Sunday 27 November 2016

‘Eccentric’


‘The Arctic Circle’ အာတိတ်စက်ဝိုင်းကိုသွားကြမယ် ဘယ်သူလိုက်မလဲ

တစ်လှေထဲစီးကြတာပေါ့ တစ်ခရီးထဲသွားကြတာပေါ့

သရုပ်မှန်လွန်ခေတ်ကြီးထဲ ကဗျာတွေကိုရေးမိတယ်


ခင်ဗျားရဲ့အပြာရောင်က ပီကာဆိုလား အဖြူရောင် ၃၂ မျိုးအကြောင်းကို

ငါတကယ်မသိပါဘူး

စိတ္တဇအာရုံရုပ်များ

နံရိုးတွေနဲ့ ကခုန်တဲ့ည

တစ်ယောက်က ကုတင်ခြေရင်းမှာ

အနုပညာဟာ လှပတဲ့မုသာဝါဒ = Art is a beautiful falsehood.by Ko Sharr

ငါ့ကိုစော်ကားပါ ငါ့ကဗျာကို မစော်ကားပါနဲ့

မိုင်တိုင်တွေရဲ့အနောက်နား ဆံပင်ဖားလျားချထားတဲ့

အနုပညာ အနာတွေကို ပြန်ပြန်ပြင်ပြီး ညုနေရသလို

ရှည်လိုက်တဲ့အနစ်ထဲ မျောနေတဲ့အနာဗဟိုတွေ

တစ်ချပ်ချပ်နဲ့ နာရီစက်သံဟာ အရည်ပျော်နေတဲ့

*ဒါလီရဲ့ Time & Space အကြောင်း စက္ကန့်ကြွသံ

စန္ဒယားခလုတ်ပေါ်ဖြတ်လျှောက်သွားတဲ့ ခေတ်ဆိုသော

ကြောင်လက်သည်းတွေ အကြောင်း ကြားဖူးရင်

ကြားဖူးသလောက် စားကောင်းတဲ့ ခပ်ရွရွသတင်းတွေ

အကြောင်းတွေကတော့ တိုက်ဆိုင်မှာပါ သမိုင်းကိုမသိလို့

အ ခဲ့ရပါတယ် ကျ ခဲ့ရပါတယ် ဟနေတဲ့ ဒီစိတ် ဒီလို တစိမ့်စိမ့်နဲ့

ကျောက်ခေတ်က ကျောက်တုံးတွေပေါ်မှာ ကျိုးကျသွားခဲ့တဲ့ တံတားတစ်စင်း

အလင်းဟာ အလင်းမဖြစ်ခဲ့ရင် ဘယ်သူသိမလဲ

ကျောက်စိုင်ကျောက်သားလို အာရုံအချင်းချင်းထိခတ်တော့

ပညာနုနုလေးက မီးထတောက်တယ်

လမ်းဟာလမ်းမဖြစ်ခဲ့ဘူး စိတ်ဟာ တစ်ကိုယ်လုံးကို ထမ်း ထားရတယ်

လေးလံနေတဲ့သတ်ကွင်းထဲ ရှင်ရေးကိုဦးစားပေးနေရတဲ့

လူဆိုတဲ့ အက္ခရာတွေ သိန်းစွန်ငှက်ကြီးကျန်းမာပါစေ

ပိုးမွှားအမှိုက်သရိုက်များလည်း နည်းပါစေ မြိန်ရာ ဆွေမျိုး ခင်ရာ ဟင်းကောင်း

မြို့ကြီးသားတွေလား မြို့ကြီးရဲ့အသားစတွေလား

စာကြီးပေကြီးနဲ့ အထာကြီးတွေ ကိုင်တဲ့ခေတ်

၁၅၀၀ တန်ဆင်းမ်ကတ်နဲ့ ၁၅၀၀တန်အပျော်နဲ့

လူဟာ လူသုံးကုန်ပစ္စည်းတစ်မျိုးပဲ

တစ်ကြောင်းရေး တစ်ကြောင်းခြစ် / တစ်ကြောင်းချစ် တစ်ကြောင်းငေး

ဖိတ်တယ် စင်တယ် ဖိတ်ဖိတ်စင်တယ် ခွက်ထိုးခွက်လန် လန်နေတဲ့ခွက်ထဲ

ခွက်နေတဲ့ ငါ ငါဆိုတဲ့ သူတပါးလေ ယောက်ျားလေ မိန်းမလေ လေနဲ့ လှေနဲ့

လေထဲက လိင်နဲ့ ငွေနဲ့ လိင်ဝင်ငွေနဲ့ ကျဉ်းတယ်လောက

ပျင်းစရာလည်းကောင်းတယ် ပြင်းရင်ရေရော အငွေ့တွေက အဖော် ဟော…..

ကောမန့်လေးတစ်တို့စာလောက် ခေတ်ကြီးကရှည်ထွက်သွားတာပါ

ငါး မရလည်း ငါ ရှာပြီးပြန်လေ (ဆိတ် တွေကိုလည်း ရှာနိုင်တယ်)

ဝင်လေထွက်လေက လန်းတယ် ကြမ်းတယ် လန်တယ်

အလံတော်ဟာ တိုင်တစ်ဝက်မှာ ဝမ်းနည်းခြင်းနဲ့ ခရီးဆက်နေလို့

မပြီးဘူး မင်းဟာဘယ်ဘာသာရဲ့ တူးမြောင်းထဲမှာလည်း အချဉ်ပဲ

ပူဇော်ပါ ခူးဆွတ်ခံထိ သစ်သီး တစ်လုံး လမ်းတွေပိတ်နေတယ်

ပလက်ဖောင်းပေါ်မှာ ရေတွေ ရေသာခိုနေကြသလား

နောက်လဲမယ့်ရာသီမှာ စက်တစ်ခုကို ဝိုင်းကြတာပေါ့

ပေါ့ပ် လိုက်တာ နည်းနည်း Salt လိုက်လေ ဆော့လိုက် ကစားလိုက်

ဆိုက်ကို ဆေးလွန် ကြမ်းပြင် ဖန်ခွက် …..

ဧရိယာဟာ ပြင်ပမှာ ငှားနေ ဘယ်သူ့အတွက်ပူပေးနေရတာလဲ

ဒီမီး ဒီမိုး ဒီမို ၃၇ မင်းကို အတွင်းရော အပြင်ပါ ထည့်ပေါင်းမယ်

ငွေရေးကြေးရေးစကားသိပ်ပြောတာပဲ မော်ဒယ်လောကရဲ့ဖခင်ကြီး

တောင်းကြပါ တောင်းကြပါ ငါတို့ဟာ ‘ငါ’ သူတောင်းစားတွေ



ရဲရင့်လမင်း

11072013

(*)သရုပ်မှန်လွန် ပန်းချီဆရာကြီး Salvado Dali

No comments:

Post a Comment