လှပ်ခနဲ ရင်ဘတ်ကကန်ထွက်သွားတဲ့ အနာက သိမှုမှာ မသိမသာ
သွားစိုက်နေတာလို့ပြောတယ်။ဆရာဝန်ခေါင်းခါတယ်။
အိတ်စပိုင်ယာဖြစ်နေတဲ့ ဝါကျအတိုတွေကို စားသုံးမိလို့ ခင်ဗျားဘဝကြီး
တိုတိုဝင်သွားတာလို့ထပ်ပြောတယ်။ဝါကျအရှည်တွေက ခင်ဗျားပါးစပ်နဲ့ မဆံ့ဘူးလေ
ခုတလော ခင်ဗျား အာနာ/အာဏာ လျှာ/ရှာနာတွေဖြစ်နေမှာပေါ့လို့ပြောပြန်တယ်။
ဟိုမှာတွေ့လား ယဉ်ကျေးမှုမြို့ရိုးပေါ် ဗိုင်းကောင်းကျောက်ဖိအထာနဲ့ မတ်တပ် တပ်ရပ်နေတဲ့
မီးဖိုချောင်သုံး အိမ်ရှင်မ စက်ရုပ်တွေ။ဆရာဝန်လိုက်ကြည့်တယ်။ပြုံးတယ်။
ဟိုမှာတွေ့လား ခင်ဗျားရဲ့လူသားဆန်လိုမှုကို နည်းပညာစလိုးဒေါင်းကြီးက ကမောက်ကမ
ဖြစ်အောင်လုပ်နေပြီ။ဆရာဝန်လိုက်ကြည့်တယ်။တစ်ခုခုကို စဉ်းစားတွေးတောနေသလိုလို။
အိပ်မရမဲ့အတူတူ အကုသိုလ်စိတ်ကို အိတ်ဇော့ပြောင်းထဲထည့်ပြီး ကိုယ့်ကိုယ်ထဲကို ပြန်မှုတ်
သွင်းပစ်လိုက်တာ အကောင်းဆုံးပဲဗျ။ဆရာဝန်ဘေးက နပ်စ်မလေးက ဆေးလုံးလေးတွေ
ကမ်းပေးတယ်။ခင်ဗျားသိလား ဘာသာဗေဒဆိုတာတွေက ကျောက်ခဲကို ချောကလက်အုပ်
ထားတာဗျ။ဆရာဝန်မျက်လုံးနည်းနည်းပြူးသွားတယ်။ဘောင်းဘီအိတ်ထဲက စာရွက်တွေ
ဆွဲထုတ်ပြီး ရော့ရော့ ဒါတွေက ကျုပ်ရေးထားတဲ့ စာတွေပဲ ခင်ဗျားဆာရင် စားလို့ရတယ်။
စားတတ်ဖို့တော့ လိုတာပေါ့ဗျာ။ဆရာဝန်ပုခုံးတွန့်ပြတယ်။ပြီးတော့ လှည့်ထွက်သွားတယ်။
ဂျိမ်းခနဲ တံခါးပိတ်သံနဲ့အတူ ဆေးလုံးတွေကို နံရံဆီပစ်ပေါက်ပြီး၊
ဝတ်ထားတဲ့အင်္ကျီကိုချွတ်လိုက်တယ်။ပြီးတော့ဘုထုံးလုပ်ပြီး မျက်နှာကျက်ကငြိမ်နေတဲ့
မီးလုံးကို ပစ်ခွဲချလိုက်တယ်။အခန်းဟာ အလင်းရောင်မှ မရှိတော့တာ။
ရဲရင့်လမင်း
၀၄၁၀၂၀၁၅
No comments:
Post a Comment