Saturday 26 November 2016

အားနည်းနေတဲ့ ဗဟိုချက်မှာ (ငါ)ကိုဌာပနာထားလိုက်


နေ့ ည နေ့ ည နေ့ ည နေ့ ည နေ့ ည နေ့ ည
ငါက
လွန်ခဲ့တဲ့  ဆယ်နှစ်လောက်ကတည်းက ကဗျာဆရာ(အစွဲ)
ဝင်လေနေ့ ထွက်လေည ဝင်လေနေ့ ထွက်လေည ဝင်လေနေ့ ထွက်လေည
ငါ့ကျောရိုးမှာ

နိမိတ်ပုံတွေ တပ်ထားလိုက်
ဘာသာစကားတွေ တွယ်ထားလိုက်
နေလုံးကြီးထွက်လာတယ် နေလုံးကြီးထွက်သွားတယ်
နေလုံးကြီးထွက်လာတယ် နေလုံးကြီးထွက်သွားတယ်
ငါဟာ
ငါ့ကိုယ်ငါ ရိုက်ခွာပြီး
ကဗျာတွေနဲ့ သေကြောင်းကြံစည်ခဲ့
ဖြစ်ပျက်တွေအဆုပ်လိုက် ပွင့်လာတယ် ဖြစ်ပျက်တွေအဆုပ်လိုက် ကြွေသွားတယ်
သောက်လက်စရေတွေ အနည်ထလာတယ် သောက်လက်စရေတွေ အနည်ထိုင်သွားတယ်
ငါမသေပဲ ရွာခဲ့တဲ့ မိုးတွေ
ငါမသေပဲ ရယ်ခဲ့တဲ့ ပါးစပ်တွေ
ကဗျာတွေဆန်းသစ်လာတယ် ကဗျာတွေ အီ/အိုင်လာတယ်
အိုင်တီဆိုတဲ့ ဤတိုင်ကြီးကိုပဲ ကျွဲအမှတ်နဲ့ ပတ်ကြတာပေါ့
မရုန်းဘူး
မကြွဘူး
ဗလာနေ့ ဗလာည ဗလာနေ့ ဗလာည
ဝင်လေဗလာနေ့ ထွက်လေဗလာည ထွက်လေဗလာနေ့ ဝင်လေဗလာည
လူကလူ့အဖွဲ့အစည်းထဲမှာ စိတ်ကစိတ်အဖွဲ့အစည်းရဲ့ အပြင်မှာ အပြင်မှာ
မိုးကြိုးတွေပစ်နေတယ် အထဲမှာ မြွေတွေကိုက်နေတယ်
ကျိုးကျသွားတဲ့ သစ်ကိုင်းက နိမ့်တယ် တပ်ထားတဲ့ ဆိုင်းဘုတ်ကမြင့်တယ်
ဖွင့်သမျှခလုတ်တွေမှာ ရှော့ခ်ချည်းပဲ
အဆိပ်နေ့ အဆိပ်ည အဆိပ်နေ့ အဆိပ်ည အဆိပ်နေ့ အဆိပ်ည အဆိပ်နေ့ အဆိပ်ည
ဝင်လေအဆိပ်နေ့ ဝင်လေအဆိပ်ည နေ့ည နေ့ည နေ့ည ထွက်လေအဆိပ်နေ့ ထွက်လေအဆိပ်ည

လင်းလက်တာရာ ရဲရင့်လမင်း

No comments:

Post a Comment