွက်နေတဲ့ ငါတွေ။
ငါသတင်းဌာနကတင်ဆက်လိုက်တဲ့ ငါ့နာကျင်အချိန်ပိုတွေအကြောင်း။
.
ငါ့မြို့ရိုးကို ဖျတ်စီးပစ်လိုက်တာ ငါပေါ့။
ငါ့ကိုယ်ငါပညာမတတ်အောင်လုပ်တာ ငါပေါ့။
ငါ့အသက်သွေးကြောတွေကို သူတပါးလက်ထိုးအပ်လိုက်တာ ငါပေါ့။
ငါ့ခန္ဓာကြီးပိန်ချုံးလာတာလည်း ငါငတ်နေလို့ပဲ။
ငါ့မေးရိုးတွေ ငေါငေါထွက်လာတာလည်း ငါအထုအထောင်းခံနေရလို့ပဲ။
ငါ့အစွယ်တွေကိုဝှက်ထားတာလည်း ငါပဲ။
အို နာ သေကိုတွေ့သလိုလိုနဲ့ စိတ်တစ်ခြမ်းလေဖြတ်ထားတဲ့ ငါ။
ငါထဲမှာ ငါကိုမြင်နေရရင် ပျော်နေတဲ့ ငါ။
ငါအကြောင်းပြောတာ မောလို့ ငါ့ကမ္ဘာ အကြောင်း ငါဆက်ပြောမယ်။
.
ကမ္ဘာကြီးဟာ ကိုကာကိုလာဗူးအရောင် ပေါက်နေပြီတဲ့လား။
ငါဝတ္ထားတဲ့ အက်ႌကေရာ ဘာအေရာင္လဲ။
အရောင်တွေကန်းနေတဲ့ ကာလာဘလိုင်းတစ်ယောက်။
ခေတ်ကြီးက ဘာအရောင်ဖြစ်ဖြစ် ငါမြင်မှာမဟုတ်ဘူး။
မြွေတွေအရေခွံလဲနေတယ်။ပုတ်သင်ညိုတွေ အရောင်ပြောင်းနေတယ်။
ထုံးစံအတိုင်း မျက်လုံးတွေကို နံရံပေါ်ကပန်းချီကားထဲ တစ်စင်တီမီတာလောက်မြှုပ်သွင်းထားလိုက်တယ်။
ဘာ ism နဲ့ပဲရေးရေး ငါလိုအကန်းအတွက်တော့ ဒါဟာ အရသာမရှိတဲ့ဒဿနပုံပျက်ပန်းပျက်ကြီးပဲ။
.
ဒီခေတ်ကြီးထဲမှာ ငါဟာ မြဝတီမင်းကြီး ဦးစ၊ငါဟာ မဟာဗန္ဓုလ၊ငါဟာမြို့မငြိမ်း
စသဖြင့် လူဝင်စားတွေပေါတယ်။ ဝင်းမြင့် ရဲ့ `လူဝင်စားတွေထိုင်တဲ့ကဖေး´ တွေလည်းပေါတယ်။
အဆင်းမှာ ဘီးတပ်ပေးတဲ့ တက်ကျမ်းတွေလည်းပေါတယ်။
ရေမဆေးပဲ ကျွေးတဲ့ ဇူကာဘတ်မျက်နှာပေါ် က မျက်ချေးလိုဓာတ်စာတွေလည်းပေါတယ်။
နေ့စဉ်တင်ဆက်မှုဟာ ငတ်ရင်း ကန်းရင်း ဂေါက်ရင်း ပတ်ဝန်းကျင်ရဲ့လျှာတွေကို ငါ ရွံလာပြီ။
စုတ်ပြတ်သတ်နေတဲ့ ဒဿန တွေနဲ့ ရာသီဥတုအတုတွေကို ခုခံနေတဲ့ကောင်။
များများပြောရင် ခင်ဗျားပါးစပ် black list ထဲပါသွားမယ်။
အဲ့သလို ချို၊ပေါ့၊ကျ နိုင်ငံရေးကြီးထဲ ဗိုက်မကြီးပဲ အော့အန်နေတဲ့အပျိုစင်လို
အာဏာနဲ့ ရှောခ်အရိုက်ခံရတဲ့ ငါ့ ပြည်သူဘဝ။
.
ကုန်ဆုံးသွားတဲ့ နေ့စဉ်တိုင်းကို ရွက်စုတ်ပြက္ခဒိန်တွေလိုလုံးချေပြီးပစ်ထုတ်လိုက်တယ်။
အပြင်မှာ အမှိုက်တွေ အရမ်းများတာပဲ။အစွန့်ပစ်ခံတွေဟာလမ်းဘေးပလက်ဖောင်းပေါ်ကို
ရောက်ရောက်လာတယ်။နေ့ခင်းကို စုန်းတစ်ကောင်လိုထိုင်ကြည့်နေတဲ့လူတွေ၊ငါတွေ၊၊၊၊၊၊၊
ပြိုကျလာတဲ့ သစ်ရိပ်ဝါးရိပ်ကို နေ့လည်စာနဲ့ လဲဖို့ဆုံးဖြတ်လိုက်တယ်။
အတောင်ညှပ်ခံထားရတဲ့ ငှက်ကလေးတွေတဖြစ်လဲ ရေကြီးနေတဲ့ ဘဝ။ခဏ ခဏ
ဇောချွေးပျံနေရတဲ့ လူအုပ်ကြီးထဲ အချိန်မရွေး ပစ်ချခံရနိုင်တဲ့အခွင့်အရေး။
သေချင်းဆိုးနဲ့ သေကြည့်ရုံ။ဒုက္ခတွေကို တည်ဆောက်ကြည့်ရုံ။
နောက်ဘဝကို ငေးကြည့်ရုံ။အပျော်သဘော လိင်ဆက်ဆံကြရုံ။
.
ခင်ဗျားဝတ်ထားတဲ့ တီရှပ်ဆိုဒ်က XXL.ခေတ်ကြီးနဲ့တော့နည်းနည်းကြပ်လိမ့်မယ်။
မြို့ခံပြေးနေရတဲ့ နေ့ပြန်တိုးတွေနဲ့ အညှီအဟောက်တော့ များလိမ့်မယ်။
ဝံပုလွေလာဆင်က အပြင်မှာတကယ်ရှိတာ။ဟစ်တလာက ပုံပြင်တွေထဲကလာတာ။
သိပ္ပံခန်းထဲက ပန်းသီးကလေးဟာ အခုထိ မကြွေကျသေးဘူး။
ငယ်ငယ်ကလို ဆောင်းတွင်းကြီးကို သေးနဲ့ကော့ပန်းချင်တယ်။
မာလကာပင်ပေါ်ကပြုတ်ကျပြီး မသန်တော့တဲ့ ညာလက်နဲ့ ဒီကဗျာကို ရေးမိတယ်။
အခုလို အဆက်စပ်မဲ့သွားတိုင်း အငေးဟာ မျက်နှာကျက်မှာ ပြားနေအောင်သွားကပ်တယ်။
.
ခံနိုင်ရည်အားကို လက်မပေါ်အပ်စိုက်ပြီး စမ်းသပ်ကြည့်လိုက်တယ်။
တစ္ဆေပူးနေရင်တော့ ဒီကောင် သူရဲကောင်းပဲ။အနာကို ဖြေးဖြေးချင်းဖြဲကြည့်တော့။
အထဲမှာ လောက်တွေ။ ဝေဒနာကိုတော့ ခင်ဗျားကိုယ်တိုင် ရှာယူမှ ရမယ်။
.
အာဂန္တု တစ်ယောက်အတွက် ၂၄ နာရီ တစ်ရက်ဆိုတာကို လက်ခံထားရတယ်။
ဘာမြူဒါတြိဂံထဲက နူထရီနို စက်ဝန်းထဲရောက်နေတာ မဟုတ်တဲ့အတွက်
Time & space ကိုလည်း ထိသိနေရတယ်။
ပျက်ပဲပျက်ပျက် ပျောက်ပဲပျောက်ပျောက် ဘယ်သူတွေမှာထိခိုက်နာကျင်ရသလဲ။
မရယ်ရတဲ့ဟာသကို ရေရောပြီး မျက်ရည်လုပ်ပေးနေရတဲ့ ကိစ္စ။
တချို့ကိစ္စတွေကို ဘုရားသခင် မသိတာများလား။ တစ်စုံတစ်ယောက် ဟာ
ခင်ဗျားအပေါ်ချောင်းမြောင်းကြံစည်နေတယ်ဆိုတာ မမေ့မလျော့နှလုံးသွင်းထားပါ။
အဲ့ဒီလူဟာ -
ဘုရင်တပါး ဖြစ်နိုင်သလို ၊ ရဟန်းအတု တပါးလည်း ဖြစ်နိုင်တယ်။
သမ္မတတစ်ယောက် ဖြစ်နိုင်သလို ၊ ပြည်သူတစ်ယောက်လည်း ဖြစ်နိုင်တယ်။
စစ်သွေးကြွတစ်ယောက် ဖြစ်နိုင်သလို ၊ ဂြိုဟ်သားတစ်ယောက်လည်း ဖြစ်နိုင်တယ်။
ခင်ဗျားရဲ့ မိတ်ဆွေလည်း ဖြစ်နိုင်သလို ၊ ခင်ဗျားကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်။
.
လေထဲကိုမြောက်တက်သွားတဲ့ အကြွေစေ့ကလေးရဲ့
ခေါင်းနဲ့ပန်း
တဘက်စီမှာ သေခြင်းနဲ့ရှင်ခြင်းဟာ ကပ်ပါသွားတယ်ဆိုပါစို့။

ရဲရင့်လမင်း
၁၉၀၄၂၀၁၅

ကဗျာသင်္ချိုင်း


တုံးအောက်က ကဗျာဖား ၊ ဝါးလုံးခေါင်းထဲ သာနေတဲ့ကဗျာ ၊
ကဗျာဟောင်လို့ တောင်မရွေ့ ၊ ခွေးဟောင်လို့ ကဗျာမရွေ့ ၊ ကဗျာမြီးကောက်မှာ
လာစွပ်တဲ့ ကဗျာကျည်တောက် ၊ ကဗျာအာဏာရပါတီ ၊ ကဗျာအစိုးရ ၊

#သူဘာတွေလုပ်ခဲ့လဲ/သူဘာတွေလုပ်နေလဲ/သူဘာတွေလုပ်အုံးမလဲ


ဘာသာစကားပေါ် တုတ်ကျသွားရာက စတယ်။
ဆေးစစ်ချက်အရတော့ စကားလုံးတွေက ဘာမှမဖြစ်ဘူး။

Formအားဖြင့်အလိမ်ခံရပြီးနောက် Contentအားဖြင့်ဆက်လက်အလိမ်ခံရ

Sign in
.
အာရုံနောက်လို့ ကိုယ့်ခါးကို သုံးဆယ်ဒီဂရီလောက်ချိုးပြီး နံရံနောက်က ပန့်ခ်ရော့ခ်တစ်ပုဒ်ထဲ ထိုးထည့်ထားလိုက်တယ်။ဘာကိုအာရုံနောက်လဲဆိုတော့ ဘုရားပုံပရိုဖိုင်နဲ့ ဖွန်လိုက်ကြောင် နေတဲ့ကောင်တွေကိုအာရုံနောက်တယ်။ဗုဒ္ဓရဲ့သားတော်အမည်နာမနဲ့ နိုင်ငံရေးပို့စ်တွေအောက် တဖြဲနှဖြဲဝင်ဆဲနေတဲ့ကောင်တွေကိုအာရုံနောက်တယ်။

#ကျွန်ုပ်၏ဦးခေါင်း


- အသံတွေကိုကြားကြားနေရ၏။မည်သည့်အရပ်မှလာသောအသံများဟူ၍ကား မသဲကွဲ။နေ့စဉ်ကြား
နေကြ ကားဟွန်းသံ၊ကလေးငိုသံ၊လူရယ်သံ၊ဝပ်ရှော့ထဲမှကွန်ပရက်ဇာစက်သံ၊တယ်လီဖုန်းမြည်သံ၊
သီချင်းသံ၊သတင်းကြေငြာသံ၊ကားစက်နှိုးသံ၊ဆန္ဒပြတောင်းဆိုသံ စသည့်အသံများ တစ်ခုမှမဟုတ်။
ဘဝမှာ တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဘူးသော အသံတွေဖြစ်သည်။ဒီအသံတွေက ဘယ်နေရာကနေ
လာပြီး ဘာကြောင့်ငါ့နားထဲမှာ လာလာကြားနေရတာလဲ။

စကားလုံး MONSTER များသို့ ဘုရား+သခင် မှ Key:G Bossanova ဖြင့်စီရင်အပ်သော အထိတ်+တလန့် ပေးစာ

+
ခင်ဗျားတို့အမြင်မတော်လို့ တိုက်ပေါ်ကပြုတ်ကျပြီး အုတ်ဆက် ပွင့်နေတဲ့ ကဗျာဟာ ငါပါပဲ။ငါဟာ တစ်ခုလပ် ငါ့ကဗျာတွေ ကို ဘယ်ယဉ်ကျေးမှုနဲ့မှ တန်းညှိပြီး နောက်လင် မရစေရဘူး။မြင်းတစ်ကောင်ရဲ့ခွာရာလို အသိဥာဏ်မဲ့ နက်နဲလာတဲ့ လူတွေ လူတွေ။ + ခုံးထလာတဲ့ လိင်စိတ်ကို မေတ္တာတရားနဲ့အပူပေးပြီး ဆွဲဖြောင့်ပစ်လိုက်တယ်။

`ဘောင်ကျပ်လိုက်ရင် ပန်းချီကားတစ်ချပ်လို ဖြစ်သွားမယ့် အနုပညာ´

. အခုတလော ချောင်းတွေခဏခဏဆိုးတယ်။ အနုပညာဟာ ချောင်းဆိုးသွေးပါရောဂါလား။
အနုပညာမပါတဲ့ဆန္ဒပြပွဲတွေ ဘယ်မှာအောင်မြင်လို့လဲ။ အနုပညာဒြပ်သားတွေအပေါ်မှာ ဘာစေတီတည်ရင် ကောင်းမလဲ။
ကဗျာဟာရေးရင်းနဲ့ ချောင်းတွေဆိုးဆိုးလာတယ်။