Saturday, 8 December 2012
ကိုယ်ပိုင်သံစဉ်
ဒိုရေမီဖာတောင် မသိတဲ့ကောင်က
အချစ်သီချင်းကို ကောရက်(စ်)ပိုဒ်ကမှ
စဆိုချင်တယ်တဲ့....
ငါဟာတော်တော်ရီ(ရယ်)ရတဲ့ကောင်ဘဲ။
ဘေးတိုက်လှုပ်ရှားမှုများတဲ့လောကကြီးထဲ
ဒုက္ခမိုးတွေကဘဲ သည်းလွန်းတာလား
ဘဝဘီးတွေကဘဲ ကွာလတီမပြည့်တာလား
ငါ့မှာခဏခဏလမ်းချော်နေရတယ်။
တံလျှပ်ကိုလည်း ရေမထင်ခဲ့ပါဘူး
ရွှေသမင်လည်း အလိုက်မမှားခဲ့ပါဘူး
လောကဓံရေ မင်းနဲ့စစ်ခင်းရလွန်းလို့
ငါ့မှာ ဒုက္ခဝပ်ကျင်းထဲက ရုန်းမထွက်နိုင်ခဲ့တာ ကြာပါပြီ။
တိမ်တွေကငွေ့ရည်ဖွဲ့တိုင်း
ရွာတာမဟုတ်ပါဘူး....
ငါ့ရင်ကိုခိုတဲ့ ငါ့ဂစ်တာအိုလေးလည်း
ထိခိုက်ပွန်းရှမှုတွေနဲ့ သူ့ရင်ထဲက
အနာတရတေးကို မဖွင့်ဟဖြစ်တာကြာပါပြီ။
မှောင်ဖို့လည်းခက် လင်းဖို့လည်းခက်တဲ့ နေ့တွေထဲ
ဒုက္ခတရားရေ ....
ငါကပွင့်မယ်လုပ်တိုင်း
မင်းကငါ့ကို ပန်နှင့်ပြီလေ...။
ဘဝကြမ်းရှရှထဲ
ချရေးလိုက်တဲ့သီချင်းတွေမှာ...
ငါ့ရဲ့တောမကျွမ်းမှုကြောင့်
သံစဉ်တွေဟာ သူ့အလိုလို
သေနေခဲ့တယ်။
ကဲ....
ဘာတတ်နိုင်မှာလဲ
သူငယ်ချင်းရယ်.......
မင်းကလည်း လက်ဖြောင့်တပ်သား
ငါကလည်း လက်ဖြောင့်တပ်သား
ရင်ဝကိုလာမှန်တဲ့ အနုပညာအတွက်တော့...
ငါတို့နှလုံးသားတွေ....သာသာယာယာ
ထိုးကျွေးလိုက်ကြရုံပေါ့။..................။
ရဲရင့်လမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment