Saturday 26 November 2016

ရန်‌ကုန်‌



‌လေယာဉ်‌‌ပေါ်ကဆင်းတာနဲ့ ဂျိုကာမျက်‌ခွက်‌နဲ့ သူ‌တောင်းစားသုံး‌ကောင်‌က
အရစ်‌ဇယားစခင်းတယ်‌။ဒိုင်‌လျှိုလေး မ‌လေးရှားရင်းဂစ်‌ ၁၀တန်‌မှာ အဝင်‌တုံးဟာ
ဖျတ်‌ခနဲ။`မင်းတို့‌တွေအဆင်‌‌ပြေမှ ငါတို့လည်းအဆင်‌‌ပြေမယ်‌´ တဲ့ မှန်‌လိုက်တဲ့ ‌ခွေး
ပါးစပ်‌က နတ်‌စကား။ဒါ အင်‌တာ‌နေရှင်‌နယ်‌‌လေဆိပ်‌။စိတ်‌ကိုတည်‌ငြိမ်‌‌အောင်‌ထား။
‌ခြေ‌လှမ်းကိုညင်‌သာစွာ‌ရွေ့။အ‌မေ့မျက်‌နှာငါ‌တွေ့ချင်‌လှပြီ။Taxi ပွိုင့်‌တစ်‌ခါမိတိုင်း

ကားနားကို‌ပြေးကပ်‌လာတဲ့ သနားစဖွယ်‌မျက်‌လုံး‌လေး‌တွေ။လမ်းနဲ့ပလက်‌‌ဖောင်းကြား
ဘဝ‌တွေကိုဂိတ်‌ထိုးရင်း မီးစိမ်းပြ‌နေတဲ့ Traffic Light ကြီးကိုသူတို့‌လေး‌တွေ မုန်းလိမ့်‌မယ်‌။
ဘယ်‌လိုလဲရန်‌ကုန်‌။ကားဘီးနဲ့ကတ္တရာလမ်းပွတ်‌ကြိတ်‌ပြီးတက်‌လာတဲ့အနံ့က အဆုတ်‌ထဲကို
ဖျတ်‌ခနဲ။မလွယ်‌ပါဘူး။မလွဲပါဘူး။သံသရာဟာလွန်‌ခဲ့တဲ့‌ခြောက်‌နှစ်‌မှာ တကယ်‌‌ရောလည်‌
‌နေခဲ့ပါသလား။ ငါ သံသယဝင်‌မိပြီ။အိုင်‌တီ‌ခေတ်‌ကြီးမှာ မုသာဝါဒဟာ ‌ငွေရှာလို့အ‌ကောင်း
ဆုံး‌ဆော့ဖ်‌ဝဲလ်‌ပဲ။‌မှောက်‌ထားတဲ့ ငါးဆယ့်‌နှစ်‌ရွက်‌လုံးကို ဆွဲလှန်‌ပစ်‌လိုက်‌တယ်‌။
မင်းဟာ မာယာ‌တွေနဲ့သိပ်‌ချစ်‌ဖို့‌ကောင်းတာပဲ ရန်‌ကုန်‌။‌ရွှေတိဂုံဘုရား‌တောင်‌ဘက်‌မုခ်‌က
ငါး‌ထောင်‌တန်‌ခြ‌င်္သေ့ကြီးနဲ့ အ‌ရှေ့ဘက်‌မုခ်‌ကငါးရာတန်‌ခြ‌င်္သေ့ကြီးကလည်း ဖျတ်‌ခနဲဆို
‌တော်‌‌တော်‌တူတာပဲ။လပြည့်‌‌နေ့တိုင်း ဖိနပ်‌အပ်‌ခ‌တွေ Discount ချ‌ပေးဖို့ ဆန္ဒ‌ဖော်‌ထုတ်‌
ရဦးမယ်‌။စီးရင်း‌ မျောရင်း စီး‌မျောသွားတဲ့ ပဌာန်းဆက်‌‌တွေ။၃၈လမ်းထဲကဝမ်းစာဟာ ကမ္ဘာ့ခံနိုင်‌ရည်‌
အားတစ်‌ခုပဲ။ငါတို့ကရှန်‌တိမ်‌။‌နေ့စဉ်‌ရက်‌ဆက်‌ အသက်‌ဓာတ်‌‌တွေက လက်‌‌တွေ့ကျကျ။
ဖျတ်‌ခနဲဆို ဖျတ်‌ခနဲ ‌ကဗျာကို‌ငွေနဲ့မလဲခဲ့သူ။ရန်‌ကုန်‌ဟာ ရင်‌တုနဲ့ တင်‌တုနဲ့ လိင်‌အသား
‌ပေး ထုတ်‌ကုန်‌နဲ့။2 pieces အဆင်‌နဲ့ မင်းဟာ sexy ကျလွန်းတယ်‌။ရန်‌ကုန်‌။
စိတ်‌ထဲစွဲ‌နေတဲ့ ခွက်‌ကျကျ အာရုံနဲ့။ငါ့အသားကို မင်းအ‌သွေး‌ပေါ်တင်‌‌ပေးခဲ့။
ငါ့အလံဖြူကို မင်း‌တောင်‌ကုန်း‌ပေါ်ထိုးစိုက်‌ခဲ့။သက်‌‌သေမလိုဘူး။အသက်‌တွေ‌သေမှ
အာသာ‌ပြေမယ့်‌ရုပ်‌ကြီး။ဖျတ်‌ခနဲ ဖျတ်‌ခနဲဟာ ငါ့ကို‌ငေါထွက်‌သွား‌စေတဲ့အ‌ကြောင်းတရား။
‌ဒေါသပဲ ပလက်‌‌ဖောင်း‌ပေါ်စီးကျသွားတာလည်း ‌မောဟပဲ။လမ်း‌ဘေး ‌ရေနုတ်‌‌မြောင်းထဲ
ပိတ်‌ဆို့‌နေတာလည်း ‌လောဘပဲ။တစ်‌ခါသုံးပစ္စည်း‌တွေ လမ်း‌ပေါ်။ပျက်‌အစဉ်‌ပြင်‌မ‌ရ‌
ဂျိုးကပ်‌‌နေတဲ့ စီးပွား‌ရေး အထုံကူးမှုများ။အကြိမ်‌ကြိမ်‌‌သွေးစွန်းဖူးခဲ့တဲ့ အင်းလျားဟာ
အခု‌တော့အရက်‌ပုလင်းကိုခါးကြားထိုးလို့။‌ဟောင်းနွမ်း‌ဆွေး‌မြည့်‌‌နေတဲ့ အရွက်‌‌ခြောက်‌‌တွေ
ရဲ့‌ပေါ့ပါးမှုမျိုးနဲ့မင်းကိုငါနှုတ်‌ဆက်‌ခဲ့တယ်‌။ဘူတာကြီးဟာ။ဖျတ်‌ခနဲ။ဗန္ဓုလပန်းခြံဟာ။ဖျတ်‌ခနဲ။
ဧမာ‌နွေလဟာ။ဖျတ်‌ခနဲ။၃၃လမ်းဟာ။ဖျတ်‌ခနဲ။ဆူး‌လေဟာ။ဖျတ်‌ခနဲ။ကဗျာစာအုပ်‌ကို ဆိုင်‌‌ပေါ်
မတင်‌‌ပေးချင်‌ကြတဲ့။စာအုပ်‌ဆိုင်‌‌တွေဟာ။ဖျတ်‌ခနဲ။ပန်းဆိုးတန်းဟာ။ဖျတ်‌ခနဲ။
လိုတာရတဲ့သိမ်‌ကြီး‌ဈေးညဟာ။ဖျတ်‌ခနဲ။မင်းဟာညှစ်‌အား‌ကောင်းတဲ့ နွားတံဆိပ်‌‌တော်‌ရ။
နိုင်‌ငံကြီးသားတစ်‌‌ယောက်‌ဟန်‌နဲ့။
ဖျတ် ခ နဲ ဆို‌
နဲ‌
ပေါ့

ရဲရင့်‌လမင်း
(၃၀ရက်‌ ၁လ ၂၀၁၄မှသည်‌ ၁၃ရက်‌ ၂လ တွင်‌
ဖြတ်‌သန်းခဲ့‌သော ရန်‌ကုန်‌သို့ အမှတ်‌တရ)

No comments:

Post a Comment