Wednesday 13 August 2014

ဘဒ္ဒကမ္ဘာပေါ်မှာ အရှင်လတ်လတ် မီးပွင့်နေတဲ့ ကျောက်တွေ

 
အဲ့ဒီနား ရွှဲရွှဲ စိုနေတာ
ချွေးတွေလား/ရေတွေလား/သွေးတွေလား/သုတ်ပိုးတွေလား
ဖလန်းဖလန်း ထနေသော ခြေထောက်များ
ဂိတ်စဂုတ် တောင်ခြေကို စာလုံးအမှန် ပေါင်းပြပါ
အဘိဓာန်ထဲမှာ မရှိတဲ့ အနက်နဲ့ ဘဝက အဓိပ္ပာယ် တစ်မျိုးထွက်နေတာ
ပြုံးလက်စ ပြက်လုံးများ တစ်ပင်ချင်း လွဲနေသော ကြိုးများ
တစ်ရစ်ချင်း နွယ်နေသော လိင်များ
ကမ္ဘာကြီးက အရပ်ရပ်မှာ မတ်တပ်ကြီး ငတ်နေတာ
လူအချင်းချင်း လူရိုးတွေ ငင်နေတာ
အငိုများလို့ ငုတ်တုပ်ကြီး ကိုယ့်မြစ်ထဲကိုယ် နစ်နေတာ
နီတယ် နီနိုင်သမျှ နီတယ် မနီနိုင်တဲ့အဆုံး အနီးကလူတွေပြာသွားအောင် မီးကုန်ရမ်းကုန် အော်ဆဲပစ်လိုက်တာ
ဖာမတွေကို ထမ်းထားတဲ့ ပလက်ဖောင်းတွေကို ငေးရင်း စိတ်တွေ ယားကျိယားကျိဖြစ်လာတာ
သွားမလုပ်နဲ့ တစ်ခါ Touch လိုက်တိုင်း အဲဒီ Screen ပေါ်က ဆစ်ဖလစ်ပိုးတွေ ပြုတ်ပြုတ်ကျလာတာ
အမေရိကန်ဒေါ်လာ 6.4 သန်းတန် နပိုလီယံ ဓားကြီးကို စိတ်မဝင်စား နိုင်တာ
Sand Sculpture Festival အကြောင်း စဉ်းစားပြီး
စိတ်ယို စိတ်ယွင်း စိတ်ကမြင်းတွေကို Weston-Super-Mare ကမ်းခြေကသဲတွေနဲ့ ပန်းပုထုနေတာ
အချိန်ကိုက် ဗုံးတွေက နေရာကွက်ကျား ကမ္ဘာသိအောင် ထထပေါက်နေတာ
အသက်နဲ့ ကိုယ် အေးရာအေးကြောင်း အိုးစားကွဲနေတာ
မိန်းမရွှင်ခေတ်ကြီးထဲ မြည်သံစွဲ အလင်္ကာတွေ အလုအယက်တောင်းဆိုနေတာ
သေလည်ကြောင်မင်း လက်ထက်က 'ရွှေနှင့်ယိုးမှား ပန်းစကား' ကို ခပ်တည်တည်နဲ့ ဂါ ပစ်လိုက်ကြတာ
အတိဿယဝုတ္တိ မြောက်တဲ့ ညှီနံ့တွေကြား ယစ်ကောင်/ယင်ကောင် တွေလမ်းသလားလာတာ
ဘာသာတရား အလိုအရ အဲဒီ ဝရံတာပေါ်က ပြုတ်ကျသွားခဲ့ရင်
အဲဒီပန်းအိုးထဲက ပန်းပင်ကလေးကို ခရမ်းလွန်ရောင်ခြည်တွေနဲ့ ပြန်လည်စိုက်ပျိုးပေးလိုက်ကြ

                                                                                                      ရဲရင့်လမင်း

No comments:

Post a Comment