Saturday 26 November 2016

အစားအစာ ဝါးစားပါ အသားပါသလား ငါးပါသလား


ဘယ်လိုအာရုံမျိုးနဲ့ထပ်သစ်ရမလဲ ဖွာလန်ကျဲနေသော စိတ်ရဲ့အနားစများ ငါ့ကိုလာမပိတ်စို့ပါနဲ့ ငါ့ကိုယ်ထဲက
အရှိတရားကို ဖောက်ချပေးလိုက်ပါ ကြိတ်မနိုင်ခဲမရ ကြိတ်ခွဲခံထားရသော ဝန်နှင့်အားမမျှသည့် ခန္ဓာများ
ရေစီးသန်တဲ့မြစ်ထဲ မေတ္တာတရားနဲ့ယှဉ်တဲ့ စက်ဝိုင်းပုံလူ့အဖွဲ့အစည်းတွေ အဓွန့်ရှည်ပါစေ။အချိုးပျက်လာတဲ့
တက္ကနစ်ယဉ်ကျေးမှုတွေကြား ကမ္ဘာ့လုံခြုံရေးအတွက် ကမ္ဘာ့ခြံစည်းရိုးမှာ နည်းပညာပုလင်းကွဲတွေစိုက်ထားတယ်။
အမြင်အာရုံတွေမကြည်လင်တော့ဘူး Out of Service ဖြစ်နေတဲ့ အကြည်ဓာတ်ကလေးကို အရည်ကျဲကျဲနေ့တစ်နေ့ထဲ 

ပစ်ထည့်ထားလိုက်တယ်။အပေါစားအာရုံ ရုန်းကြွမှုမှာ လိင်စိတ်ကို နိုးထစေသာ ကွန်ဒိုလရောင် မြို့ပြညတွေဟာ ရနံ့
တစ်မျိုးစီနဲ့ အော့အန်ချင်စရာကောင်းနေပြီ။လူတောထဲက ကျွံထွက်လာတဲ့ လူ့ကျွန်တစ်ကောင်ဟာလူရာအသွင်းမခံရတဲ့

ကဗျာတွေနဲ့ ဂေါက်တောက်တောက် ကြောင်တောင်တောင်။အလိုက်လွဲတာလား အလွဲလိုက်တာလား တရားကို အသားထဲ
ဖောက်ထည့်ထားချင်သူ။စီးကျလာတဲ့သွေးတွေနဲ့ လွှင့်ထားဆဲရွက်တွေမှာ ကမ္ဗည်းထိုးချင်သူ။ခေတ်ကိုပုံစံတစ်မျိုးနဲ့ ကျော
ပိုးအိတ်ထဲ ထည့်လွယ်ထားတက်သူ။ထင်ပေါ်ကျော်ကြားလိုမှုဟာ ဂတ်စကတ်တွေရွတ်တဲ့ဂါထာလို့ လမ်းဘေးကနေအော်ဆဲဖူး။ခင်ဗျားနှာခေါင်းဝကလေကိုတောင် ခင်ဗျားပိုင်လို့လား။တစ်မိနစ် ခုနှစ်ဆယ့်နှစ်ကြိမ်မှာ လူ့ဘဝရဲ့အဓိပ္ပာယ်ကို ခင်ဗျားဘယ်နှစ်ကြိမ်
ထိစမ်းမိပြီလဲ။ချွေးတွေကျလာတယ် ။ လမ်းဟာခြေထောက်နဲ့ မမြဲချင်တော့ဘူး။အရိပ်မထွက်ပေမယ့် ခေတ်ရဲ့အထိုးအဆွမှာ တတိတိနဲ့

အရည်ပျော်ကျနေတဲ့ဘဝတွေ ရိုးသားမှုဟာ စိတ်ပျက်ဖွယ်အခင်းအကျင်းနဲ့ ဈေးကွက်ထဲပျက်ကျလာတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပဲ။
နေထိုင်မှုအသစ်တွေဆီ သိမှုနယ်ပယ်အသစ်တွေဆီ လူဟာ တစ္ဆေသရဲတစ်ကောင်လို တိုးဝင်ပူးကပ်ချင်နေတာ ။အင်္ဂါဂြိုလ်ဖွင့်ပွဲမှာ

ကဗျာရွတ်ချင်သူတွေ၊လပေါ်တက်လမ်းလျှောက်ထွက်ချင်သူတွေ သေနင်္ဂဗျူဟာကိုလေ့လာပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
တာဝန်နဲ့ဝတ္တရားအရ အသက်ရှုနေတာပါ နိုင်ငံရေးအရစစ်တုရင်ထိုးနေတာပါ။ခတ်ရဲ့ဖက်ရှင်က ဆင်းရဲမွဲတေမှုကို အသားပေးလွန်းတယ်။
နာဖျားမှုဟာ နှစ်ရာတန်အနွမ်းလေးကိုင်လို့ လမ်းထိပ်ကွမ်းယာဆိုင်ဆီပြေးထွက်သွား။တစ်ဘူတာဝင်တိုင်း ရထားဘေးကို ပွတ်တိုက်
ပြေးကပ်လာတဲ့ မွဲခြောက်ခြောက်မျက်လုံးတွေ။နောက်ဖေးလမ်းကြားထဲ အမှိုက်ဆော်နံနေတဲ့ ကျောင်းစိမ်းအင်္ကျီလေးတွေ။အဆင်
မပြေမှုဟာ ဘုရားသခင်ရိုက်လိုက်တဲ့ ကြေးနန်းလား တမန်တော်ပို့လိုက်တဲ့မက်ဆေ့ခ်ျလားအသံတွေက အနက်ဆုံးတွင်းထဲကလာတာ။

The Piper ရဲ့ပုလွေသံကြားတော့ ကြွက်တွေအစား ပစ္စည်းမဲ့လူတန်းစားတွေထွက်လာ။ပညာမဲ့လူတန်းစားတွေထွက်လာ။ အဖိနှိပ်ခံလူတန်းစားတွေထွက်လာ။သူတို့တွေချောက်ကြီးနားမရောက်ခင် ငါလန့်နိုးခဲ့။ဆောင်းမရှိတဲ့မြို့မှာ ငါမက်တာ ဆောင်း

အိပ်မက်တော့မဖြစ်တန်ရာ။ ရွှေ့တုန်းကတော့ကျောက်တုန်းကြီးတွေပါပဲ ရွေ့သွားတာက မြင်ကွင်းတွေ၊မျက်လုံးတွေ၊ကွဲကြ
ပြဲကြ စုတ်ကြ ပြတ်ကြ ညှိလို့မှမရတာ။ ငြိမ်းချမ်းရေးဟာခွေးနေရာမရသလို ကြောင်စီစီမျက်နှာနဲ့ meeting room ထဲကပြေး
ထွက်လာ။ မည်းမည်းမြင်ရာထိုးဟောင်တက်တဲ့အကျင့် အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစား တစ်ကိုယ်လုံးကျက်တော့
တစ်ကိုယ်လုံးကိုစား။ ခံစားချက်ဟာ ဟာနေတဲ့ ဟာသပဲ စိတ်ကို စိတ်လိုလက်ရ စိတ်နေရာပြန်ထား။မီး ကမ္ဘာကြီးပြောသမျှ
ပူတယ် ကမ္ဘာကြီးကြားသမျှလောင်တယ် ။ ကမ္ဘာကြီးက နည်းပညာဝင်ရိုးပေါ်မှာ အသေခံပြီးလည်နေတာ ။အင်ဂျင်တော့ဘာမှမဖြစ်ဘူး။

ဘော်ဒီနဲ့အောက်ပိုင်းတော့ နည်းနည်းထိသွားတယ် ခေတ်နဲ့ဝင်တိုက်မိလို့တဲ့ မေတ္တာတရားဟာ မဆိုစလောက်လေး ချိုင့်သွားရဲ့။
ဈေးစကားပြောပြီး ပျံလာတဲ့ဇောချွေးတွေနဲ့ ဘဝကိုသပ်သပ်ချ။ ။ လက်ပူတိုက်လိုက်ရင် ကောင်းသွားမှာပါ ...။


ရဲရင့်လမင်း
28052013

No comments:

Post a Comment