Sunday 27 November 2016

ဒီကဗျာကို ‘Hybrid’ မျက်လုံးတွေနဲ့ ဖတ်ပါ


ဒီဓာတ်ပုံအတွက် Like ဘယ်နှစ်ရာမှန်းထားပါသလဲ။ခေတ်ကြီးက

မျက်နှာလို မျက်နှာရ Comment တွေနဲ့ ဘဝင်ကိုင်လွန်းတယ်။

ဘိုးတော်ဘုရားလည်း လေးဖက်ထောက်တာကြာလို့ မတ်တပ်ကြီးထရပ်။


Truck ကားပေါ်က ပြုတ်ကျသွားတဲ့ ပန်းသီးလေးကို ဇိမ်ခံကားက တက်နင်းသွား။

ဘာကြားလဲ၊ကြားရင်အကြောင်းပြန်။ခွက်ထဲ သင်္ချာဥာဏ်၂ပတ်လောက်ထပ်ထည့်ပေးစမ်းပါ။

အရည်ပျော်နေတာ ကျုပ်မဟုတ်ဘူး။ငေး ငေး ငေး ဒူးရွန့်ရဲ့ ကျင်ငယ်ကြွေခွက်ကြီးကိုငေး။

၁၉၁၇ ခုကမျက်လုံးတွေနဲ့ ငေး။ဇာတ်အပျက်ကြီးတစ်ခုကိုလှော်ရင်း ဇောအသစ်နဲ့ ငါ့ ကိုယ် ငါ ငေး။

‘စန်းဦး’ ရဲ့ ‘နာနာဘာဝ မော်တော်ကား’ ကိုငေး။’ခင်ဝမ်း’ ရဲ့ ‘စိတ္တဇပန်းချီ’ ကိုငေး။

‘PEMSKOOL’ ရဲ့ ‘ဆိတ်စီး’ ကိုငေး။ ‘လင်းဝေမြိုင်’ ရဲ့ ‘ကုတ်အင်္ကျီ’ ကိုငေး။ဟိုငေး ဒီငေး
အငေးတွေနဲ့ ပြုတ်ကျလာတဲ့နီယိုတေးသွားနဲ့ ကွန်ဆက်ခြူရယ်လူသား။
အယ်လ်ပီနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့နေတဲ့ ဘဲကြီး။အဲ့ဒီမြစ်ရိုးတလျှောက် ဒူးနန့်နေတဲ့ ဟင်နရီတွေပေါတယ်။
ပေါ့တယ် ပေါ်တယ်။ပြိုင်ရတာ ပြိုင်းလာပြီ။ခေတ်ကစိုက်ထူလိုက်တဲ့အတိုင်း ငါတို့တွေဟာ လူ့အဖွဲ့အစည်းရဲ့
စက်ဝိုင်းပုံ(သို့)လေးထောင့်ပုံ ကွန်ကရစ်တိုင်ပုံတွေ။

အသွေးအသားအကြောင်း တွေးရတာ ဂမ္ဘီရဆန်လွန်းတယ်။တစ်နေ့ထက်တစ်နေ့ ငါ ကနေ ငါ ကို Share

လုပ်နေတဲ့ အတို့အထောင်ဆော့ဖ်ဝဲလ်တွေ။အန္ဓဆိုတာ မော်ဒန်ခေတ်ရဲ့ ဗန်းစကား။ခင်ဗျားရဲ့ Slam တွေကို

လူငယ်တွေခိုက်ရင် OK.အယားပြေလူရာဝင်ကြည့်ချင်တယ်။မယဉ်ကျေးတဲ့လက်တစ်ဖက်ဟာ ငါ ဆိုရင်

ဘယ်တော့မှ ငါ မယုတ်မာဘူး။လောကကြီးမှာ ငါ လိုလူတွေချည်းပဲလို့မထင်နဲ့။
ခင်ဗျားအထင် ခါးထောင်းနဲ့ဖင်လွဲလိမ့်မယ်။စက်ရုပ်တစ်ရုပ် ဖြစ်လိုက်ချင်တယ်။
အစွဲအလန်း မဲ့လိုက်ချင်တယ်။မထင်မှတ်တဲ့ ဝင်ပေါက်ကနေ

ငြိမ့်ငြိမ့်လေး ထွက်သွားလိုက်ချင်တယ်။မဖြစ်သေးဘူး။ကဗျာတွေ ကျန်သေးတယ်။
ကဗျာနဲ့တူတဲ့ ဒွိဟတွေကျန်သေးတယ်။မီးလင်းနေတဲ့ပင့်ကူလေးတွေ ကျန်သေးတယ်။

စကားလုံးအိမ်တော်ထဲက ခန္ဓာဝန်မချသေးတဲ့ ကျေးလက်စတိုင်နဲ့ ခိုတွေ။

မြို့ပြဖိအားဝပ်တစ်ထောင်နဲ့ လင်းနေတဲ့ ကြယ်နာတွေ။မာကျူရီယောင်ဆောင်ထားတဲ့ မီးဦးထုပ်တွေ။

အကြင်သူသည် လမ်းနဲ့အိမ်ကြား ဗျာများနေတဲ့ ခရီးသည်။ကိုယ့်ကိုယ်ကို လွှတ်တော်ထဲရောက်နေတဲ့

ခေါင်းတလားကြီးလို့ ရှုမြင်။အာရုံထဲမဲနေတဲ့ အစိတ်အပိုင်းဟာ သတင်းဆိုးတွေနေရာ အရပ်။ငိုတက်ရင်မင်းသား။

နယ်နိမိတ်တစ်ခုက အခြားဧရိယာထဲ ဝင်ရောက် စော်ကား။စက္ကူဖြူဖြူပေါ်မှောက်ကျသွားတဲ့ မှင်ခွက်။

မွေးကတည်းက ငြိလာတဲ့ အစွန်း။ဟိုလူကကြပ်လိုက် ဒီလူကကြပ်လိုက် စိတ် Screw တွေချောင်နေတဲ့လူ့စက်ဘီးတွေ။

လေထဲမှာလွင့်နေတဲ့ ရည်းစားစကားလို ခေတ်နံရံက ကွာကျလာတဲ့ သတ္ထုပုဝါပါးပါးလေးက တ sex sex ခါလို့။အနာတွေဟာ အနားမရှိခုန်ခုန်ထွက်တယ်။လူ့စည်း၊ဘီလူးစည်း။

ကဗျာ့စည်း။စည်းထားတဲ့ သစ်စည်းကိုဖြည်လိုက်တော့ စည်းနဲ့ ဝါးနဲ့ လောကနတ်။ငြိမ်းချမ်းရေး ဖိနပ်တစ်ရံနဲ့ တိုင်ပတ်နေတဲ့ စည်းလွတ် ဝါးလွတ် စက်ယုတ်လူသားတွေ။နောက် ၂ပတ်လောက်ထပ်ပေးပါ။ဇကာတင်အကြွေးစာရင်းမှာ
ခေတ်နံပါတ်(၁၃)နဲ့ အရောင်လွင့်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေ ခေါင်းနံပါတ်(၁၃)နဲ့ ငါ အလေးပြု။
ငါ့ ကိုယ်ငါ ပြဒါးသုတ်ပြီးမှန်ထဲကို ဝင်လိုက်တယ်။

အရှင်ဟာ လတ်လတ်ကြီး၊အရှိဟာ အတိုင်းသား။ဆက်သွားတယ် ဆက်တွေ့တယ်။လျှာဟာ အရသာကို မဖတ်တက်တော့ဘူး။Screen ပျက်နေတဲ့ ဒစ်ဂျစ်တယ်ဒိုင်ခွက်ပေါ် အကြောသေနေတဲ့စိတ်ရဲ့လက်တံတွေ။



ရဲရင့်လမင်း

20072013

No comments:

Post a Comment