- ရနံ့ခိုးဝှက်ခြင်းခံရတဲ့ နှင်းဆီပွင့်တွေရဲ့အဖြစ်
- ကဗျာဆရာကကဗျာနဲ့ မရပ်တည်နိုင်တဲ့အဖြစ်
- နိုင်ငံကူးလက်မှတ်ကို ဘဝတစ်ခုလို ဆုပ်ကိုင်ထားရတဲ့အဖြစ်
- နွေရာသီဆို ပြတ်တောက်သွားတဲ့ လျှပ်စစ်မီးတွေရဲ့အဖြစ်
- ခင်းချင်သလိုခင်းပြီး ပိတ်ချင်သလိုပိတ်ထားတဲ့ လမ်းတွေရဲ့အဖြစ်
- ဘယ်သူသေသေ မသေမခြင်းခေါင်းမာတော့မယ့် ငတေကောင်တွေရဲ့အဖြစ်
- ဇာတ်တူသားစားပြီး နတ်ပြည်သွားချင်နေသူတွေရဲ့အဖြစ်
- သံတိုင်တွေကြားက ယုံကြည်ချက်ကို သစ္စာမဖောက်သူတွေရဲ့အဖြစ်
- လှောင်အိမ်ထဲက စေတီပုထိုးတွေရဲ့အဖြစ်
- ကိုယ့်ယဉ်ကျေးမှုကိုကိုယ် လေလံတင်ရောင်းချချင်နေသူတွေရဲ့အဖြစ်
- ရွှေပေါ်မြတင် ခရိုနီဇာတ်ခင်းနေတဲ့ မသူတော်ကောင်တွေရဲ့အဖြစ်
- စစ်ဆိုတဲ့အတွေ့မှာ အိုးမဲ့အိမ်မဲ့ ကူကယ်ရာမဲ့နေသူတွေရဲ့အဖြစ်
- လောဘ၊ဒေါသ၊မောဟ သုံးရွက်တပ်ပန်ကာလေးနဲ့ အိပ်မောကျနေတဲ့
- အတ္တကောင်တွေရဲ့အဖြစ်
- ဆေးစက်ကျရာ အရုပ်ထင်ဖို့ ဖြတ်ထိုးဥာဏ်မကောင်းရှာတဲ့
- အဝေးရောက် သားဆိုးသားမိုက်တွေရဲ့အဖြစ်
- ရင်ဟိုက်ဗိုက်ဖေါ်၊ဒူးပေါ်ပေါင်လှပ် ဥတုသုံးပါးအသက်ရှုကြပ်နေတဲ့
- ကိလေသာထိပ်ဖူးတပ် တိုနံ့နံ့ဒုံးကျည်တွေရဲ့အဖြစ်
- အဲဒီလို အဖြစ်အပျက်တွေကြားကဘဲ
- မကျေနပ်ခြင်းကျည်ဆံကို ကဗျာတစ်ပုဒ်ရဲ့အစီအမံနဲ့
- ပစ်လွှတ်လိုက်ပါတယ်.......
- နှစ်ဆယ့်တစ်ရာစုရေ မင်းကျောပေါ်မှာပါလာတဲ့
- အတုနဲ့အစစ် တစ်ခုခုကိုတော့ ထိတန်ကောင်းပါရဲ့။ ။
ရဲရင့်လမင်း
No comments:
Post a Comment