အစွဲတွေနဲ့မလန်းတော့တဲ့ကမ္ဘာမြေအတွက်
အခုလို မထင်မရှား မေတ္တာစကား နည်းနည်းလောက်
ဆိုပါရစေလား သူငယ်ချင်းရေ..
မင်းရောငါရော..မွေးလာကတည်းက
စိတ်နဲ့ကိုယ် တစ်ယောက်တစ်ကိုင်းစီမို့
မတူညီတဲ့ခိုနားမှုမှာ တို့တွေငြိမ်းချမ်းလိုက်ရုံပေါ့...
*မခြောက်သေးတဲ့မေတ္တာတရားတွေမို့
ခဏခဏလာမကိုင်ပါနဲ့လို့လည်း
မဆိုထိုက်ပေဘူး မဟုတ်လား*
ဒီသံသရာစက်ထဲ
ယက်နေကြဆဲဒုက္ခကောင်ချင်းအတူတူမို့
မွေးရာပါအတ္တတွေကို
ဈေးပေါင်ကျိုးနဲ့ချရောင်းလိုက်ကြရအောင်လား သူငယ်ချင်းရေ....
ဒီလိုဆို...
အဘယ်သို့သောကမ္ဘာရဲ့ အဘယ်သို့သောနေရာမှာ
အဘယ်သို့သောသူနဲ့ အဘယ်သို့သောအကြောင်းကြောင့်မှ
အဘယ်သို့သောစစ်ကို ဒို့ခင်းဖို့မလိုတော့ပြီ..သူငယ်ချင်း
လက်ဖက်တစ်ရိုး ကြံတစ်ချိုးစာမျှဆိုပေမယ့်...
မေတ္တာတရားနဲ့လွင့်နေတဲ့တိမ်မို့
နေ့ဖြစ်စေ...ညဖြစ်စေ
အလင်းဖြစ်စေ...အမှောင်ဖြစ်စေ
သူဟာ.....
ကမ္ဘာကုန်ကျယ်သ၍ တည်နေပေလိမ့်မယ်....သူငယ်ချင်း...၊၊....၊၊
(*)ဆရာစိုင်းဝင်းမြင့် ကျောက်စာတိုင် ကဗျာမှ မှီငြမ်းသည်။
ရဲရင့်လမင်း
No comments:
Post a Comment