Saturday 26 November 2016

မပုတ်မသိုးအောင် သံသရာကို ဖော်မလင်စိမ်ထားလိုက်



.
မျက်စိရှေ့ မှောက် ကျလာတဲ့ ဝါကျတွေ ရည်ရွယ်ချက်ရှိရှိ
ရည်ရွယ်ချက်မဲ့ သံထည်လို ကျီးလိုလို ကြွက်လိုလို အဝါရောင်
လဒများ လေဟုန်စီး ဝါဒများ မျှစ်/စက္ကူမဖြစ်တဲ့ ဝါးတွေ အိပ်မရခေါင်းအုံးထဲ
ညစ်ညမ်း ချည်မျှင်တွေ အထက်နဲ့အောက် ချုပ်ရိုးပြုတ် အမြင်မကြည် လင်
နဲ့ မယား ဝါးတားတား ဝါးတံတားလေးထိုး ခေတ်ဆီကူး နည်းပညာတန်ခိုးနဲ့

ခုံပေါ်မှာ ခေါင်းညိတ် စင်အောက်မှာ အတင်းတုတ် ခေါင်းရမ်း ဂုန်းတတ်လား ဂီယာ
ကြီးသာပစ်ထည့်လိုက် ဝေါခနဲ ဝေါခနဲ အပေါက်ကျယ် နော်ဇယ်ခေါင်းမှာ
ဆာလောင်မှုသည် ပန်းထွက် မနက်ခင်း လှလိုက်တာ သတင်းစာတစ်စောင် ကောက်
ဖတ် ပြီး တွေ့ရာသတင်းနဲ့ အတွေးဘိန်းမုန့်တစ်ချပ် ပြု လုပ် ပလုတ်
ပလောင်းမျိုချ ဟတ်စကီး အသေးစားတွေ ပျက်ကျမလာခင် ကော်ဖီကို အေးစက်စက်
ကောက် မော့ နေ့တနေ့ထဲ ဝင်လာသော အစာအိမ် ဆာဂျရီကိုင်ထားသော နေ့စဉ်
စာမျက်နှာ အတ္တ ချက်နည်း ပြုတ်နည်း အာရုံနောက်နည်း လောဘတတ်နည်း ခွက်
ကျနည်း နည်းမှန်သမျှ ထီးလိုဖွင့် စောင်း သော့ အိမ်ထဲမှာ ကျန်ခဲ့လား နေပြင်းတယ် နား
ညည်းတယ် ခိုစီးကြောင်း နားထင်မှာ ပလာစတာကပ် ကြုံရာကားပေါ် ပြေးတက်
ပိတ်ဆို့နေတဲ့ ယာဉ်ကြော ပလက်ဖောင်းပေါ် တိုးဝှေ့နေတဲ့ လူကြော ခန္ဓာကိုယ်ထဲ
ဇောတစ်ခုနဲ့ လှည့်ပတ်နေတဲ့ သွေးကြော သေရင် ဘာဖြစ်မလဲ လူလား ခွေးလား နတ်လား
ကြီးကောင်ကြီးမားနဲ့ ခင်ဗျားအခု ငင်နေတာ အသက်လား နင်နေတာ ငါးရိုးလား
မကောင်းမှုအားလုံးကို အက်ဆစ်နဲ့ ဆေးပစ်လိုက်ရင် ကိုးဆယ်ရာခိုင်နှုန်းလောက်တော့
ယဉ်ကျေးသွားပါပြီ ဘာမေးစရာရှိသေးလဲ ဘာငေးစရာရှိသေးလဲ ဘာတွေးစရာရှိသေးလဲ
.
ရဲရင့်လမင်း

No comments:

Post a Comment