Saturday 26 November 2016

ကဗျာသင်္ချိုင်း


တုံးအောက်က ကဗျာဖား ၊ ဝါးလုံးခေါင်းထဲ သာနေတဲ့ကဗျာ ၊
ကဗျာဟောင်လို့ တောင်မရွေ့ ၊ ခွေးဟောင်လို့ ကဗျာမရွေ့ ၊ ကဗျာမြီးကောက်မှာ
လာစွပ်တဲ့ ကဗျာကျည်တောက် ၊ ကဗျာအာဏာရပါတီ ၊ ကဗျာအစိုးရ ၊

ကဗျာဝမ်းနာ ကဗျာသာသိ ၊ ဘူးဆိုရင် ကဗျာမသီးဘူး ၊ ကဗျာတပ်မတော် ၊
ကလေးကဗျာစစ်သား ၊ တစ်နေ့တစ်လံ ကဗျာဘယ်ရွေ့မလဲ ၊ တလုတ်စားဖူး
ကဗျာကျေးဇူး ၊ ကဗျာထီး ၊ ကဗျာမ ၊ ကဗျာဂေး ၊ သမုဒ္ဒရာ ဝမ်းကဗျာ ၊
မျက်မမြင်ပုဏ္ဍားခြောက်ယောက် စမ်းနေတဲ့ကဗျာ ၊ ကဗျာဗိုင်ဗရေးရှင်း ၊
ဥသျှစ်သီးကြွေတာကို မြေပြိုတယ်ထင်ပြီး ထွက်ပြေးတဲ့ကဗျာ ၊ စည်းကမ်းဖောက်လို့
ကဗျာနန်းပျောက် ၊ ခွဲစိတ်ပြုပြင်ထားသော ရင်သားကြီးကဗျာ ၊ ကဗျာဆာဂျရီ ၊
တောင်ပေါ်ကရှမ်းကလေး ကဗျာထမ်းလို့ပြေး တိုတဲ့ကဗျာကတို ရှည်တဲ့ကဗျာကရှည် ၊
ဘုန်းကြီးရူးနဲ့ ကဗျာလူး ၊ ကဗျာရူးနဲ့ လှေလူး ၊ ဂေါတ်တီးဂေါက်တောက် ကဗျာ ၊
ကဗျာတစ်ကောင်ရဲ့ ပြင်ပလက္ခဏာ ၊ ကဗျာ ဘာလဲ ဘယ်လဲ ၊ ကဗျာတောင်ပံကျိုးနဲ့
ကဗျာခံတွင်းပျတ် ၊ ရှမ်းကြိုက်ရင် ကဗျာချော ၊ ကဗျာဦးနတ် ၊ တပ်ပိုင်ကဗျာ ၊ ကဗျာရှင်မ ၊
ကဗျာ ၃၇မင်း ၊ ပင်လယ်ထဲလှေစီးပြီးထွက်လာတဲ့ ကဗျာ ၊ ကဗျာဒုက္ခသည် ၊
နိုင်ငံတကာ ကဗျာကယ်ဆယ်ရေး ၊ ခေတ်စားလာတဲ့ ကဗျာကုန်ကူးမှု ၊ စောက်ကဗျာ ၊
ဆက်စ်ကဗျာ ၊ ကဗျာနိုင်ငံတော်ကြီးထူထောင်ရေး ၊ ကြိုက်မရှက် ငိုက်မရှက် ကဗျာ ၊
ရိုကဗျာမန်းတစ်စ် ၊ အရက်မူးလို့ ကဗျာခိုးပေါ် ၊ ဘယ်ခွေးမှ ကဗျာမထင်ဘူး ၊ သခင်အားရ
ကဗျာပါးဝ ၊ ကဗျာသူတောင်းစား ၊ ကဗျာသူခိုး ၊ သူကဗျာခိုး ၊ ဗမာပြည်ကို ကဗျာကယ်မယ် ၊
ပန်းတိမ်မတတ်ပဲ ကဗျာခိုး ၊ ကဗျာမတတ်ပဲ ရွှေခိုး ၊ ကဗျာရင်းနာနာဖွတ် ၊ ပညာကဗျာတတ် ၊
ဆင်းရဲကဗျာသား ၊ ကဗျာကျွန် ၊ အိုဗာကဗျာစတေး ၊ ကဗျာနားနီးကဗျာ ၊ ကဗျာပေါ်ကထုံး ၊
ကဗျာအမတ် ၊ ကဗျာလွှတ်တော် ၊ နိုင်ငံကဗျာရေး ၊ ထောင်ကျနေတဲ့ကဗျာ ၊ ကဗျာအခွင့်အရေး ၊
ကဗျာသေကို ဆိတ်သားရေနဲ့မဖုံးနဲ့ ၊ ရွှေလမှာယုံဝပ်လို့ ကဗျာဖွတ်တဲ့ အဖိုးအို ၊
မရောင်ရာကဗျာလူး ၊ ကဗျာပိန်ရင် ကျွဲလောက်တော့ကျန်တယ် ၊ ကဗျာရေးဦးတည်ချက် လေးရပ် ၊
အရပ်ဆယ်မျက်နှာကဗျာပို့ ၊ ခါးသေးရင်ချီ ကဗျာ ၊ ပေမမှီ ဒေါက်မမှီ ကဗျာ ၊
ကဗျာခန္ဓာဗေဒ ၊ ၉၆ပါးကဗျာ ၊ ပစ္စည်းသင်္ခါရ ကဗျာ သင်္ခါရ ၊ အောင်ခြင်းကဗျာရှစ်ပါး ၊
၂၄ကဗျာပစ္စည်း ၊ ကိုရန်ကဗျာကျမ်း ၊ ဘုရားကဗျာသခင် ၊ ကဗျာပိန္နဲ ၊ လောက ကဗျာနတ် ၊
ကဗျာဗုဒ္ဓ ၊ ကဗျာကြီးလေးရပ် ၊ ကဗျာသေရင် ဘယ်သူတွေငိုမလဲ ၊ အမှိုက်ကဗျာပုံ ၊
ကဗျာလက်နက်တပ်ဆင်ရေး ၊ အဏုမြူကဗျာဗုံး ၊ ဂြိုဟ်ကဗျာသား ၊ ကြယ်ကဗျာစစ်ပွဲ ၊
ကဗျာဈေးနှုန်းကျဆင်းရေး ၊ ဒေါင်းယောင်ဆောင်သောကဗျာ ၊ ကဗျာဖြူ ကဗျာမဲ မခွဲခြားရေး ၊
ကိုးလလွယ် ဆယ်လဖွား ကဗျာ ၊ ကဗျာရဲ့အထက်မှာ ဘယ်သူရှိသလဲ ၊ ကဗျာဥပဒေပြဌာန်းရေး ၊
ကဗျာ အဘောရှင်း ၊ လစ်ဗင်းတူဂဲသားကဗျာ ၊ မျက်နှာကြီးရာ ကဗျာဖတ်ပါ ၊
ငါနဲ့ငါကြား ဗျာများနေဆဲ ကဗျာ ၊ ကွန်ကဗျာဒုံး ၊ မြစ်တစ်ခုထဲမှာ ရေနှစ်ခါသွားချိုးတဲ့ ကဗျာ ၊
နမိုးနီးယားမိလို့ ပရိကဗျာနိဗ္ဗာန် စံသွားပြီဆိုပဲ
ရဲရင့်လမင်း
19062015

No comments:

Post a Comment