Wednesday 13 August 2014

Zရုပ် ဆက်ထားတဲ့အရုပ် စက်ရုပ်

မင်းပါးစပ်ထဲက ဘာသာစကားဟာ မင်းစိတ်ရဲ့ ယဉ်ကျေးမှုပဲ
ဒဿနတွေနဲ့ အပစ်ပေါက်ခံရလို့ နောက်သီအိုရီတစ်မျိုးနဲ့ ထပ်ပွင့်ပြတာလား
ကိုယ့်စံတော်ချိန် ကိုယ်မေ့နေတဲ့ နာရီလို အရပ်နဲ့မျက်နှာက လွဲနေတဲ့ရင်
ခွင်နေတဲ့ ဘီး အမဲဆီခြောက်နေတဲ့ချိန်းလို လူနဲ့ခေတ်ဟာ ဂျမ်းတွေဖြစ်လိုဖြစ်
အဆီယစ်နေတဲ့ ရုပ် နာမ် နှစ်ပါးရဲ့ သွေးထိုးမှုမှာ လူ့အဖြစ်ဟာ ကျည်အနေတဲ့
သေနတ် ရှိသမျှရောဂါတွေနဲ့ ဘဝကို အထာကျအောင် ပေါင်းတင်
ဥာဏ်နီ ဥာဏ်နက်တွေ လမ်းသလားတဲ့ခေတ်မှာ ပေါချောင်ကောင်း
ဘဝတွေ ခဏခဏ ဈေး အကစားခံရ အိုးပုတ် ချိုးရုပ် ကလေးဘဝခြင်းတောင်းထဲ
နမော်နမဲ့ ဝ လုံးလေးများ အနားစများနဲ့ နေစရာ ဘယ်မှာ
သမိုင်းက ပေးတဲ့ လက်တွေနဲ့ ဒီတစ်နွေ အငတ်ဘေးကိုလည်း ရေခဲရေယဉ်ကျေးမှုနဲ့
ယဉ်ယဉ်လေး ခဲ ခဲ့ရ အတိုအရှည် ခွဲထားတဲ့ ပစ္စက္ခနံရိုးများ အဆင်ပြေသလို ဓာတ်နဲ့ နာမ် ငြိပါစေ
အဖိုနဲ့ အမ လျှော့ရိုက်ပြီး အလွယ်တကူ မီးထတောက်တဲ့ ဒုလ္လဘ တရားမဟုတ်ဘူး
ဆိုင်ဘာ ဇလုပ်ကြီးထဲ စီးကျနေတဲ့ လူသား ဆန်မှု
သတ္တုစော်နံ နေတဲ့ဦးခေါင်း အစွန်းရောက်နေတဲ့လက် စက်ရုပ်ဘော်ဒီနဲ့
ကျွန်တစ်ကောင်လို ခြေလှမ်းများ လူကေးမီးယား အကိုက်ခံထားရတဲ့ ခေတ်ကြီး ထဲ လျှောက်ဝင်
ခင်ဗျားဟန်ပါပါ ခဲထားတဲ့စီးကရက်ဟာ သူ့လည်ချောင်းထဲက စက်ရုံ
အရှိုက်မတော်လို့ ချောင်းဆိုးတိုင်း ပန်းထွက်လာတဲ့ သောက်သောက်လဲ အငွေ့တွေ
နောက်တစ်ဘား ချိန်းတော့ ဂိုးပေါက်ပျောက်နေတဲ့ နောက် စက်ရုပ်တစ်ရုပ်
သီချင်းဆိုတယ် စာရေးတယ် မင်းသားလုပ်တယ် ဒါလည်းစက်ရုပ်တွေတပ် အပ်တဲ့
အဋာ ရသ ၁၆ ရပ် နေရာအလိုက် တန် ဖိုးများ အပြုံးတွေကတော့ အသက်ပါ လာပြီ
တခိုးတငွေ့မို့ ဆုပ်ကိုင်ခဲ့မိသော ရင်နှင့် အံဝင်ရန် ယွင်းနေသော ကောင်းနိုးရာရာများ
ကော်ပတ်စားထာေးသာ အရင့်ရောင် မသိုးမသန့်များ မသေချာမှုကို
ဝါးပြီးထွေးထုတ်လိုက်တယ် အပေအတေ ပေါက်နေသော ပန်းများရဲ့
လေးဆယ်သော နာရီများ လက်ကွက် အရတော့ 'C' ကီးပဲ တစ်ချက်ချင်း
မြည်နေတဲ့ စိတ်ရှေ့ က အော်ဂတ်စတြာ ကြီး ဘဝ ဟာ အသံကြောင်နေတဲ့ လေမှုတ် တူရိယာ

                                                                                                      ရဲရင့်လမင်း

No comments:

Post a Comment