Saturday 26 November 2016

ခေတ် ÷ နေ တဲ့ အ ကြောင်း တွေ


.
-9.11.2014 တွင်ဆိုက်ကပ်လာသော Air Force လေယာဉ်ကြီးအား ငြိမ်းချမ်းရေးမျက်နှာဖုံးများဖြင့်ကြိုဆို။
-ရပ်ကွက်အတွင်း အလှူခံမဏ္ဍာပ်များ တစခန်းထသဖြင့် သည်းခံစိတ်အပြည့်ရှိသူများ Fb ပေါ်တတ်၍ ကလော်ဆဲ။
-LGBT မှ ထုတ်ပြန်သော အစိုအခြောက်မခွဲခြားရေးအား အရောင်းထိုင်း ငါးခြောက်သည်များမှ ဘုမသိဘမသိ
အပြင်းအထန်ကန့်ကွက်။

-အထက်လွှတ်တော်အတွင်းရှိ အစိတ်သားမျက်နှာမာများက [၄၃၆]သုံးလုံးပေါင်းခြင်းအား
Unlucky ဂဏာန်းဟုဆိုကာ ပြင်ဆင်ရန် သဘောမတူ။
-သေခြင်းတရားတွင် Lady first လုပ်၍မရကြောင်း လောကီနယ်မှ ဘုန်းဘုန်းတပါးက လောကုတ္တရာလေသံဖြင့်မိန့်ကြား။
-နိုင်ငံရေးစာမျက်နှာတွင် profile photo ခဏခဏပြောင်းသူများသည် စိတ်မမှန်သူများဖြစ်ကြောင်းလေ့လာတွေ့ရှိ။
-အမျိုးသမီးတစ်ဦး၏ထဘီတွင်မိဘပြည်သူများ လေးစားသောနိုင်ငံတော် အလံဟောင်းအား ပန်းချီ
ရေးဆွဲတင်ပြသဖြင့် women rightဆိုသော အနုပညာကြောင်တောင်ကန်းများမှ ဝေဖန်ရှုံ့ချ။
-နိုင်ငံကျော် `ငွေကြုပ်´မဂ္ဂဇင်း အယ်ဒီတော်ကြီးမှ အွန်လိုင်း နှင့် ပရင့် စာပေများအား ရသမြောက်စွာခွဲခြားဆက်ဆံ။
-နိုင်ငံရေးလှုပ်ရှားမှု။ အလုပ်သမားလှုပ်ရှားမှု။ ငြိမ်းချမ်းရေးလှုပ်ရှားမှု။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု။
..........လှုပ်ရှားမှုတွေများလာ။ မရွေ့၏ ရွေ့၏ မရွေ့။
- တစ်ခုသောနိုဝင်ဘာမိုး သည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံးကျွန်ဖြစ်ခဲ့ရသောနိုင်ငံ။ ယခု။ မထူး။
- ဆူးလေ၌ ဆန္ဒများပိတ်ဆို့နေသဖြင့် ယာဉ်ကြောတစ်လျှောက် ဆူညံနေကြောင်း ခိုတစ်ကောင်မှ ပြောကြား။ ပုဒ်မချ။ ၁၈။
- ဘတ်စ်ကားပေါ်မှ တိုးဝှေ့ဆင်းလာပြီးနောက် အဆီပြန်နေသောချစ်ခြင်းမေတ္တာများကြောင့် သတင်းစာသည်များ
ရောင်းအားတက်။ အထီးအမ ခွဲခြား/ကွဲပြားရန်မလို။
- ကမ္ဘာတစ်ဝှမ်းရှိ နေရာအနှံ့အပြားတွင် သွေး၏အရောင်ကို စမ်းသပ်စစ်ဆေးရန် စစ်သည် အလွန်အသုံးဝင်သော
ကင်းဗတ်စ်စဖြစ်ကြောင်း ဂန္နဝင်ပန်းချီဆရာတစ်ဦးမှ ရှာဖွေတွေ့ရှိ။ လက်ညိုးတစ်ချောင်း။ ကွေး။ သေ။
- လူများ။ Sim Card များ။ ကြော်ညာများဖြင့် နာမည်ကြီးနေသော မျက်လှည့်ဆရာအုပ်စုသည် ဦးပေါင်းဖြူများ
ဆင်တူဝတ်ဆင်ကာ စုဝေး၍အတင်းပြော။ ပီ။ အာ။
- တစ်လတစ်ခါမြည်သော ခေါင်းလောင်းကြီးနှင့်စပ်လျဉ်း၍ ၂၀၁၅ ဈေးရောင်းပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ
ကျင်းပနိုင်ရေး။ ညှိနှိုင်း။ ညာ။
-ဟိုနိုင်ငံမှ တင်သွင်းမည့်အာလူးများတွင် ကူးစက်ရောဂါပိုး ပါ မပါ တိုင်းတပါးရောက် ပန်းပွင့်များမှ အထူးကြပ်မတ်
စစ်ဆေးခွင့်။ နေ။ စား။ ဝတ်။ ပြေး။
-လူကုန်ကူးမှု တိုက်ဖျတ်ရန် နယ်စပ်ဒေသများတွင် အကျင့်ပျတ်တွင်းနက်နေသော ချတောင်ပို့များ ထင်ရှားစွာ တွေ့ရှိ။

အထက်ဖော်ပြပါကဗျာဖိုင်လ်အား မှားယွင်းထုတ်လွှင့်မိသဖြင့် သည်းခံပါ ရှင်/ခင်ဗျား။

ရဲရင့်လမင်း ၊ ရွှေမိုးမြူ

No comments:

Post a Comment