ဘာကိုမှ ဆက်စပ်တည်ဆောက်လို့မရတဲ့ခေတ်ကြီးထဲမှာ
Hybrid ပုံစံအသက်ရှင်မှုကို ရွေးချယ်ခဲ့တယ်။အသားသက်သက်
အရိုးသက်သက်ဆိုလည်း မဖြစ်ဘူး။
လိုနေတာက တစ်ခု။ရောက်နေတာက တစ်လမ်း။
ရေငုပ်မီးလှုံ ကိုယ်ဟာ အလိုလိုနေရင်း တုန်းခုန်ဇယ်ခတ်။
အန်လာ့ဂျစ်တွေထနေတဲ့ ငွေစက္ကူပေါ်က ကွန်တိုမျဉ်းတွေလို။
Movie StaR ဖြစ်ချင်လို့။အဆိုတော်ဖြစ်ချင်လို့။
Photo model ဖြစ်ချင်လို့။အရင်းမရ လှေထိုးလိုက်ပြီး။
ဖာဖြစ်သွားသူတွေ ဒုနဲ့ဒေး။
အနုပညာ ပြာပုံတိုးတဲ့ခွေးတွေ။
အဲ့သလိုပြောရင် ခင်ဗျားတို့ရင်ဘတ်ကို ကျဉ်စက်နဲ့တို့သလိုဖြစ်နေမလား။
ခေတ်ကြမ်းကြီးထဲ တောင်းဆိုးပလုံးဆိုးတွေများလာ။
ကိုယ်ကျင့်တရားတွေမှေးမှိန်လာတဲ့ လူမှုစံနှုန်း သင်္ကေတများ။
ကဗျာအကြောင်းပြောချင်သူ ဒီဘက်ကိုလာ။ဖာအကြောင်း
ပြောချင်သူ ဟိုဘက်ကိုဝင်။အသိဥာဏ်ကို အသွေးအသားနဲ့။
ခံစားနာကျင်မှုကို ငွေကြေးနဲ့။အခန်းလိုက် အကန့်လိုက် အလွှာလိုက်။
ကြိုးတန်းပေါ်လမ်းလျှောက်တာထက် ဒီကမ္ဘာမြေကြီးပေါ်လမ်းလျှောက်ရတာ
ပိုခက်ခဲ။ကျပ်မပြည့်တဲ့ကောင်တွေက ချစ်ခြင်းမေတ္တာအကြောင်း၊နိုင်ငံရေးအကြောင်း၊
ဒုက္ခသည်တွေအကြောင်း၊ဝါဒတွေအကြောင်း၊ဖိနှိပ်ချုပ်ခြယ်မှုတွေအကြောင်း။
အပြောနဲ့အပြမှာ ခေါင်းနဲ့ကျလိုက် ကိုယ်နဲ့ကျလိုက်။ဆာလောင်မှုစည်းထဲကနေ
ငတ်မွတ်လက်တွေပေါက်ထွက်လာတယ်။
မီးခိုးစော်တွေနံနေတဲ့ လမ်းမ။ပါးစပ်ထဲပြေးဝင်လာတဲ့ ဓာတုဗေဒ ဆိုးဆေး သက်တံ့ကြီး။
ဒါဟာကဗျာလား။အကယ်ဒမီမှမရတာ စင်အထာဘယ်သိပါ့မလဲ။
J´ဒိုးနတ်နဲ့ မှ မစ်စတာဘရောင်းနဲ့ မှချစ်ခြင်းတရားက ခေတ်မီတာတဲ့လား။
အသည်းကွဲကျမ်းကြီးကိုဖတ်နေရတာ သံသရာအဆက်ဆက်။လေကုန်တယ်။
အရှေ့တိုင်းထဲ အနောက်တိုင်း။အနောက်တိုင်းထဲ အာဖရိက။
ကြုံရင်ကြုံသလို အရေးပေါ် 69 တွေ။
ဝေးဝေးကကြားတယ်။နားထဲအသံတွေ မခိုင်တော့ဘူး။
ကျုပ်နေထိုင်ချင်တဲ့ကျေးလက်ဟာ ခင်ဗျားတို့သိပ်မကြိုက်လို့စွန့်ပစ်ချင်
နေကြတဲ့ ရီရယ်လစ်ဇင်ပဲ။အထာတော့ကျပါတယ်။ကျုပ်လည်းခင်ဗျားလိုပဲ အမေရိကားချင်တာပေါ့။
ကိုးရီးယားချင်တာပေါ့။ကျန်းမာရေးကအရင်လိုမဟုတ်ဘူးလေ။
လူရောစိတ်ပါ အငွေ့ပျံချင်နေပြီ။ကံကြမ္မာဂြိုဟ်စီး ကိုယ့် မီး တောင် ကိုယ်
မ လှုံရ တဲ့ ခေတ်။ဘယ်နှဘဝစာ လာဆင်းရဲနေတာလဲ။
ရဲရင့်လမင်း
No comments:
Post a Comment