Saturday 26 November 2016

ရက်ပါတစ်ယောက်ရဲ့ပါးစပ်က ဆလန်းအကျိုးအကြေတွေ


ဒုက္ခရဲ့အဆင့်အတန်းကို ခင်ဗျားသိလား ဒုက္ခဟာဒုက္ခရောက်နေသူတွေကို ဒုက္ခပိုပေးတယ်
ဒုက္ခဟာ အမှန်တရားကိုဝတ်ဆင်ပြီး လမ်းပေါ်ကိုထွက်လာတဲ့ တီရှပ်တွေ
ဒုက္ခဟာ ဒုက္ခကို ခိုစီးပြီး လှေခါးပေါ်ကိုတက်သွားတဲ့ ခြေထောက်တွေ
ဒုက္ခဟာ ကွာလာလမ်ပူမြို့ကောင်းကင်ပေါ်က အာနာပါန အထာနဲ့ Silent Killer
ဒုက္ခဟာ Face Mask နဲ့ သူ့ကိုယ်သူ ရုပ်ဖျက်ထားတယ် အတုတွေပေါတဲ့ခေတ်မှာ

ဒုက္ခကရော အတုမရှိဘူးလား ဒုက္ခဖြတ်သန်းရာဒေသမှာ မျက်လုံးတွေဟာဆာလောင်နေကြတယ်
ကဗျာဆရာဟာ လူထုကြားမှာမတ်မတ်ရပ်လို့ ငြိမ်းချမ်းရေးလရောင်ကို လက်ခုပ်တီးပြီးလှမ်းခေါ်နေတယ်
စိတ်ထဲဟီလီယံဓာတ်ငွေ့တွေထိုးထည့်ပြီး တဟီဟီကျွန်းကိုသွားမယ် အရက်ကြိုက်တဲ့ပညာတက်မိန်းမတွေနဲ့
ကျုပ်တို့နိုင်ငံရဲ့ ပညာရေးအကြောင်းဆွေးနွေးမယ် ရေခံမြေခံကောင်းပါစ ခေတ်သစ်ပညာရေးစနစ်အတွက်
ခေတ်သစ်ယဉ်ကျေးမှုတွေအဆင်သင့်ဖြစ်ပြီလား ခေတ်သစ်ယဉ်ကျေးမှုအတွက်ရော ခေတ်သစ်လူသားတွေက
ဘာတွေကိုပြင်ဆင်ထားပါသလဲ Fusion အဆင့်မှာတင်ရပ်တန့်နေရင်တော့ ဒီမိုးက ဒီမိုနဲ့ အဆင်မပြေနိုင်ဘူး
မီးလောင်ထားတဲ့ သစ်ငုတ်တိုလို ကိုယ့်ကိုယ်ကို ပြန်လည်ငုံ့ကြည့်နေရတဲ့ နေ့တွေ စိတ်ဟာအစွဲအလန်းတွေနဲ့
နှစ်ဆယ့်တစ်ရာစုကိုကျောပေးပြီး တိတ်တိတ်လေး ပြာကျနေတယ်
ကမ္ဘာပြားပြီဆိုအားလုံးအေးဆေးပဲလား မည်သူမဆို စဉ်းစားတွေးခေါ်နိုင်ပါတယ်
အဏုမြူခေတ်ရဲ့ ကွန်ချက်ထဲယူရေနီယံသတ္ထုလို ခင်ဗျားအတွေးအခေါ်တွေ စနစ်တကျ တန်ဖိုးရှိဖို့လိုတယ်
ရေတစ်စက်ဆိုပေမယ့်ပုရွတ်ဆိတ်တစ်ကောင်ကိုတော့ သေစေနိုင်တယ်
နျူးကလီးယားထိပ်ဖူးပေါ်က ဘဝတွေ ကိုးနဝင်းကြေပါစေ
သြဇာမရှိတော့ အော်စားရတယ် ဟောက်စားရတယ် အော်လိုက် ဟောက်လိုက်နဲ့ အောက်ဆော်နံနေတဲ့
ကွန်ဆာဗေးတစ်လော်တွေ ပါးစပ်နဲ့ မိုက်ခွက်နဲ့ ရင်ဘတ်အကန်းနဲ့ ဟောင်းလောင်းပွင့်နေတဲ့ အယူအဆနဲ့
ကိုခင်ဝမ်းရဲ့ ရွဲ့နေတဲ့ဖန်ခွက်တစ်လုံးထဲ ခင်ဗျားတို့ အသံတွေကိုပစ်ထည့်လိုက်ကျ
အဇ္ဈတ္တ တွေမီးထတောက်တဲ့ပွဲ ဆောင်းရှားတယ် ဆောင်းကိုရှာဖို့ နှင်းကလည်းရှားတယ်

သမ္မတရုံကိုလွမ်းတယ် သမ္မတရုံကခပ်ညံ့ညံ့ဇာတ်လမ်းတွေကိုလည်း လွမ်းတယ်
အလွမ်းက ဗိုက်ဆာရင် အလုပ်လုပ်ရတယ် ငါတို့ဟာ ရိုမန်တစ်တွေမသိတဲ့ အလွမ်းရဲ့ကျွန်တွေ
အနာပေါ်တုတ်ကျနေတဲ့ အရေးအသားနဲ့ ခေတ်ကို ကိုယ်စားပြုချင်နေတဲ့ ပေါ်ပင် အသည်းကွဲဇာတ်လမ်းတွေနဲ့
ပြက်လုံးမပိုင်ပဲ စင်ပေါ်တက်လာတဲ့ လူရွှင်တော်လို ခေတ်ကြီးက ခင်ဗျားကို ခွက်ထိုးခွက်လန် ရယ်နေမယ်


ရဲရင့်လမင်း
27062013

No comments:

Post a Comment