ကြိုးတန်းပေါ်က တီရှပ်က ငါ့ကို ဂလစ်တွေထရွတ်တယ်။
ရှုပ်ပွနေတဲ့ ခေါင်းထက်ကဆံပင်တွေလို အောက်ဆီဂျင်နည်းပါးလွန်းတ့
အခန်းဟာ မြို့ရဲ့ဆင်ခြေဖုံးတစ်ခုထဲ အလိုက်သင့်ဝဲကျလို့။
မနေ့ညက နတ်သမီးလေးဟာ နံရံပေါ်ကပိုစတာကြီးလား။
လည်ချောင်းတွေယားလိုက်တာ။
အတွင်းနဲ့အပြင် ရှုရိုက်ခွင့်ရနေတဲ့ နှစ်ပင်လိမ် အငွေ့အသက်လေး။
ကောင်းကင်အစား ကွန်ကရစ်။ကစားကွင်းတွေအစား အမှိုက်ပုံ။
ပြတင်းပေါက်ဟာ အမှောင်ကိုဂီယာချိန်းလိုက်တ
သောက်လက်စခွက်ပေါ်မှာ ပိုင်ရှင်မဲ့နှုတ်ခမ်းရာတွေ
စီးကရက်အစီခံတွေက အသွေးအသားညှီနံ့ကို စုပ်ယူနေသလို။
ဘာအလုပ်ကိုမှမလုပ်တဲ့ ဘိုဟီးမီးယန်းကုတ်အင်္ကျီကြီးထဲ စိတ်တွေကို
ထိုးထည့်နေမိတယ်။ကန္တာရမှာပေ
လူ့အဖွဲ့အစည်းနဲ့ မလိုက်ဖက်တဲ့ ထောင့်/အာဟာရကို သိပ်နားမလည်သူ။
ကျွတ်သလိုလိုနဲ့ လင်းနေတဲ့ခေါင်းထက်က မီးချောင်း၊ ခန္ဓာဟာ ဘယ်လိုရုပ်ဝတ္ထု
အမျိုးအစားလဲ။ငါ့ကိုယ်ငါ မှန်ထဲပြန်တွေ့နေရတာကိုက အော်ဂလီဆန်လှပြီ။
အခန်းထောင့်က ၆ကြိုးမှာ အောက်၂ကြိုးကို ပလာယာနဲ့ကိုက်ဖြတ်ပစ်လိုက်တ
အပြင်မှာ နှင်းမှုန်တိုင်းတွေကျခဲ့သလာ
ဘာသာရေးအထိကရုဏ်းတွေဖြစ်ခဲ့
တည်တည်ငြိမ်ငြိမ်ပဲလား။စသဖြ
ဘဝမှာပေးစရာတွေကအများကြီး။ဘာ
ယူချင်နေတာလဲ။ဖြေးဖြေးပေါ့
ဆေးရုံကြမ်းခင်းပေါ်မှာ။
ရဲရင့်လမင်း
No comments:
Post a Comment