Saturday 26 November 2016

( အိပ် အိပ်ရေးပျက် ည ပေါ် သို့ လိမ့် ကျ ခြင်း)[လို င်း ကိုမကြည့်နဲ့ လမ်း လ မ်း ကိုကြည့်]



သူဟာ ကွယ်လွန်သွားပါပြီ။ငါဟာ ကွယ်လွန်သွားပါပြီ။ခင်ဗျားလည်း ကွယ်လွန်သွားပါပြီ။
ရသေ့ကြီးဟာ လိပ်ပြာမလုံဘူး။ရသေ့ကြီးဟာ လိ ပ်ြ ပာ မ လုံ ဘူး ။
ပင်လယ်ထဲ ထိုးကျသွားတဲ့၊ဇကွဲသဏ္ဍာန်အပေါ်ကို ထောင်တက်သွားတဲ့၊တစ်ခုခု

မှာ စကားလုံးတွေ ပျောက်ဆုံးနေတဲ့ ၊ကဗျာ၊ သားဆက်ခြားရေး ၊ကဗျာ၊ လွှတ်တော်တက်ရေး။
[- -ျာ] မှမကယ်ရင် ဒီကမ္ဘာသေဖွယ်ရာရှိ။ခွင့်သာခိုက်မှ မလိုက်ချင်လျှင်တို့ ဘာတို့။
လက်ကွက်မမှန်တဲ့ စန္ဒရားခုံပေါ် စိတ်ကို လက်နဲ့အတူတူ ပစ်တင်ထားမိ။
(ထုံးစံအတိုင်း တိမ်တွေလည်းပါတယ်။)အာရုံထဲ ဂျမ်းဖြစ်နေတဲ့ စိတ္တဇ ဒလက်တွေ။
သွေးအားလျှပ်စစ်စီမံကိန်းတွေလာတော့မလား။ပိုလျှံရင် အရင်လိုပဲ ရောင်းသာစားပစ်။
ခြောက်ပြစ်ကင်း သဲလည်းစင်၊ရွှေဥာဏ်တော် စူးရောက်ပါပေ့။သြစတျေးလျားအိုးပင်းမှာ
ရှာရာပိုဗာ ခဏဝတ်သွားတဲ့ အဖြူရောင်အတွင်းခံလေး တစ်ထည်လို ငါ့နိုင်ငံရေးကလည်း နေသာ
ထိုင်သာ ရှိပါပေ့။(ထုံးစံအတိုင်း ကြယ်တွေလည်းပါတယ်။)ပန်းချီပြခန်းထဲက ခင်ဗျားဘာတွေကို
နှိုက်ယူခဲ့သလဲ။သူကရော ဘာတွေကို နှိုက်ယူခွင့် ရခဲ့သလဲ။မပြောတော့ဘူး အဲ့ဒီ အနု
ပညာအကြောင်း။ဟော...ခေါင်းလောင်းထိုးသံလေးတွေ။နားနဲ့ဆတ်ဆတ် အကြားချင်ဆုံးပေါ့၊
တစ်ပင်က တစ်ပင်ကို မေတ္တာနဲ့ ကူးကြရာဝယ်။(ထုံးစံအတိုင်း တောင်တန်းတွေလည်းပါတယ်။)
SARs ပြီးရင် MARs အလှည့်လား။တရွေ့ရွေ့နဲ့ ဆိုက်ရောက်လာတဲ့ ဆုတ်ကပ်တွေ။
ကမ္ဘာပြားတာမဟုတ်ဘူး၊ကမ္ဘာဟာအလျားထိုးကြီးလဲကျ။မင်းတို့ရဲ့ကျန်းမာရေးတွေ လူရာ
ဝင်ချင်သလို၊ငါ့အဆုတ်ထဲက ရာသီဥတုကိုလည်း အကောင်းအတိုင်းပဲ ဖြစ်စေ
ချင်မိ။ဝမ်းနည်း ကြေကွဲတယ်ဆိုတာ သူ ငါ ခ င် ဗျား အများပြည်သူပိုင်သုံး
ပစ္စည်းပဲ။မထိနဲ့လို့ ပြောချင်ရင် အသားထဲကလောက်တွေကို အရင်ဖောက်ထုတ်/ခေါက်ထုတ်။
(ထုံးစံအတိုင်း အတုတွေလည်းပါတယ်။)မောဟကိုခြင်ဆေးလုပ်ပြီး သေခြင်းကိုမီးညှိကြတာပေါ့။သောကပဲ၊
အော
ကတ္တီပါလေးပြတ်သွားတာ (၆) နှစ်တောင်ရှိပါပေါ့လား။အောက်ဆီဂျင်မဝတဲ့ ယဉ်ကျေးမှုဇုံထဲ
မေတ္တာတရားတွေ သဲစားခံနေရ။ပျတ်လို့ ပြက်မိတဲ့ ပြက်လုံး ခင်ဗျားတို့လည်း ပြုံးတော်မူ။
မှတ်ချက် ။        ။  လူရွှင်တော် ဦးမိုးဒီ သတင်းကြေငြာသလို
"ပန်းပုသေတ္တာအမှတ်နှင့် သူခိုးက သော့တူဖြင့်ဖွင့်ရာ ကုတင်ပေါ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးကြီး(၁)ဦး
လန့်နိုးလာခြင်း"
(ထုံးစံအတိုင်း မြစ်တွေလည်းပါတယ်။)လမ်း လ မ်း
ကိုမကြည့်နဲ့ လို င်း
ကို  ကြည့်။

ရဲရင့်လမင်း
၀၇၀၆၂၀၁၄

No comments:

Post a Comment