ကမ္ဘာလည်းသစ်တယ်
ကဗျာလည်းသစ်တယ်
အတွေးအခေါ်လည်းသစ်တယ်
အယူအဆလည်းသစ်တယ်
ခေတ်သစ်ငတာဟာ မြင်းကိုဘယ်လိုထိန်းရမှန်းမသိတော့
သိဒ္ဒတ္ထအသစ်ဟာ တာထွက်ကတည်းက ထစ်နေတယ်
ဒီမှာရေငတ်လို့မပြီးသေးဘူး
ဒီမှာရေနစ်နေပြန်ပြီ
ဝါဒလည်းသစ်တယ်
အာရုံခံစားပုံလည်းသစ်တယ်
ထွေးလိုက်တဲ့တံတွေးလည်းသစ်တယ်
မျိုမကျတဲ့ထမင်းလုတ်လည်းသစ်တယ်
ကဗျာထဲကိုယ်လုံးတီးနဲ့ဝင်လာတဲ့ဘာသာစကား
အတွင်းခံကိုစွန့်ပြီး ခေါင်းကြီးကိုတည်ပေးလိုက်သလိုမျိုး
ခင်ဗျားဘယ်နှချက်ချုပ်လိုက်ရသေးလဲ
မွေးလာတဲ့ကလေးလေးလည်းသစ်တယ်
သန္ဓေမြောက်သွားတဲ့သုတ်ပိုးလည်းသစ်တယ်
ရွေ့နေတဲ့တိမ်တွေလည်းသစ်တယ်
ပြုပြင်ဖန်တီးထားတဲ့တရားတော်လည်းသစ်တယ်
အနတ္တတဲ့ ထပ်တွေ့တဲ့နောက်တစ်ကွေ့/တစ်ဘဝလည်းသစ်တယ်
ဖိနပ်ချုပ်တဲ့ကောင်လေးဟာ ဟစ်တလာလိုနှုတ်ခမ်းမွေးနဲ့
သတိထား ပါးစပ်ထဲဗုံးပစ်ထည့်ပြီး
နှုတ်ခမ်းနှစ်ဖက်ကိုအကောင်းစားကော်နဲ့အကပ်ခံရသလိုမျိုး
သင်္ခါရလည်းသစ်တယ်
လူသားတံဆိပ်ကုန်တွေလည်းသစ်တယ်
သူ့ကိုယ်သူဘုရားသခင်လို့ထင်နေတဲ့ကောင်လည်းသစ်တယ်
ဓာတ်ကြီးလေးပါးတဲ့ မြည်းစရာမလိုပဲသစ်တယ်
ယဉ်ကျေးမှုတဲ့ ချက်မှာနားကွင်းနဲ့
နောက်ထပ်ကမ္ဘာစစ်ကြီးတစ်ခု ထပ်တွေ့သလိုမျိုး
လှပ်ထားတဲ့ဗိုက်သားကို လစ်ရင်လစ်သလို
ကာမေသုစိတ်နဲ့ရီပို့တွေလှမ်းလှမ်းထု
ဖျက်ချခံလိုက်ရတဲ့အသက်တစ်ချောင်းလည်းသစ်တယ်
သွေးတွေရဲနေတဲ့ဆရာဝန်တစ်ယောက်ရဲ့
ကိုယ်ကျင့်တရားလည်းသစ်တယ်
မြေကြီးပေါ်ကိုပြုတ်ကျသွားတဲ့ သရက်စေ့လေးလည်းသစ်တယ်
ဟော့ဒီမှာ ပါးစပ်ယားရင်စုပ်ဖို့ သရက်စေ့
ဟော့ဒီမှာ လက်ယားရင်ရေးဖို့ ဘာသာစကား
ဟော့ဒီမှာ အကုသိုလ်ယားရင် ကုတ်ဖို့ဓမ္မ
ရိုးရိုးပဲယားယား ရှယ်ပဲယားယား
ဝဲပေါက်လို့ပဲယားယား
ဒါဟာ အရေပြားကိစ္စ
ဘာသာစကားကိစ္စမဟုတ်ဘူး
ယားပြီးအော်ရင်
ဒါဟာ ယားပြီးအော်တဲ့ကိစ္စပဲ
တွေ့လား
ခေတ်ဟာဘယ်လောက်တောင်သစ်လဲဆို
ငတာဟာမြင်းအစား ကလေးထိန်းနေတယ်
မြက်ကြိုက်တဲ့လူတွေကြည့်ဖို့
နောက်တစ်ဆင်းမှာ
ဗလတောင့်တဲ့ ဘဲကြီး ဗိုက်ကြီးဖို့စောင့်နေပြီ
မွေးလာတဲ့ကလေးဟာ ရာဟုလာအသစ် ဖြစ်/မဖြစ်ကတော့
ဖိနပ်ချုပ်တဲ့ကောင်လေးကိုပဲ မေးကြည့်ရမယ်။
.
ရဲရင့်လမင်း
၂၀၁၆၊ဂျွန်
No comments:
Post a Comment