Saturday 26 November 2016

'ခွေးနက္ခတ်'


ခွေးတွေမှာ အုပ်စုဖွဲ့အဓမ္မကျင့်သတ်ဖြတ်တာတွေမရှိဘူး။
ခွေးတွေမှာ နောက်ကွယ်ကချုပ်ကိုင်ထားတာတွေ မရှိဘူး။...
ခွေးတွေဟာ စိတ်မကောက်တတ်ဘူး။
ခွေးတွေဟာ အနုပညာကိုမသိဘူး။
ခွေးတွေက ရိုင်းတယ်။
ခွေးတွေက လောဘကြီးတယ်။
ခွေးမှန်ရင် ယဉ်ကျေးမှုကိုမသိဘူး။

ခွေးမှန်ရင် အကုသိုလ်ကိုမသိဘူး။
ဘော်ဒီလိုးရှင်း လိမ်းတဲ့ခွေး။
လွှတ်တော်တက်တဲ့ခွေး။
ခြံတိုင်ကိုက်တဲ့ခွေး။
ဂျွန်ဆင်ပေါင်ဒါ လိမ်းတဲ့ခွေး။
နံပါတ်တုတ်ကိုင်တဲ့ခွေး။
အကျင့်ပျက်ခြစားတဲ့ခွေး။
သားရေပေါ်အိပ် သားရေနားစားတဲ့ခွေး။
ယနေ့ပြသနေတဲ့ ခွေးကျွန်မခံပြီဇာတ်ကားမှာ ခွေးတွေပါတော်မူသွား။
လျှာတော်သလင်း ခွေးဇာတ်ခင်းနေတဲ့ ခွေးအစိုးရ။
ခွေးတွေက အကြမ်းမဖက်ဘူး။
ခွေးတွေက ဗလောင်းဗလဲမပြောဘူး။
ခွေးထက်မိုက်တယ် ဆိုတဲ့စကားကို ခွေးတွေမသိဘူး။
ခွေးထက်မိုက်တယ် ဆိုတဲ့စကားက ခွေးတွေကို နှိမ်တာ။
ခွေးတွေမှာ လူမျိုးရေးမုန်းတီးမှု မရှိဘူး။
ခွေးတွေမှာ ဘာသာတရားကို မှိုင်းတိုက်တာတွေ မရှိဘူး။
ခွေးတွေဥပုတ်မစောင့်တာ ဆန်းလား။
ခွေးတွေသတ်သတ်လွတ်မစားတာ ဆန်းလား။
ခေတ်ပေါ်ခွေး။ ခေတ်ပြိုင်ခွေး။
ခွေးဟာခွေးလိုပဲ တွေးတယ်။
ခွေးဟာခွေးလိုပဲ တုန့်ပြန်တယ်။
ခွေးနိုင်ငံတော်ကြီးကိုခွေးစိတ်ပေါက်နေတဲ့ခွေးတွေအုပ်ချုပ်တယ်။
ခွေးဖြစ်ချင်ရင်တော့
ခွေးအရင်ဖြစ်ပြီးမှ ခွေးတွေဆီ လာခဲ့။
နောက်တဘူတာဟာ ခွေးရုပ်ဘူတာပဲ။
ခွေးသမိုင်းကို ခွေးတွေကပဲဆက်ရေးကြလိမ့်မယ်။
.
ရဲရင့်လမင်း

No comments:

Post a Comment