ဘယ်လိုခေါ်သံဖြစ်ဖြစ် မကြားချင်တော့ဘူး။
ရုပ်ကြွင်းပဲ
သေတဲ့အထိ ရုပ်ကြွင်းပဲ။
အစာအိမ်ထဲ ဘာမှမရှိတဲ့ နေ့တွေ
ရက်တွေဟာ
ဘယ်လိုခေါ်သံဖြစ်ဖြစ် မကြားချင်တော့ဘူး။
သေခြင်းလား မလာနဲ့ ရှင်ခြင်းလား မလာနဲ့...
အမှတ်စက်လေးတစ်ခုဟာ
ခင်ဗျားတို့ကို ဗဟိုပြုနေတယ်။
လူ့စီးကြောင်းထဲ ဝင်လာတဲ့
လူ့အဖွဲ့အစည်း နံရံတွေ
မြစ်အတွင်း၌ အမှိုက်သရိုက်တို့ကား များလွန်းလှ။
ပင်လယ်လေရှုပါ တောင်ပေါ်တက်ပါ
အောက်ဆီဂျင်ကိုမသိတော့တဲ့ ကြမ်းပြင်ထက်
အဝတ်တစ်စလိုပုံကျခဲ့။
ပုလင်းတစ်ဝက်တိတိလျော့နေပြီဖြစ် တဲ့
အိပ်ဆေးပြားတွေ။
ရဲရင့်လမင်း
No comments:
Post a Comment