Saturday, 8 December 2012
ကွန်
မှင်နီတွေရဲနေတဲ့ကျောက်စာ
ဘယ်ခေတ်ကိုများကိုယ်စားပြုပါသလဲ?
ငါ့နှလုံးသားသမိုင်းမှာတော့
ခနော်နီခနော်နဲ့ အလွမ်းတွေရဲ့သက္ကရာဇ်
ဒါ..ငါမကောင်းစားခဲ့တဲ့ အကျည်းတန်ခြင်း ခုနှစ်များစွာပေါ့...
အတိတ်ရဲ့အထီးကျန်ခြင်းတွေ တစစယဉ်ပါး
ငါ့အနားနား အဘယ်သို့သောအနာဂတ်တွေက
ကုစားခြင်းအရှင်သခင်အဖြစ်
ဘယ်အချိန်ရောက်ရှိလာမှာလဲ..?
ပစ္စုပန်ကိုရှေ့ချ..
ထိုင်ထိုင်ပြီးမှိုင်နေရတဲ့ရက်တွေလည်း
များလှပြီချစ်သူ
ငါတွေးငေးရာပြတင်းတံခါးမှာ
လမိုက်ညတွေတစ်ညပြီးတစ်ည
အလင်းမဲ့နေ့တွေတစ်နေ့ပြီးတစ်နေ့
တမြည့်မြည့်..ဝေး၍ဝေး၍သာ
ဒီတော့ချစ်သူ
နင်တက်လှမ်းမယ်ဆိုတဲ့ အမြင့်ဆုံးတောင်ထိပ်မှာ
ပန်းတွေကိုရွှေမှုန်ကြဲရင်းစိုက်ပျိုးနိုင်စေ
ရောက်လေရာဘယ်အရပ်မျိုးမှာမဆို
နင်အိပ်မက်ဆိုးတွေကင်းပါစေလို့
ငါလှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါရဲ့
အတိတ်သစ်ပင်မှာချိပ်ခဲ့တဲ့
နင်နဲ့ငါ့ရဲ့အရိပ်တွေအတွက်
မာယာခပ်များများကံကြမ္မာကို အခုတော့
ငါ..အခန်းအောင်းရင်းဆက်လက်မောင်းနှင်ခဲ့ပါပြီ
အဲ့ဒီမှာ...
အဆိပ်တိမ်စိုင်တွေအုံ့မိုး
ခပ်ပါးပါးမျှော်လင့်ချက်တွေဝေဝါး
ချို့တဲ့သောရင်ခုန်သံများ၏သိမ်ငယ်ခြင်း
ဘာပဲဖြစ်ဖြစ်ပေါ့ချစ်သူ.....
လွန်လေပြီးသောအိပ်မက်တစ်ဆင်စာကိုတော့...
နောက်ဆုံးအသက်ငွေ့ငွေ့တိုင်သည်အထိ
ငါ..လှလှပပဖက်တွယ်ထားဦးမှာပါ..။ ။
ရဲရင့်လမင်း
(အသက်၂၀တုန်းက ကဗျာလေးပါ။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment