Saturday 26 November 2016

ညနေ(၄)နာရီ


ကြီးကျယ်ခမ်းနားဖို့မလိုပါဘူး။မိုးလေးတဖွဲဖွဲကျနေပါစေ။ကြွရောက်လာတဲ့လူတွေကို ဖုန်နံ့တွေမရှုရိုက်စေချင်ဘူး။
မြို့ပ တ်ရ ထား ကြီး စီးပြီး လာကြ သူတွေ၊ဘတ်စ် ကား စီးပြီး လာ ကြ သူတွေ၊လမ်း လျှောက် ပြီး လာ ကြ သူတွေ၊

ရပ်ဝေး ရပ်နီး မှ မိတ်ဆွေရောင်း ရင်းများ ရေသန့်ဗူးလေးတွေ တစ်ယောက်တစ်ဗူးရကြရဲ့ လား။
တစ်စုံတစ်ယောက်ရဲ့ အမည်နာမနဲ့ ယပ်တောင်လေးတွေယူပြီး ခရီးလမ်းတထောက် ယာယီအေးမြကြပါစေသား။

မြက်ရိုင်းပင်ရှည်ရှည်ကြီးတွေ ရေမလောင်းဘဲ မျိုးကောင်းတဲ့အရပ်အဝန်း။
မြင်အောင်ကြည့် လောဘ၊ဒေါသ၊မောဟဟာ လွင့်ပျံ့လာတဲ့ ကြေးစည်သံနဲ့ အတူသံဝေဂတရားကို သယ်ဆောင်လို့။

လတ်လတ်ဆတ်ဆတ်မြေသားရနံ့ဟာ လက်စမသတ်ရသေးတဲ့ အုတ်ဂူတွေကြားကနေ တအိအိတိုးထွက်လို့။
အစစ်ဆိုတာဘာလဲ။တွင်းထဲကပြေးထွက်လာတဲ့ ပလူကောင်တွေလား။တစ်ညလုံး မအိပ်တဲ့ မြရာပင်ကြီးလား။

တူးဆွလိုက်တိုင်း ကျောင်းဆယ်ခေါက်ဂါထာနဲ့ ဂိုးပေါက်ပျောက်နေသူတွေ။မိုးတစိမ့်စိမ့်မှာ မြေနီလမ်းလေးထမ်းထားရတဲ့

သက်ရှိတို့ရဲ့ခြေရာတွေ။စိတ်နဲ့ခန္ဓာ တစ်ဘားပဲလွဲသွားတဲ့ ကီးပေါ့။ခြေထောက်ဟာ ဖိနပ်တွေကို ဆုံးရှုံးပြီးတဲ့နောက်။
ရေအိုးကို ရိုက်ခွဲဖို့ဖြစ်လာတယ်။အစ်ထဲက ကွမ်းတွေကို ယာစားပါ။ပန်းကန်ထဲက ကွာစေ့တွေကို

အခွံနွှာပါ။တည်ထားတဲ့ ဆေးပေါ့လိပ်တွေလည်း အငွေ့တထောင်းထောင်းထနေပါစေ။
ကြိုးချည်ထားတဲ့ ခြေမနှစ်ဖက်ရယ်။စိပ်ပုတီးတင်ထားတဲ့ လက်အစုံရယ်။ဒေသန္တရဗဟုသုတ ရှိသူတိုင်း

အလှူငွေနည်းနည်းစီတော့ ထည့်ဝင်ကြတယ်။နင်ပြီးရင် ငါ့အလှည့်လေ။အဲ့သလို အတွေးက ခြေခြေမြစ်မြစ်ရှိတယ်။
ကုတင်အောက်က ကျောက်ဖရုံသီးသာမရှိရင် အနံ့တွေက ဟိုက်ဘရစ် ပုံစံနဲ့ တိုင်ပတ်နေလောက်ပြီ။

ပိတ်ဖြူပါးပါးလေးပေါ်က ပန်းတစ်ပွင့်၊ရိုးရာအစွဲတွေအတိုင်း (၇)ရက်တော့ ဒီအိမ်ပေါ်မှာ မိုးတွေစွေဦးမယ်။အစကိုပြန်သွား
ရအောင်။ဘုန်းဘုန်းတွေကြွလာပြီ။နာရီကိုလှမ်းကြည့်တော့ ညနေ(၄)နာရီ။ထုံးစံအတိုင်း လိုက်ဆိုပါ။တေးသွား သရဏဂုံ။

ရဲရင့်လမင်း

No comments:

Post a Comment