သူဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးကို ခင်ဗျားဘယ်စိတ်တိုင်းကျမလဲ။အချိုတစ်ခင်းစာ လူသားဆန်မှု၊
အမြင်ဆိုင်ရာပခြုပ်ထဲမှာပုဒ်မအကြီးကြီးတွေပိုးကျနေတယ်။ ငါ့ကိုယ်ငါတွန်းလှဲ ငါ့ကိုယ်ငါ ထူမတ်၊ အနု
ပညာပေါတဲ့အရပ်မှာ အတုပညာတွေလည်းပေါတယ်။ထပ်ပြောရင်ထပ်နာတယ်ဟောဒီရင်ဘတ်က နှလုံး
အူသံတွေကို ကြားရမယ်။ကြယ်ရောင်တောက်ပေမယ့် အကြောက်တရားက အခုထိနေရာမယွင်းချင်သေး
တော့။စိတ်ကိုရေနွေးနဲ့ဖျောခေတ်ဆိုတဲ့ဘောတံတားမှာရုပ်ဖျက်ထားတဲ့ဝမ်းရေးဟာတတ်မကိုကိုင်လို့ မင်း
ဟာအလီဘာဘာဆိုရင်ခိုးသားငါးရာထဲကတစ်ယောက်ဟာငါလို့အိပ်မက်တွေမက်တယ်။အရူးတစ်ယောက်
မပြောသင့်တဲ့စကားဆိုတာရှိပါ့မလား။အရှက်မလုံတလုံအဝတ်စတွေနဲ့ယဉ်ကျေးမှုအရှုပ်တော်ပုံကိုမဖန်တီး
ကြပါနဲ့။ရင်ဘတ်ထဲကပျားအုံကိုစစ်ဆိုတဲ့တုတ်နဲ့ လာလာမထိုးကြပါနဲ့။ကလေးငယ်တွေရဲ့နှလုံးသားတွေကို
အကြင်နာတရားနဲ့အတူချိုမြပါစေ။မကောင်းမှုနယ်နိမိတ်တွေကျိုးပျက်ပါစေ။အစိုင်အခဲ၊အခိုးအငွေ့၊ပြုသူဖြစ်
သူ၊သံသရာ။လည်ပြီးရင်းလည်နေတဲ့စက်ဝိုင်းထဲ လဲပြီးရင်းလဲနေတဲ့ ခန္ဓာတွေ။ကာလပေါ်တေးနဲ့နာတာရှည်
မြို့ပြ။ခေတ်ဆန်တာလား၊ခေတ်စော်နံတာလား။ငါ့ကိုလည်းတစ်တိုင်ရိုက်ပေး။ငါလည်းကျားထုမယ်။၂၀၀၀ခု
နှစ်ဝန်းကျင်ကမာရီဂျူးနားညတွေ။ဂစ်တာဖလက်တံပေါ်က လူငယ်တစ်ယောက်ရဲ့အပြင်းစား တွန့်ကြေမှု။ရိုး
ရာအတိုင်းငတ်တယ်။ရိုးရာအတိုင်း ဂေါက်ကြောင်တယ်။ခပ်တည်တည်ပဲ ခြေလှမ်းတိုင်းဟာ မဟာပထဝီမြေ
ကိုထိတယ်။လူငယ်တစ်ယောက်ရဲ့အော်သံကိုခေတ်ကြီးကမကြားဘူး။အာရုံကြောတွေထဲအတွေးမီးတောက်
တွေအေးခဲနေတယ်။ဒဏ်ရာကဘယ်နားမှာလဲ။ကံကြမ္မာရဲ့ရင်ဘတ်မှာမွေးရာပါအပေါက်ကြီးနဲ့ငါးပါးသီလဟာ
ခါးကနေပြည်ကျနေတဲ့ပုဆိုး။10ml ခွက်လေးနဲ့ပက်နေရတာအားမရတော့ဘူး။ငါးလောင်းပြိုင်လူသတ်မှုနဲ့ စိန်
စီသောည။အဆက်စပ်မဲ့သလိုလိုနဲ့ အဆက်စပ်ရှိတယ်။ နိုင်ငံတော်အလံပေါ်ကအရွယ်တူကြယ်ဖြူ တစ်ဆယ့်
လေးလုံး ဟာဘယ်အရာကို ကိုယ်စားပြုဖို့ အထိမ်းသိမ်းခံလိုက်ရတာလဲ။၂၀၀၈ခုနှစ်ကရုံတင်ဖို့မလိုတဲ့ ဇာတ်
လမ်း။မှတ်ဥာဏ်လည်းမကောင်းပါ၊ပညာလည်းမတတ်ပါ။ခုတ်ချင်သလိုခုတ်၊လှဲချင်သလိုလှဲခဲ့ပြီးမှ လွှစာမှုန့်
တွေနဲ့ နောင်တတရားကိုတည်ဆောက်မလို့လား။ခင်ဗျားခေါင်းထဲမှာ သင်္ချာဥာဏ်မရှိရင် ခေတ်ကြီးရဲ့ GPS
မှာ ခင်ဗျားလိုကေးရှင်းတွေဘုံပျောက်နေမယ်။ဟီလီယံဓာတ်ငွေ့တွေကုန်ခမ်းပြီးမြေပြင်ပေါ်ကျဆင်းလာတဲ့မိုး
ပျံပူဖောင်းလိုခေတ်ရဲ့ပလက်ဖောင်းပေါ်မှာ လူးလွန့်နေတဲ့အညတရခြေထောက်တစ်စုံ။ပင့်ကူအိမ်ထဲ ငြိနေတဲ့
ခေတ်ပြာရောင်စက်ရုပ်တွေကြား။စုတ်တံပေါ်မှာစီးဆင်းနေတဲ့ကော်ဖီခွက်တွေကြား။ညရဲ့စိတ္တဇအတိုင်းအငွေ့
ပျံနေတဲ့ဆေးခွက်တွေကြား။ရယ်စရာကောင်းတဲ့ရင်ဘတ်တွေနဲ့ခါကာဘိုရာဇီလိုစိတ်ကူးများအတွက်ကုန်းနေ
တဲ့ခါးကို ထပ်ကိုင်းပြီး ဦးညွှတ်လိုက်ပါတယ်။။ ဧရာဝတီက ယန်ဇီမဟုတ်သလို၊ယန်ဇီကသိမ်းစ်မဟုတ် သလို၊
သိမ်းစ်ကလည်းသံလွင်မဟုတ်ပါဘူး။မျက်နှာပြင်တိုင်းဟာ အမှန်တရားပဲ နံရံငါးဖက်နဲ့ အပိတ်စနစ်ကို ဖန်တီး
ချင်လို့မရ။နံရံပေါ်မှ ဖြစ်စေ၊ကြမ်းပြင်ပေါ်မှ ဖြစ်စေ၊မျက်နှာကျက်ပေါ်မှ ဖြစ်စေ၊ခင်ဗျားဟာဒိုင်မေးရှင်းတစ်ခုခု
ကနေခေတ်ကိုတုံ့ပြန်နေဖို့ လိုတယ်။
ရဲရင့်လမင်း
04102013
No comments:
Post a Comment