Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, 27 November 2016

‘Eccentric’


‘The Arctic Circle’ အာတိတ်စက်ဝိုင်းကိုသွားကြမယ် ဘယ်သူလိုက်မလဲ

တစ်လှေထဲစီးကြတာပေါ့ တစ်ခရီးထဲသွားကြတာပေါ့

သရုပ်မှန်လွန်ခေတ်ကြီးထဲ ကဗျာတွေကိုရေးမိတယ်

ဒီကဗျာကို ‘Hybrid’ မျက်လုံးတွေနဲ့ ဖတ်ပါ


ဒီဓာတ်ပုံအတွက် Like ဘယ်နှစ်ရာမှန်းထားပါသလဲ။ခေတ်ကြီးက

မျက်နှာလို မျက်နှာရ Comment တွေနဲ့ ဘဝင်ကိုင်လွန်းတယ်။

ဘိုးတော်ဘုရားလည်း လေးဖက်ထောက်တာကြာလို့ မတ်တပ်ကြီးထရပ်။

Saturday, 26 November 2016

ရက်ပါတစ်ယောက်ရဲ့ပါးစပ်က ဆလန်းအကျိုးအကြေတွေ


ဒုက္ခရဲ့အဆင့်အတန်းကို ခင်ဗျားသိလား ဒုက္ခဟာဒုက္ခရောက်နေသူတွေကို ဒုက္ခပိုပေးတယ်
ဒုက္ခဟာ အမှန်တရားကိုဝတ်ဆင်ပြီး လမ်းပေါ်ကိုထွက်လာတဲ့ တီရှပ်တွေ
ဒုက္ခဟာ ဒုက္ခကို ခိုစီးပြီး လှေခါးပေါ်ကိုတက်သွားတဲ့ ခြေထောက်တွေ
ဒုက္ခဟာ ကွာလာလမ်ပူမြို့ကောင်းကင်ပေါ်က အာနာပါန အထာနဲ့ Silent Killer
ဒုက္ခဟာ Face Mask နဲ့ သူ့ကိုယ်သူ ရုပ်ဖျက်ထားတယ် အတုတွေပေါတဲ့ခေတ်မှာ

စကြဝဠာအတုထဲမှာ ရွေ့နေတဲ့ကြယ်တွေ


Profile အတုထဲမှာ စုတ်နေတဲ့ ရွက်တွေ၊လိမ်နေတဲ့ကြိုးတွေ။
ခင်ဗျားဟာ ဝမ်းတွင်းစုန်း ပဲလို့ပြောတော့ ကျုပ်မျက်လုံးတွေ ပြာသွားတယ်။
လှေနံရံမှာ တစ္ဆေတစ်ကောင်ပြေးလွှား။ပွင့်နေတဲ့မျက်လုံးကို ဖယောင်းသုတ်ပြီး
ဆွဲပိတ်ပစ်လိုက်တယ်။လူနဲ့ခေတ်ဟာ အခုထိလမိုင်းမကပ်သေးဘူး။
ခင်ဗျား တွေးရင်တွေးသလောက် ကျုပ်ဂေါက်ပေးလိုက်မယ်။

Irony မမြောက်တဲ့အရေးအသားတွေနဲ့ ငါ ဟာ ငါ့ ဘဝ ရဲ့ DJ


တစ်ပွင့်ဟာ တစ်ပင်လုံးကိုမွှေးကြောင်း information ကောင်းပါစေ။
အိုင်တီခေတ်ရဲ့ပန်းတိုင် *အဝါရောင်ကိုက်ခဲမှု တွေ များလာတယ်။
သမုဒ္ဒရာ ဝမ်းတစ်ထွာထဲ ကန်စွန်းခင်းလည်း ငြိခဲ့ပြီ အမေ။
မုဆိုးပဲရွှေအိုးထမ်းလာမလား။ ခန္ဓာပျက်ကိန်းပဲပြေးကြုံလိုက်ရမလား။
တစ်သျှူးယဉ်ကျေးမှုထဲမှာ ဘာသာစကား သရဲအခြောက်ခံရတဲ့ မြို့။

သက်ရှိသက်မဲ့ လက်ရှိလက်မဲ့ ဒြပ်ရှိဒြပ်မဲ့ ဇာတ်ရှိဇာတ်မဲ့



အောက်ဆီဂျင်မဝတဲ့ လူတွေကို စကားလုံးသစ်ရွက်တွေပဲပေးနိုင်တယ်။
လူ့မှုဝန်းကျင်ရဲ့ ဟန်ဆောင်မှုတွေက အခုအခံတွေနဲ့ ရင်သား
ခံစားချက်ပျားအုံကြီးနောက်က ခေတ်ရဲ့နောက်မြီးဆွဲ ပြသနာတွေဓါးခုတ်ရာထဲကို
ဖျားနာနေတဲ့လျှာတွေကို ထိုးထည့်ပစ်လိုက်တော့မယ်။
ခိုင်အောင် ခွင်(ဂွင်)ရိုက်ပြီး ခုတ်မယ် ထစ်မယ် ပါးပါးလှီးကြည့်လိုက်မယ်ပေါ့။

အံစာတုံးတစ်တုံး၏မျက်နှာပြင်တစ်ဖက်မှာ


သူဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးကို ခင်ဗျားဘယ်စိတ်တိုင်းကျမလဲ။အချိုတစ်ခင်းစာ လူသားဆန်မှု၊
အမြင်ဆိုင်ရာပခြုပ်ထဲမှာပုဒ်မအကြီးကြီးတွေပိုးကျနေတယ်။ ငါ့ကိုယ်ငါတွန်းလှဲ  ငါ့ကိုယ်ငါ ထူမတ်၊ အနု
ပညာပေါတဲ့အရပ်မှာ အတုပညာတွေလည်းပေါတယ်။ထပ်ပြောရင်ထပ်နာတယ်ဟောဒီရင်ဘတ်က  နှလုံး
အူသံတွေကို ကြားရမယ်။ကြယ်ရောင်တောက်ပေမယ့် အကြောက်တရားက အခုထိနေရာမယွင်းချင်သေး

မာရီဂျူးနားမြစ်ထဲမှာ ကဗျာဟာ တစ်ခါတစ်ရံ


အကြည်ဓာတ်ကလေးလဲ့နေတဲ့ ကဗျာက ပါးပျဉ်း ထောင်နေတဲ့
အယူအဆတွေကို ဟော့ဒီလက်ခလယ်ထဲ ထည့်သိမ်းထားတယ်။

ဂန္ထ၀င်+ကဗျာ၊မော်ဒန်+ကဗျာ၊ပို့စ်မော်ဒန်+ကဗျာ၊ ရောမန္တိက+ကဗျာ၊

ခတ်အ‌ကြောင်းပြက်ရယ် / ကိုယ်‌‌စောင့်‌နတ်နဲ့ ငါနဲ့ / ဘယ်သွားသွား/ အဆင်လား ‌ပြေပါတယ်‌ / လေယာဉ်ပျံသံမကြားရတဲ့အရပ်/သမီးရေ ခေါ်သံနဲ့ မိုးလင်းချင်တယ်/ အ‌ခြေအ‌နေက‌တော့ ရ‌ထေပဲ/ အဲဒါမှ ပြဿနာ




စိတ်လိုလက်ရကျောခိုင်းမိပြန်ပြီ။ ဘဝကိုလာကုတ်ခြစ်နေတဲ့ ဂုဏ်သရေရှိမျက်နှာတွေ။ ဒီလိုပါပဲနဲ့ကဗျာတစ်ပုဒ်ဖြစ်သွားတဲ့အနေအထား/ ပျော်မနေဘူး/ ဝဋ်နာကံနာစိုက်ခင်းထဲ အသံထွက်ရယ်မောမိပြန်ပြီ။ ခေတ်ကြီးကမြိုင်တယ်။ ငါတို့ တွေက အ နေကြတာ။စိတ်လိုလက်ရအော်ဆဲမိပြန်ပြီ။ ဗေဒါတွေပွင့်နေတဲ့အချိန်/ မိုးမရွာပါစေနဲ့/ စာရွက်တွေ တဖတ်ဖတ်ပြန်လှန်ရှာတော့လဲ နေရာဟောင်းက အကွက်လိုက်/ ထီးဖွင့်ဆောင်းလိုက်တယ်/ မျက်လုံးတစ်ဖက်ပွင့်ရက်ကြီး/ အင်တာနက်ကဖေးမှာ ညလုံးပေါက် ကမ္ဘာကြီး နဲ့ပေါက်ပေါက်ဖောက်မယ်။ မမြင်ရတဲ့ကြယ်တွေကို ခိုးဝှက်ခံစားမယ်။ ပွင့်သမျှပန်းတွေကို

စိတ်ကျ / ကဗျာ / ကမ္ဘာ


ငြိမ်းချမ်းရေးဟာ ဆက်လက်ခရီးထွက်ခွါဟန်နဲ့ လေဖိအားနည်းရပ်ဝန်းမှာတည်ရှိ။
ဘူတာစဉ်တွေလွဲနေတယ်။ရထားဟာခရီးကို မဲနှိုက်ပြီးထွက်ခွါနေသလို
လွင့်ဝဲနေတဲ့ အက်တိုးပစ် တစ်ယောက်ရဲ့ဆံနွယ်ထဲ ဖန်စီနားစွဲလေး
လှုပ်ယမ်းလို့။

အ‌ဖေမတူ အ‌မေကွဲ / ‌ခေတ်‌နဲ့ရတဲ့သားသမီး‌တွေ / အားလုံးဟာ သူစိမ်း


(၁)
အရင်‌လိုပဲ‌တောင်းထဲကိုမ‌ရောက်‌တဲ့စက္ကူစုတ်‌က‌လေး‌ပေါ့။‌လေတိုက်‌တိုင်းလွင့်‌‌နေတဲ့
တိမ်တွေလို စည်းမဲ့ကမ်းမဲ့‌ဘဝမှာ‌ပျော်‌တယ်‌။ဘုရားသခင်‌ဖန်‌ဆင်း‌ပေးတာလား။
ဘယ်‌သူဘယ်‌ဝါရဲ့အမိန့်‌‌တော်‌လည်း။ကံ ကံဧ။်‌အလိုကျလား။‌

မားစ်ဂြိုဟ်မှ ကြိုဆိုပါ၏


ဗလာနယ်‌‌တွေထဲခုန်‌‌ပေါက်‌စီး‌မျော‌နေ။‌ရှေ့စာ‌ကြောင်းကို ‌နောက်‌ဝါကျ‌တွေက
လိုက်‌သတ်‌‌နေသလိုမျိုး အဓိပ္ပါယ်‌ဟာ ရသတစ်‌ခုဆီ အရည်‌‌ပျော်‌ကျလို့။
တိုင်းပြည်‌ကိုဘယ်‌လိုအလင်္ကာ‌တွေနဲ့ တန်‌ဆာဆင်‌မလဲ။ပြဒါးအသုတ်‌ခံထားရတဲ့
အမှန်‌တရား။‌ရှေ့လမ်းဆုံမှာ အတိဿယဝုတ္တိ နိုင်‌ငံ‌ရေး‌တွေ‌ပေါတယ်‌။
ဝိဘစ္ဆရသ ယဉ်‌‌ကျေးမှု‌တွေထွန်းကားတယ်‌။အနာ‌ဟောင်းကိုပြန်‌ဆွလို့ အနက်‌‌ရောင်‌

တစ်နေ့တာ

မနက်‌မိုးလင်း‌တော့
ကြိုးတန်း‌ပေါ်က တီရှပ်‌က ငါ့ကို ဂလစ်‌‌တွေထရွတ်‌တယ်‌။
ရှုပ်‌ပွ‌နေတဲ့ ‌ခေါင်း‌ထက်‌ကဆံပင်‌‌တွေလို ‌အောက်‌ဆီဂျင်‌နည်းပါးလွန်းတ့
အခန်းဟာ မြို့ရဲ့ဆင်‌‌ခြေဖုံးတစ်‌ခုထဲ အလိုက်‌သင့်‌ဝဲကျ‌လို့။
မ‌နေ့ညက နတ်‌သမီး‌လေးဟာ နံရံ‌ပေါ်ကပိုစတာကြီးလား။

ပတ်‌တီးကိုင်‌ထားရတဲ့ ပန်းပွင့်‌‌တွေဟာ သမိုင်း



လတ်တ‌လောအ‌ရေးအသားတွေ မိုက်တယ် ဒေသိယစကားအရ မှောင်တယ်လို့ လည်း ယူဆလို့ ရ။
မိဿလင်အယူအဆနဲ့ ဂျင်းစိမ်းအယူအဆ အပြိုင်စီးဆင်းလျှက်ရှိသော။ရှာနေရင်းတောင် ရှားရှားလာသော။
ဒီနေ့ အဖို့ ဖို့ ရန်ရှိသော။ ဟောခန်းနံရံမှာ'' ' ငါ' ကို ဖြုတ်ပါ ' လို့ ' ငါ' က ဝင်ရေးသွား။
ငါ့မျက်လုံး‌တွေကိုအ‌ရောင်းအဝယ်လုပ်ပါ။ ငါ့အကြည့်‌‌တွေကို ‌ဈေးဖြတ်ပါ။ ‌

ဂျာနယ်ဖတ်ရင်း တီဗွီကြည့်ရင်း လူ့အဖြစ်ကို Like ထိုင်လုပ်နေမိ


ဘာကိုမှ ဆက်‌စပ်‌တည်‌‌ဆောက်‌လို့မရတဲ့‌ခေတ်‌ကြီးထဲမှာ
Hybrid ပုံစံအသက်‌ရှင်‌မှုကို ‌ရွေးချယ်‌ခဲ့တယ်‌။အသားသက်‌သက်‌
အရိုးသက်‌သက်‌ဆိုလည်း မဖြစ်‌ဘူး။
လို‌နေတာက တစ်‌ခု။‌ရောက်‌‌နေတာက တစ်‌လမ်း။
‌ရေငုပ်‌မီးလှုံ ကိုယ်‌ဟာ အလိုလို‌နေရင်း တုန်းခုန်‌ဇယ်‌ခတ်‌။

ရန်‌ကုန်‌



‌လေယာဉ်‌‌ပေါ်ကဆင်းတာနဲ့ ဂျိုကာမျက်‌ခွက်‌နဲ့ သူ‌တောင်းစားသုံး‌ကောင်‌က
အရစ်‌ဇယားစခင်းတယ်‌။ဒိုင်‌လျှိုလေး မ‌လေးရှားရင်းဂစ်‌ ၁၀တန်‌မှာ အဝင်‌တုံးဟာ
ဖျတ်‌ခနဲ။`မင်းတို့‌တွေအဆင်‌‌ပြေမှ ငါတို့လည်းအဆင်‌‌ပြေမယ်‌´ တဲ့ မှန်‌လိုက်တဲ့ ‌ခွေး
ပါးစပ်‌က နတ်‌စကား။ဒါ အင်‌တာ‌နေရှင်‌နယ်‌‌လေဆိပ်‌။စိတ်‌ကိုတည်‌ငြိမ်‌‌အောင်‌ထား။
‌ခြေ‌လှမ်းကိုညင်‌သာစွာ‌ရွေ့။အ‌မေ့မျက်‌နှာငါ‌တွေ့ချင်‌လှပြီ။Taxi ပွိုင့်‌တစ်‌ခါမိတိုင်း

ဒိုင်‌ယာဇီပင်‌နဲ့ မာရှီနဲ့ ဆံပင်‌အရှည်‌နဲ့ ၁၉၉၆က ငါ့ လူငယ်‌ဘဝ


ဘာလာလာအကုန်‌ကစ်‌တယ်‌။အရာရာကို လက်‌မခံ/ခံချင်‌တဲ့အရွယ်‌။စမ်းတယ်‌။

လက်‌တည့်‌လည်းစမ်းလိုက်‌တာပဲ ဘာလာလာ။‌ရှော့ခ်‌‌တွေကို ‌ခေါက်‌ထား။

အိတ်ကပ်‌ထဲ‌ရေလန်းတာနဲ့ လူကလမ်း‌ပေါ်‌ရောက်‌‌နေပြီ။မုတ္တမဘူတာနားက ရထားသံ‌လမ်း‌တွေ

လိပ်ပြာအမှတ် ၄၊အခန်း ၇/ဒီ၊တိုက် ၁၃




ကြက်‌‌ခြေခတ်‌။    ။ ‌ဆေးလိပ်‌‌တွေ‌သောက်‌‌နေရတာကို ငါခုံမင်‌လာခဲ့တယ်‌။အ‌ငွေ့‌တွေကငါ့အ‌ဖော်‌ပဲ။
ငါ့ရိုးသားခြင်းဝတ်‌ရုံဟာ အခန်း‌ထောင့်‌မှာပြာကျ‌နေပြီ။အသက်‌ရှုခြင်းကလွဲလို့ ငါ့ခန္ဓာကိုယ်‌အစိတ်‌
အပိုင်း‌တွေအားလုံးဟာ တစစနဲ့‌ လောင်‌ကျွမ်း‌နေခဲ့။ငါဟာ ငါ့ကိုယ်‌ငါ အနုကြမ်းစီး‌နေတဲ့ တ‌စ္ဆေ

(၃၄)အဆန်


အငြိမ်မနေ မွေးကတည်းက ဆော့နေတဲ့ လက်တွေ
လှုပ်နေတဲ့ စိတ်တွေ အလျင်စလို လျှောက်နေတဲ့ ခြေထောက်တွေ
လိမ့်နေတဲ့ ဘီးတွေ

မင်္ဂလာပါ ဆရာကြီး


‌ခေတ်‌က ဆရာကြီး‌ခေတ်‌။ဒီ‌ခေတ်‌မှာအားလုံးဟာ ဆရာ‌ကောင်‌‌တွေချည်းပဲ။
ကြွပါဆရာ ကြွပါ ။ဟုတ်‌ကဲ့။ သင်္ချိုင်းကုန်းကို‌ပြောတာ။ဆရာကြီး‌ဒေါကန်‌။ ပြီး ။စစ်‌ထွက်‌