Saturday 26 November 2016

Formအားဖြင့်အလိမ်ခံရပြီးနောက် Contentအားဖြင့်ဆက်လက်အလိမ်ခံရ

Sign in
.
အာရုံနောက်လို့ ကိုယ့်ခါးကို သုံးဆယ်ဒီဂရီလောက်ချိုးပြီး နံရံနောက်က ပန့်ခ်ရော့ခ်တစ်ပုဒ်ထဲ ထိုးထည့်ထားလိုက်တယ်။ဘာကိုအာရုံနောက်လဲဆိုတော့ ဘုရားပုံပရိုဖိုင်နဲ့ ဖွန်လိုက်ကြောင် နေတဲ့ကောင်တွေကိုအာရုံနောက်တယ်။ဗုဒ္ဓရဲ့သားတော်အမည်နာမနဲ့ နိုင်ငံရေးပို့စ်တွေအောက် တဖြဲနှဖြဲဝင်ဆဲနေတဲ့ကောင်တွေကိုအာရုံနောက်တယ်။ကိုယ့်ခါးဟာ လေးဆယ်ဒီဂရီလောက်ထပ် ကျိုးသွားတယ်။နံရံနောက်က ပန့်ခ်ရော့ခ်ကတော့ အရှိန်ကောင်းခါစ။တောင်ကုန်းပေါ်မှာ ကွန်တန် ပရာရီ အလံတစ်လက်စိုက်ထားတာတွေ့တယ်။ဘယ်ကောင့်လက်ချက်လဲ တိုးတိုးတိတ်တိတ်မေး နေကြပုံပဲ။အလံကဘာအရောင် ဘာအမှတ်အသားပါတယ်။ထုံးစံအတိုင်း အရည်မရအဖတ်မရ တွေပဲနေမှာ။ဟိုနေ့က ကိုယ့်စတေးတပ်စ်လေး ကိုယ်ပြန်သဘောကျနေတာ။ဘာတဲ့ ကဗျာဦးရှင်ကြီး တွေအတွက် ကဗျာဆိုင်ရာနတ်ကွန်းတစ်ခုဆောက်မယ်ဆိုတာလေး။ဒီလိုပဲ လောကကြီးက မူလီ ချောင်နေတော့ ကြုံတုန်းလေးဝင်ဝင်ကြပ်ပေးရတယ်။ပန့်ခ်မြူးဇစ်ဟာ အရှိန်ရစပြုလာတယ်။ ခါးဟာ၄၅ဒီဂရီလောက်ကိုင်းနေပြီ။အော် စွတ်ပြီးသာအော် ကိုယ်တက်တဲ့ဘာသာစကားနဲ့ ဖင်ပိတ် ပြီးသာအော်ကြ။စင်ပေါ်တက် မိုက်ခွက်စမ်း ပြီးရင် ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ၊ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး၊ကိုယ့်ကဗျာမှ ကိုယ့်ကဗျာ၊ကိုယ့်ဝါဒမှ ကိုယ့်ဝါဒ ဆိုပြီး အတ္တရှိသလောက် ခွေခေါက် ပြီးသာအော်ပစ်။ခါးဟာအိုဗာလေးဆယ့်ငါးဒီဂရီကျော်လာပြီ။ပန်ခ်မြူးဇစ်ကတော့ ဝုန်းဒိုင်းကျဲ လို့ကောင်းနေတုန်း။အရင်နှစ်က လိင်အသားပေးကဗျာတွေနဲ့ ဆီလီကွန်ဆိုတာတွေခေတ်စားတယ်။ ဒီဘက်နှစ်ကျ စောက်ကဗျာတွေခေတ်စားလာတယ်။ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ်လည်း `ကဗျာဟာ စောက် ရှက်ရှိဖို့ လို/မလို´ဆိုတဲ့ စာသားအဆောက်အအုံတစ်ခုကို ခံစားထားတယ်/ပြုလုပ်ထားတယ်/ဖန် တီးထားတယ်။ပန့်ခ်မြူးဇစ်ဟာ ကောရပ်စ်ပြီးလို့ ဆိုလိုဝင်နေပြီ။ခါးဟာနည်းနည်းပြန်မတ်လာ တယ်။`သမီးခါးခါးလူးပြီးရိုက်ထားတာ လှလားဟင်´ `မွမွ´ `ဂွတ်နိုက်ပါနော်´ `မင်ဂါပါပိတ်သတ်ကြီး´ ပေါ့ပ်ယဉ်ကျေးမှုကနေ peace ယဉ်ကျေးမှုဆီသွားဖို့ အနုပညာရဲ့အတွင်းသားကို ဗိုင်းရပ်စ်အကိုက် ခံထားရတယ်။အနုပညာရဲ့ကိုယ်ထည်ဟာ အခွံကြီးပဲကျန်တော့တယ်။ဥပမာ-အနီရောင်အဝတ်စရယ် ခေါင်းတုံးရိတ်ထားတာရယ်ဟာ ပုံသဏ္ဍာန်အားဖြင့်မှန်ပြီး တချို့အစိတ်အပိုင်းတွေမှာ သံဃာဆိုတဲ့ အနှစ်သာရဟာ ရာခိုင်နှုန်းတော်တော်များများပျောက်ဆုံးနေပြီ။အဲယားကွန်းရထားဆိုပြီး လူတွေ ယပ်တောင်တဖျတ်ဖျတ်နဲ့ အင်္ကျီတွေချွတ်ပြီးစီးနေကြရသလိုပေါ့ အဲယားကွန်းရထားဆိုတဲ့ ပုံသဏ္ဍာန် က မှန်ပြီး အေးမြခြင်းသက်တောင့်သက်သာဖြစ်ခြင်းဆိုတဲ့ အနှစ်သာရကပျောက်ဆုံးနေတယ်။ ပန့်ခ်မြူးဇစ်ဟာ verse 3 ဆိုအပြီး ကီးချိန်းမလိုလိုနဲ့ ရုတ်တရက် ရပ်ပစ်လိုက်တယ်။ခါးဟာအခုမှ ပြန်တည့်သွားတယ်။သက်တောင့်သက်သာပြန်ဖြစ်သွားတဲ့သဘောပေါ့။ဒါဟာအလုပ်တစ်ခုပြီးမြောက် ခြင်းလို့လည်းဆိုနိုင်ပါတယ်။ . Sign out
ရဲရင့်လမင်း ၂ ၀ ၁ ၅

No comments:

Post a Comment